home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကို မကျွေးသင့်ဆုံး အစားအစာ (၁၀) မျိုး

ကလေးကို မကျွေးသင့်ဆုံး အစားအစာ (၁၀) မျိုး

သွားပေါက်လာတဲ့အရွယ် ရောက်လာတာနဲ့ပဲ နို့နဲ့ထမင်းအပြင် တခြားအစာတွေ ဘာမဆိုမိတ်ဆက်ကျွေးကြည့်ဖို့ မစဉ်းစားလိုက်ပါနဲ့။ နုနယ်တဲ့ ကလေးတွေရဲ့ခန္ဓါကိုယ်ထဲကိုရောက်မယ့် အစားအသောက်တွေကဘေးအန္တရာယ်ကင်းရှင်းနေသင့်ပါတယ်။ အထူးသဖြင့် ကလေးကို ဒီအရာတွေ မကျွေးပါနဲ့။

(၁) ပြုပြင်စီမံထားတဲ့အစားအစာ- ပြုပြင်စီမံထားတဲ့အစားအစာတွေမှန်သမျှဟာဓါတုပစ္စည်းနဲ့မကင်းကြပါဘူး။တာရှည်ခံစေဖို့၊အရောင်အဆင်းမပျက်ဖို့၊အနံ့ကောင်းဖို့သုံးတဲ့ဓါတုပစ္စည်းတွေပါဝင်နေတတ်သလိုအငန်ဓါတ်ပါဝင်မှုများတတ်ပါတယ်။ဒါတွေကကလေးရဲ့နောက်ပိုင်းအသက်အရွယ်တွေမှာအဝလွန်တာ၊နှလုံးသွေးကြောကျဉ်း၊ဆီးချိုသွေးချို၊လေဖြတ်ခြင်း၊ကင်ဆာရောဂါတွေလိုဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာစေပါလိမ့်မယ်။ကလေးရဲ့အစာအာဟာရထဲမှာလတ်ဆတ်ပြီးအာဟာရပြည့်တဲ့အစားအစာတွေသာပါဝင်ပါစေ။

(၂) အသင့်စားခေါက်ဆွဲ- ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲပြုတ်နဲ့ တ နေအောင်လို့ကလေးကိုအစမလုပ်ပါနဲ့။မစားရမနေနိုင်အောင်အနံ့လေးမွှေးကြိုင်နေတတ်တဲ့အသင့်စားခေါက်ဆွဲတွေဟာဖွံ့ဖြိုးကာစကလေးတွေရဲ့ခန္ဓါကိုယ်ထဲရောက်သွားတဲ့အခါဘာဖြစ်လာမယ်ထင်ပါသလဲ။သူတို့တွေမှာဗီတာမင်ေတွ၊အာဟာရတွေဘာမှမပါတဲ့အပြင် –

  • အသွင်ပြောင်းဆီ(transfats) တွေ၊
  • ဖယောင်း(ကလေးတွေပုံမှန်စားသုံးမိရင်အသည်းထိခိုက်နိုင်တယ်)၊
  • Propylene glycol ( ခေါက်ဆွဲသားကိုအစိုဓါတ်ထိန်းနိုင်ဖို့သုံးတဲ့ဓါတုပစ္စည်း၊ဒါပေမယ့် နှလုံး၊အသည်း၊နဲ့ ကျောက်ကပ်တို့မှာ မြန်မြန်ဆန်ဆန်စုလာပြီးထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် အန္တရာယ်ကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်)
  • အချိုမှုန့်( MSGလို့ခေါ်တဲ့အချိုမှုန့်တွေအများကြီးပါတတ်လို့ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်သက်ရောက်မှုကြီးမားပါတယ်)၊
  • အငန်ဓါတ်
  • တခြားအန္တရာယ်ရှိဓါတုပစ္စည်းတွေ (ခေါက်ဆွဲထုပ်ပိုးတဲ့ပလတ်စတစ်၊ဘူးတွေမှာDioxinနဲ့တခြားဓါတုပစ္စည်းတွေပါရှိတတ်လို့အပူနဲ့ထိတွေ့တဲ့အခါဒီဓါတ်တွေထွက်လာပြီးအရေးကြီးကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေပါတယ်။ကင်ဆာရောဂါအထိဖြစ်စေနိုင်လို့သိရပါတယ်) တွေပါဝင်လို့ထိခိုက်နစ်နာမှုများပါလိမ့်မယ်။

