home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မုတ်သုံရာသီမှာ ဆံပင်လေးတွေပုံကျလှပစေချင်တယ်ဆိုရင်

မုတ်သုံရာသီမှာ ဆံပင်လေးတွေပုံကျလှပစေချင်တယ်ဆိုရင်

မိုးေတွရွာရင်ပျော်စရာကောင်းတယ်နော်။ မိုးရာသီက စိုက်ပျိုးရေးကိုအားကိုးထားရတဲ့မြန်မာနိုင်ငံအတွက်အရေးပါတဲ့ ရာသီတစ်ခုပေါ့။ မုတ်သုံစဝင်ရင် အရင်ဆုံးခံစားမိတာတစ်ခုကနွေရာသီတစ်လျှောက် ပူပြင်းခဲ့သမျှ အပူဒဏ် သိသိသာသာလျော့ကျသွားတာပါ။ မိုးရာသီက အနုပညာသမားတွေအတွက်တော့တွေးလို့ကောင်းဆွေးလို့ကောင်းတဲ့အချိန်ပေါ့။ စိတ်ကူးယဉ်ဆန်တဲ့လေဒီတို့အတွက်လည်းပျော်စရာကောင်းတဲ့ အခိုက်အတန့်ပါ။

ဒါပေမယ့် တိုးတက်လာမှုနဲ့အတူ ကပ်ပါလာတဲ့လေထုညစ်ညမ်းမှုတွေကြာင့် မိုးရေတွေရဲ့ သန့်စင်မှု ကလည်း အားနည်းသွားခဲ့ပါပြီ။ ဒါကြောင့် မိုးရာသီမှာ စိတ်ကူးယဉ်ဆန်ဆန်နဲ့ မိုးရေထဲ ထီးမဆောင်းဘာမဆောင်းနဲ့လျှောက်မသွားဖို့ပြောပါရစေ။ မိုးရေထဲမှာပါလာတဲ့ ဓါတ်အချို့က ဆံသားတွေကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ပါ။ခေါင်းကို မိုးရေစိုရင် ချက်ချင်းဖြစ်လာနိုင်မယ့် အကျိုးဆက်က ဆံပင်ကျွတ်တာပါ။ မိုးရေတွေ ဦးရေပြားကို ထိတွေ့တဲ့အခါ ဦးရေပြားကိုခြောက်သွေ့မှုဖြစ်စေပြီး ဆံပင်ကျွတ်တာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုလိုမျိုး မိုးတွေရွာနေတဲ့ မုတ်သုံရာသီမှာ ဆံသားတွေကို ဂရုစိုက်ပေးသင့်ပါတယ်။

မုတ်သုံနဲ့ဆံသား

စိတ်ကူးယဉ်စရာကောင်းတဲ့ မုတ်သုံမှာ လတ်ဆတ်သင်းပျံ့တဲ့ရနံ့လေးရှိတဲ့ ဆံသားလေးတွေပိုင်ဆိုင်ချင်ကြလားလေဒီတို့… ဒီလိုရင်တော့ အရင်ဆုံးလုပ်ရမှာက ဆံသားတွေကို မိုးမစိုအောင်ထိန်းသိမ်းရမှာပါ။ မုတ်သုံမှာ ဆံကေသာကို အခြားရာသီတွေထက် ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ မုတ်သုံရာသီမှာ စိုစွတ်နေတဲ့မိုးရေက ဦးရေပြားကို သန့်ရှင်းမှုအားနည်းစေပြီး ဦးရေပြားကိုလည်းခြောက်သွေ့စေနိုင်ပါတယ်။ ဒီလိုအခြေအနေက ဦးရေပြားမှာဗောက်ထတာ၊ ဆံပင်ကျွတ်တာနဲ့ခေါင်းကအနံ့ဆိုးထွက်တာ၊ ဦးရေပြားအဆီပြန်တာအပြင် အမျိုးမျိုးသော ဆံသားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုတ်သုံရာသီတစ်ခုလုံးမှာ အနံ့ဆိုးကင်းပြီး ပုံကျလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ဆိုရင် အခုပြောပြမယ့်နည်းတွေက အသုံးတည့်မှာပါ။

လတ်ဆတ်သင်းပျံ့လှပနေတဲ့ ဆံကေသာပိုင်ရှင်လေဒီလေးဖြစ်ဖို့

Antibacterial shampoo သုံးပြီးခေါင်းလျှော်ပါ

မိုးရာသီမှာ ဦးရေပြားကအဆီထွက်တာကြောင့် ဆံပင်တွေက စီးကပ်နေတာမျိုး၊ ဦးရေပြားမှာ ကပ်နေတာမျိုးကြုံရနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မာ့် အကောင်းဆုံးနည်းလမ်းက ဆံပင်ကို ပုံမှန်လျှော်ပေးဖို့ပါ။ မိုးရေကြောင့် ဦးရေပြားမှာ မှိုပိုးကူးစက်တာနဲ့ ဘက်တီးရီးယားေတွပေါက်ဖွားတာမျိုးမဖြစ်စေဖို့အတွက်ဆိုရင်antibacterial shampoo သုံးပြီး တစ်ပတ်ကို နှစ်ကြိမ်ခေါင်းလျှော်ပေးပါ။

