backup og meta

ဝက်ခြံအမာရွတ်များကို ကာကွယ်ပေးသည့် အစားအစာ ၅ မျိုး

သင်စားနေသော အစားအစာများသည် သင့်ကျန်းမာရေးနှင့် ရုပ်ရည်သွင်ပြင်ပေါ်ကို များစွာအကျိုးသက်ရောက်မှုရှိပါသည်။ သင့်တွင်ဝက်ခြံ၊ ဝက်ခြံအမာရွတ်များရှိပါက ဠင်းတို့ကို ကာကွယ်ရန်နှင့်ကုသရန် နည်းလမ်းများကို သင်သိချင်နေပါလိမ့်မည်။

အောက်ပါအစားအစာ ၅ မျိုးသည် သင့်အတွက် အမာရွတ်များကို သက်သာစေမည့် အစားအစာများဖြစ်ပါသည်။

(၁) ဗီတာမင် စီ

ဗီတာမင် စီသည် ဓါတ်တိုးဆန့်ကျင်ပစ္စည်း တမျိုးဖြစ်သည်။ ၎င်းသည် သင့်ကို အနာကျက်စေပြီးခန္ဒါကိုယ်ရှိကြွက်သားများနှင့် တစ်သျုးများကို အကျိုးပြုပေးသည်။ ထို့အပြင် ဝက်ခြံကြောင့် ပျက်စီးသွားသော သင့်အသားရေကို အနာမြန်မြန်ကျက်စေရန် ကူညီပေးသည်။

အနာမကျက်ပဲ အနာရင်းနေပါက သင့်အမာရွတ်များကို ပိုဆိုးသွားစေနိုင်သည်။ ဗီတာမင် စီသည် အရေပြားကိုတင်းရင်းစေသော ချောမွေ့စေသော ကော်လဂျင်ဓါတ်ကို ပိုထုတ်ပေးသည်။ ဗီတာမင် စီကို အသီးအနှံ အတော်များများတွင်တွေ့နိုင်သည်။

ချဉ်သော အသီးများသည် ဗီတာမင် စီ ဓါတ်ကြွယ်ဝသည်။

  • ဥပမာ- လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး၊ စပျစ်သီး။ အသီးများကိုစားခြင်း၊ အသီးဖျော်ရည်သောက်ခြင်းတို့ပြုလုပ်နိုင်သည်။
  • ဘယ်ရီသီးအမျိုးမျိုး – ဥပမာ စတော်ဘယ်ရီ၊ ခရန်ဘယ်ရီ၊ ခရန်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ။
  • အခြားသော အသီးများ – ဥပမာ ဖရဲသီး၊ သရက်သီး၊ နာနတ်သီး။
  • ခရမ်းချဉ်သီး၊ ငရုတ်ပွသီး ၊ ပန်းစိမ်း စသည့် ဟင်းသီးဟင်းရွက်များ။

(၂) ဗီတာမင် အေ

ဗီတာမင် အေသည် အရေပြားနှင့် ချွဲလွှာများကို အားဖြည့်ပေးသည့်အပြင် အသားအရေကို တင်းရင်းစေသော ကော်လဂျင်ဓါတ်ကိုလည်း ပိုမြင့်စေသည်။ ဗီတာမင် အေသည်ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီးအနာကျက်လည်းမြန်စေသည်။

ဗီတာမင် အေကို အချို့သောအစားအစာများ၊ ဟင်းသီးဟင်းရွက်များနှင့် နို့များတွင်တွေ့ရသည်။

  • ကိုက်လန်၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်ကဲ့သို့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
  • မုန်လာဥ၊ ခရမ်းချဉ်သီးနှင့် ငရုတ်ပွသီး စသော အနီရောင်၊ အဝါနှင့် လိမ္မော်ရောင် ဟင်းသီးဟင်းရွက်များ။