(၃)အသီးဖျော်ရည် –အသီးလတ်လတ်ဆတ်ဆတ်တွေပဲအာဟာရဖြစ်တယ်ဆိုပြီးစွတ်မကျွေးပါနဲ့။လိုအပ်တဲ့ဗီတာမင်ဓါတ်တွေပေးနိုင်တယ်ဆိုပေမယ့်ကလေးကိုအသီးဖော်ျရည်တစ်နေ့ကို လေးအောင်စထက် ကျော်ပြီးမတိုက်သင့်ဘူးလို့ဆရာဝန်တွေအကြံပေးလေ့ရှိပါတယ်။သကြားသာထည့်ရင်အချိုစားသုံးမှုများစေပြီးအသီးချည်းဖျော်မယ်ဆိုလည်းပုံမှန်သစ်သီးစားတာထက်ပမာဏပိုများနိုင်တာကြေင့်မသင့်တော်ပါဘူး။တန်ဆေးလွန်ဘေးဆိုသလိုသစ်သီးဖျော်ရည်သောက်တာများရင်ဝမ်းပျက်စေနိုင်တယ်၊အချိုများရင်အဝလွန်စေနိုင်တယ်။တစ်ခါတလေပဲတော်သင့်ရုံတိုက်ပါ။သစ်သီးတွေကိုပဲအချိုပွဲအဖြစ်တစ်နေ့နည်းနည်းပြင်ဆင်ကျွေးပါ။

(၄)အချဉ်ထုပ်နဲ့ယို- အချဉ်ထုပ်၊ဆီးထုပ်တွေနဲ့ယိုတွေသိပ်မစားပါစေနဲ့။အရောင်ဆိုးဆေးတွေ၊ ဆေးသကြားတွေ၊အရသာအတုတွေကနုနယ်တဲ့ကလေးတွေအတွက်လုံးဝမသင့်တော်တဲ့အရာတွေပါ။သကြားနဲ့သန့်သန့်ထိုးထားတဲ့ယိုတွေဆိုရင်တောင်မှအချိုစားတာများရင်သွားပိုးစားမယ်၊အဝလွန်မယ်၊ဆီးချိုသွေးချိုစိုးရိမ်ရမယ်ဆိုတော့ချင့်ချိန်ကျွေးပါ။ကလေးကပူဆာတိုင်း ကျေနပ်အောင်ဝယ်မကျွေးကြဖို့ပါ။

(၅)အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်လောက်တဲ့စားစရာ- ကလေးဆိုတော့သွားပေါက်ကာစအရွယ်မှာ ဘာပဲစားစားတကိုက်ပဲကိုက်ချလိုက်မှာ၊မဝါးနိုင်ရင်မျိုချပစ်မှာစိုးရပါတယ်။ ဒါ့ကြောင့်အသက်ရှူလမ်းကြောင်းမှာပိတ်ဆို့စေနိုင်လောက်တဲ့အစားအစာ၊အရွယ်အစား တွေကိုမကျွေးပါနဲ့။ဥပမာသကြားလုံးကိုအလုံးလိုက်မစားပါစေနဲ့၊ကိုက်ခွဲပြီးမှကျွေးပါ။အစေ့အဆန်ေတွ၊ပီကေ၊ဂျယ်လီအမာလေးတွေကိုလည်းမကျွေးပါနဲ့ဦး။

