အဓိပ္ပါယ်ဖွင့်ဆိုချက်
Alagille Syndrome (Alagile ရောဂါလက္ခဏာစု) ကဘာလဲ။
Alagile ရောဂါလက္ခဏာစုဆိုတာ မျိုးရိုးလိုက်တဲ့ ရောဂါဖြစ်ပြီး ကလေးငယ်တွေမှာ နာတာရှည် အသည်းရောဂါ ပုံစံနဲ့ဆင်တူ တွေ့ရပါတယ်။ ဒါပေမယ့် တခြား ကိုယ်တွင်းအင်္ဂါတွေမှာဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကတော့ အသည်းနဲ့ သည်းခြေလမ်းကြောင်းရောဂါ လက္ခဏာတွေနဲ့ ကွဲပြားမှု ရှိပါတယ်။ အထူးသဖြင့် Alagile ရောဂါလက္ခဏာစုဟာ နှလုံး၊ မျက်စိ၊ အရိုးတည်ဆောက်ပုံဆိုင်ရာ လက္ခဏာတွေနဲ့ ထူးခြားတဲ့ မျက်နှာသွင်ပြင်တွေနဲ့ ဆက်စပ်နေပါတယ်။ သွေးကြောများနဲ့ ကျောက်ကပ်တွေဟာလည်း အနည်းငယ်ပါဝင်ပါတယ်။