သို့သော် တနေ့လျှင် ဗီတာမင် အေကို လိုအပ်သည်ထက်ပိုစားခြင်းသည် မကောင်းပါ။

(၃) ဇင့်ဓါတ်

သင့်ခန္ဒါကိုယ်တွင် ဇင့်ဓါတ်ကြွယ်ဝစွာရှိနေလျှင် ဝက်ခြံနှင့် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ပါသည်။ ဠင်းသည် ဝက်ခြံခဏခဏ ဖြစ်ပွားမှုကိုလည်းလျှော့ချပေးသည်။ ဇင့်ဓါတ်ကို ကြက်ဆင်သား၊ ဗာဒံစေ့နှင့် ဂျုံများတွင်တွေ့နိုင်သည်။

(၄) ရေ

သင့်ခန္ဒါကိုယ်တစ်သျုးများကို ရေဖြင့်အများဆုံးဖွဲ့စည်းထားသည်။ ရေသည် သင့် အရေပြားအတွက်သာမက သင့်ခန္ဒါကိုယ်တွင်လုပ်ဆောင်နေသော လုပ်ငန်းဆောင်တာများအတွက်အလွန်အရေးပါသည်။

ရေလုံလောက်စွာသောက်ပါက သင့် အသားရေကို နုပျိုစေပြီး အဆိပ်အတောက်များကိုလည်း ကင်းစင်စေသည်။ သင့်ကို အနာကျက်မြန်စေရန် လည်း ကူညီပေးသည်။ ရေများများသောက်ပါက သင့် ဝက်ခြံအမာရွတ်များကို မြန်မြန်ကျက်စေပြီး အမာရွတ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ သင်သည် ရေကို ရေဆာချိန်တွင်သာမက တနေ့ပတ်လုံးသောက်သင့်သည်။ ရေဆာချိန်တွင်မှသောက်ပါက သင့်ကိုရေများများသောက်မိစေပြီး ပိုလျှံနေသောရေများသည် ဆီးအဖြစ်ပြောင်းလဲကာ ဆီးခဏခဏသွားစေမည်ဖြစ်ပါသည်။

(၅) အိုမီဂါ ၃ အဆီဓါတ်

အိုမီဂါ ၃ အဆီဓါတ်သည် ရောင်ရမ်းမှုကို လျော့ကျစေပြီး ဝက်ခြံအမာရွတ်များကို ကျက်စေကာကျန်းမားသော ပုံမှန်အသားအရေကို ပြမ်လည်မွေးဖွားပေးသည်။ အိုမီဂါ ၃ အဆီဓါတ်ကို ငါးများမှရရှိသော်လည်း ဆဲလ်မွန်၊ မက်ကရယ်၊ တူနာ နှင့် ဆာဒင်း စသည့် ငါးများတွင် အိုမီဂါ ၃ အဆီဓါတ်ကြွယ်ဝစွာပါဝင်ကြောင်းတွေ့ရသည်။

အိုမီဂါ ၃ အဆီဓါတ်ကို ဗာဒံစေ့၊ နေကြာစေ့စသည့် အစေ့အဆန်များတွင်လည်းတွေ့နိုင်သည်။

အချုပ်ဆိုရသော် သင်စားသော အစားအစာများသည် သင့်အသားအရေကို ထင်ဟပ်စေပါသည်။

ဝက်ခြံအမာရွတ်များကို ကာကွယ်ရန် အထက်ဖော်ပြပါ အစားအစာများကို စားသုံးသင့်သည်။ ၎င်းတို့သည် သင့်အမာရွတ်များကို သက်သာစေရုံသာအက အနာကျက်မြန်စေကာ သင့်အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုပေလိမ့်မည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Healthy Diet, Healthy Skin. http://www.webmd.com/skin-problems-and-treatments/acne/features/diet-and-skin#2. Accessed December 26, 2016.
2. Foods That Help Heal Scars. http://www.livestrong.com/article/204602-how-to-remove-burn-scars-from-my-skin/. Accessed December 26, 2016.
3. Supplement Speeds Wound Healing. http://www.webmd.com/skin-problems-and-treatments/news/20040708/supplement-speeds-wound-healing#2. Accessed December 26, 2016.
Getting Too Much of Vitamins And Minerals. http://www.webmd.com/diet/guide/effects-of-taking-too-many-vitamins#1. Accessed December 26, 2016.

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား

အပ်မသုံး မီဆိုကုထုံး နှင့် ဝက်ခြံများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။