(၆) ကော်ဖီနဲ့လက်ဖက်ရည်- ကလေးအတွက်ကကဖင်းပါတဲ့ဘယ်သောက်စရာကမှမသင့်တော်ပါဘူး။လူကြီးတွေ ကော်ဖီသောက်ချိန်မှာလာတောင်းလို့နည်းနည်းခွဲတိုက်တာမျိုးလည်းအကျင့်မလုပ်ပါနဲ့။လက်ဖက်ရည်မှာပါတဲ့ tanninဓါတ်ကအစားအစာတွေထဲကနေသံဓါတ်စုပ်ယူနိုင်စွမ်းကိုဟန့်တားနိုင်ပါတယ်။ကဖင်းဓါတ်ရဲ့သက်ရောက်မှုတွေကကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေအတွက်မကောင်းတာကြောင့်အားဖြည့်အချိုရည်အပါအဝင်၊ ကော်ဖီ၊လက်ဖက်ရည်တွေမတိုက်ကျွေးသင့်တာဖြစ်ပါတယ်။ မဖြစ်မနေစိတ်ကျေနပ်အောင်လုပ်ပေးချင်တယ်ဆိုရင်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမယ့် နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။

(၇)အသင့်အမြန်စားအစားအစာ- ဘာဂါ၊ပီဇာ၊ဆီကြော်အစားအစာတွေကအငန်ဓါတ်၊အချိုဓါတ်တွေများတဲ့အပြင် ပြည့်ဝဆီတွေများမယ်ဆိုတာလည်း ပြောစရာလိုမယ်မထင်။ကလေးတွေအတွက်ဘယ်လိုသင့်တော်ပါ့မလဲ။ဒါတွေကျွေးချင်တယ်ဆိုကျန်းမာရေးနဲ့ပိုညီစေမယ့်ပုံစံနဲ့အိမ်မှာကိုယ်တိုင်လုပ်ကျွေးပါ။ပါဝင်ပစ္စည်းတွေ၊ ပမာဏတွေအတိုးအလျှော့လုပ်လို့ရတယ်လေ။

(၈)မုန့်အချို –အချိုစားတာများလွန်းရင်ကလေးတွေရဲ့သွားကြွေလွှာကိုပျက်စီးစေတယ်။သကြားလုံးတွေကလည်ချောင်းမှာတစ်ဆို့နိုင်တဲ့ အန္တရာယ်ရှိတဲ့အပြင်တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။စတော်ဘယ်ရီ၊ဖရဲသီးစတဲ့အသီးအနှံတွေနဲ့ ရေခဲမုန့်လုပ်ကျွေးတာ၊မုန့်လုပ်ကျွေးတာမျိုးနဲ့အချိုတွေဝယ်မစားအောင်အစားထိုးပါ။

(၉)အချိုရည် –အချိုရည်တွေမှာပါတဲ့အက်စစ်ဓါတ်ကကလေးရဲ့သွားတွေကိုထိခိုက်စေတယ်၊အချိုပါဝင်မှု၊ဓါတုပစ္စည်း၊ဂက်စ်ပါဝင်မှုများတဲ့အတွက်ကလေးရဲ့ခန္ဓါကိုယ်ထဲရောက်တဲ့အခါဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ကလေးတွေ နှစ်နှ်စ်ခြိုက်ခြိုက်မအိပ်တာ၊ဂနာမငြိမ်နိုင်တာ၊ခဏခဏစိတ်မကြည်တာတွေလည်းဒီအချက်ကြောင့်ပါတာပေါ့။အသေချာဆုံးကတော့ဒီအချိုရည်တွေထဲမှာကလေးအတွေက်လိုအပ်တဲ့အာဟာရဓါတ်တွေတစ်ခုမှမပါပါဘူး။

(၁၀)အတု-အရသာတု၊သကြားအတု၊အရောင်အတု(ဆိုးဆေး) တွေကဘာအတွက် ကောင်းကျိုးရှိမယ်ထင်ပါသလဲ။ ဆေးသကြားပါတဲ့၊ဆိုးဆေးပါတဲ့အစားအသောက်မှန်သမျှကိုကလေးရဲ့ဗိုက်ထဲမရောက်စေဖို့စောင့်ကြည့်ဖယ်ရှားပေးပါ။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။