ခေါင်းလျှော်ပြီးတိုင်းConditioner သုံးပေးပါ

မိုးရေထဲမှာ အက်ဆစ်ဓါတ်ပါဝင်နေနိုင်သလို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလည်း ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့်ခေါင်းလျှော်ပြီးတိုင်းconditioner သုံးပေးပါ။ ဆံသားကို သဘာဝ ဒဏ်တွေကနေ ကာကွယ်ပေးနိုင်စေဖို့ပါ။ မိုးရေကြောင့် ဆံသားပျက်စီးမှုကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုပေါ့။ ဆံသားကိုကာကွယ်ပေးရုံတင်မက ဆံသားရဲ့ ရနံ့ကိုပါကောင်းမွန်စေမှာပါ။ သတိထားရမှာ တစ်ချက်ကconditioner သုံးပြီးတိုင်း ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။

ဆံသားနဲ့သင့်တော်မယ့် ဘီးကိုရွေးချယ်ပါ

မိုးရာသီမှာ ဆံပင်ကို ဘီးကျဲနဲ့ဖြီးသင်တာကအကောင်းဆုံးပါ။ ရှုပ်ထွေးနေတဲ့ ဆံပင်ကို ရှင်းလင်းဖြီးသင်ရာမှာ အဆင်ပြေသလို ဆံပင်ကျွတ်တာကို သက်သာစေမှာပါ။ ဒါကြောင့် ဆံပင်ကို ဘီးကျဲနဲ့ဖြီးသင်ပါ။

အာဟာရမျှတအောင်စားသုံးပေးပါ

ဆံပင်တွေကျန်းမာသန်စွမ်းစေဖို့အတွက် အစာအာဟာရကိုလည်း သင့်တင့်မျှတအောင်စားသုံးပေးဖို့လိုအပ်ပါမယ်။ ခန္ဓါကိုယ်က အာဟာရကိုလိုအပ်သလို ဆံသားတွေကျန်းမာဖို့လည်း ပရိုတင်း၊ဗီတာမင် နဲ့ သတ္တုဓါတ်တွေလိုမျိုး အာဟာရဓါတ်တွေကို လိုအပ်မှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ မက်ကာရယ်၊ ဆယ်လ်မွန်၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ သစ်ကြားသီး လိုမျိုး အစားအစာတွေကို ပါဝင်အောင်စားသုံးပေးရင် အသင့်တော်ဆုံးပါ။

မိုးရာသီမှာ ဆံသားတွေကျန်းမာလှပစေဖို့ လိုက်နာရမယ့် အချက်အချို့

  • ဆံပင်တွေရေစိုလာရင်လျှော်ပါ။
  • ဦးရေပြားကို မိုးရေစိုအောင်မထားပါနဲ့။
  • ဆံပင်ကို စိုနေတုန်း စည်းနှောင်တာမျိုး မလုပ်ပါနဲ့။
  • ရေများများသောက်ပြီး ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးပါ။
  • တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ် အများဆုံး ၃ ကြိမ်ခေါင်းလျှော်ပေးပါ။
  • ဆံပင်နည်းနည်းလောက်ကျွတ်တာကို မစိုးရိမ်ပါနဲ့။ ဆံပင်တွေက နည်းနည်းတော့ ကျွတ်စမြဲပါ။
  • မိုးရေထဲသွားတဲ့အခါ ထီး၊ မိုးကာဆောင်းဖို့ မမေ့ပါနဲ့။
  • မိုးရာသီမှာ ဆံပင်ဖြောင့်တာ၊ကောက်တာတွေကိုဖြစ်နိုင်ရင်မလုပ်ပါနဲ့။ ဆံသားထိခိုက်မှုက အခြားအချိန်တွေထက် ပိုဆိုးနိုင်လို့ပါ။
  • ခေါင်းမလျှော်ခင်မှာခေါင်းကိုဆီလိမ်းပြီး နှိပ်နယ်ပေးပါ။
  • ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။
  • ဆံပင်စိုနေတုန်းခေါင်းမဖြီးပါနဲ့။
  • ဆံပင်ကို Dryers သုံးပြီး အခြောက်ခံတာမျိုးမလုပ်ပါနဲ့။

အခုပြောခဲ့တဲ့ အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး စိတ်ကူးယဉ်စရာကောင်းတဲ့ မိုးရာသီမှာ သင်းပျံ့တဲ့ဆံနွယ်လေးတွေနဲ့ စတိုင်ကျကျလှပနိုင်ကြပါစေလေဒီလေးတို့ရေ……

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

4 Essential Hair Care Tips You Need To Follow During The Monsoonhttps://swirlster.ndtv.com/beauty/4-essential-hair-care-tips-you-need-to-follow-during-the-monsoon-1874028 Acessed Date 14 August 2018

How to take care of hair during monsoon / rainy season for womenhttps://beautyhealthtips.in/monsoon-hair-care-best-monsoon-hair-care-tips-for-women/Acessed Date 14 August 2018

10 Essential Hair Care Tips For Monsoon That You Can Surely Count Onhttps://www.rewardme.in/beauty/hair/article/10-must-know-hair-care-tips-to-survive-monsoonAcessed Date 14 August 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။