backup og meta

အုန်းသီးစားရင်း ရမယ့် အသားအရေ လှပမှု

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ရပ်အနေနဲ့ အားလုံးက နှစ်ခြိုက်သဘောကျစွာ အသုံးပြုခဲ့ကြတဲ့ သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။ သူက အသားအရေအတွက်သာမက ဆံသားအတွက်ပါ အထောက်အကူပြုပါတယ်။ ဒါကတော့ အရသာရှိလှတဲ့ အုန်းသီးစား တာပဲ ဖြစ်ပါတယ်။

အုန်းသီးစားရင်း ရမယ့် အသားအရေ လှပမှု

အုန်းသီးကို အုန်းသီး အစိတ်လိုက် ထန်းလျက်နဲ့စားတာ၊ မုန့်တွေအပေါ်ကနေ ဖြူးစားတာ၊ အုန်းဆီချက်ပြီး မုန့်တွေနဲ့ တွဲစားတာ၊ အုန်းနို့ကို မုန့်လုပ်တဲ့အခါ ထည့်သွင်း အသုံးပြုတာဆိုပြီး နည်းအမျိုးမျိုးနဲ့ စားကြပါတယ်။

ဒီလို စားသုံးရတာ အရသာရှိလှတဲ့ အုန်းသီးက ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပေးသလို အသားအရေကိုလည်း လှပစေပါတယ်။ ဒီတော့ စားလို့ကောင်းတဲ့ အုန်းသီးလေးက အသားအရေကို ဘယ်လိုများ လှပစေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အုန်းသီးစားရင်း ရမယ့် အသားအရေလှပမှု

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

အုန်းသီးစားရင်း ရမယ့် အသားအရေ လှပမှု က

အုန်းဆီက ကော်လာဂျင် ထွက်ရှိမှုကို မြှင့်တင်ပေးပြီး အရေပြားဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ အရေပြားကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။

အရေပြားကို ထိခိုက်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေး​ပြီး အရွယ်မတိုင်ခင် အိုးမင်းမှုမဖြစ်အောင် ကူညီပေးပါတယ်။

အရေပြားတွေက ခြောက်သွေ့ကွဲအက်နေတယ်ဆိုရင်တော့ အုန်းသီးလေးက အကောင်းဆုံး သက်သာစေမယ့် သဘာဝဆေးနည်းပါ။ အုန်းသီးစား ပေးလို့ရသလို အုန်းဆီကို အရေပြားပေါ် တိုက်ရိုက်လိမ်းပေးတာက အရေပြားကို အစိုဓာတ်ထိန်းပေးပြီး ခြောက်သွေ့မှုကြောင့် အသားအရေ ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီက အရေပြားပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို စိုစိုအိအိလေး ဖြစ်စေမှာပါ။ အုန်းသီးက အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။

အုန်းသီးက အသားအရေကို ထိခိုက်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ၂၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အသားအရေကို အစိုဓာတ် ထိန်းပေးသလို နေလောင်တာကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပြီး အရေပြားကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေလေးကြည်လင်ပြီး လှပချင်ရင်တော့ အုန်းသီးစား ပေးတာက အကောင်းဆုံးပါ။ အုန်းသီး၊ အုန်းရည်နဲ့ အုန်းဆီတွေက အသားအရေကို ကျန်းမာစေပြီး ကြည်လင်ဝင်းပစေနိုင်ပါတယ်။

အုန်းသီးက အရေပြားကို အောက်ဆီဂျင် ရရှိမှု တိုးစေနိုင်ပါတယ်။ အရေပြားပေါ်မှာ အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင် အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး အသားအရေကို ကြည်လင်လှပစေမှာပါ။

အုန်းရည်က အရေပြားပေါ်က အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်သလို၊ ဝက်ခြံအမာရွတ်တွေနဲ့ အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။

သန့်စင်ထားတဲ့ မျက်နှာပေါ်ကို အုန်းရည် လိမ်းပြီး မိနစ်အနည်းငယ်ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးချပြီး မျက်နှာကို ခြောက်အောင်သုတ်လို့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု လိမ်းပေးပါ။ အဆီပြန်တာကို သက်သာစေသလို အဆီနဲ့ ဘက်တီးရီးယားတွေကြောင့် ဝက်ခြံဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကဲ…… အုန်းသီးလေးစား။ အုန်းရည်လေးသောက်ရင်း အသားအရေကို ထိန်းသိမ်းလိုက်စို့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Skin & Health Benefits of Having Coconuts https://barealchemy.com/blogs/news/7-skin-health-benefits-of-having-coconuts Accessed Date 22 December 2020

Is Raw Coconut Good for Skin? https://oureverydaylife.com/523145-is-raw-coconut-good-for-skin.html Accessed Date 22 December 2020

ယခုပုံစံ

17/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများ ။ ။

အုန်းနို့က ကျန်းမာရေးအတွက် ဆိုးကျိုးပေးတယ်ဆိုတာ ဟုတ်ရဲ့လား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။