backup og meta

အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများ ။ ။

    ဒီလို ပူပြင်းတဲ့ေနွရာသီ လမ်းမပေါ်မှာ အုန်းရည်ေရာင်းတဲ့ လှည်းလေးတွေ အများကြီးတွေ့ရတတ်တယ်နော်။ ကိုယ်ဝယ်မှ အုန်းသီးကို ခုတ်ပေးပြီး အရည်ထုတ် အဖတ်လေးပါ ရောင်းပေးတယ်လေ။ နွေလိုမျိုး ပူပြင်းတဲ့ ရာသီဥတုမှ အုန်းစိမ်းရည်ေလး သောက်လိုက်ရရင် အမောကိုပြေလို့။ ပြီးတော့ ခြစ်ထားတဲ့ အုန်းသီးဖတ် နုနုလေးတွေကို ထန်းလျက်လေးနဲ့ ရောစားလိုက်လို့က ဘာပြောကောင်းမလဲ။ အရသာကိုရှိလို့။ ဒီဆောင်းပါးထဲမှာ စားလို့လည်း အရသာရှိ၊ ထုတ်ထုတ် ထုတ်ထုတ် နဲ့ ဝါးလို့လည်းကောင်းတဲ့ အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့် ရနိုင်တဲ့ကောင်းကျိုးတွေ ပြောပြပေးတော့မှာပါ။

    အုန်းသီးဖတ်မှာပါတဲ့ အဆီဓါတ် ။ ။

    အုန်းသီးဖတ် တစ်ခွက်မှာ ပါတဲ့ ကယ်လိုရီ ၂၈၃ ပမာဏက ြပည့်ဝဆီ တွေက ရတာပါ။ အခြား အသီးတွေက ပြည့်ဝဆီ နည်းနည်းပဲ ပါပေမယ့် အုန်းသီးဖတ်တစ်ခွက်မှာတော့ ပြည့်ဝဆီ ၂၃.၈ ဂရမ်တောင်ပါပါတယ်။ ဒါပေမယ့် အုန်းသီးမှာပါတဲ့ ပြည့်ဝဆီတွေက medium chain fatty acid တွေ ဖြစ်တာကြောင့် အခြား ပြည့်ဝဆီတွေလိုမျိုး သွေးတွင်းကိုလက်စရောများခြင်းကို မဖြစ်စေပါဘူး။

    ( ၁ ) အုန်းဆီ

    အုန်းသီးဖတ်လေးတွေ ညှစ်လိုက်လို့ရလာတဲ့ အုန်းဆီက သွေးပေါင်ချိန်ကို တက်စေခြင်း၊ ဗိုက်အဆီကျစေခြင်း၊ ေသွးတွင်းကိုလက်စရော ပမာဏကို ကျစေခြင်းနဲ့ သွေးတွင်းသကြားကို ထိန်းညှိပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

    ( ၂ ) ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများကြီးပါပါတယ်။

    အုန်းသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဆန့်ကျင်ပေးမယ့်အပြင် ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပြီး ခုခံအားကိုလည်း ကောင်းစေပါတယ်။

    ( ၃ ) အမျှင်ဓါတ်လည်း ကြွယ်ဝစွာ ပါပါတယ်။

    အုန်းသီးဖတ်တစ်ခွက်မှာ အမျှင်ဓါတ် ၇.၂ ဂရမ်တောင်ပါတာကြောင့် အုန်းသီးဖတ် တစ်ခွက်လောက်စားလိုက်တာနဲ့တင် တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓါတ် ၂၀ ရာခိုင်နှုန်း ရပြီးသားဖြစ်မှာပါ။ အမျှင်ဓါတ်ကြောင့် အူလမ်းကြောင်းလှုပ်ရှားမှု အားကောင်းသလို ဝမ်းချုပ်ခြင်းကနေလည်း တားဆီးပေးပါတယ်။ ဗိုက်လည်း ပြည့်လွယ်စေတာကြောင့် ဝိတ်ချနေတဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုပါ.

    ( ၄ ) Manganese သတ္တုဓါတ်

    အုန်းသီးဖတ်တစ်ခွက်မှာပါတဲ့ Manganese သတ္တုဓါတ်က အမျိုးသမီးတစ်ယောက်တစ်နေ့ လိုအပ်တဲ့ ပမာဏရဲ့ ၆၇ ရာခိုင်နှုန်းကို ပေးပြီး အမျိုးသမီးတစ်ယောက်လိုအပ်တဲ့ Manganese သတ္တုဓါတ်ပမာဏ ရဲ့ ၅၂ ရာခိုင်နှုန်းကိုပေးပါတယ်။ ပါဝင်တဲ့ Manganese သတ္တုဓါတ် အစွမ်းကြောင့် သွေးတွင်းသကြားဓါတ် ပမာဏ ထိန်းညှိပေးမယ့်အပြင် အဆီနဲ့ ပရိုတင်းတို့ကို ချေဖျက်ရလွယ်ကူစေပါတယ်။ ဒါ့အပြင် Manganese သတ္တုဓါတ် က ကိုယ်တွင်းက နေ သံဓါတ်၊ ဗီတာမင် b1 နဲ့ ဗီတာမင် E စုပ်ယူမှုနဲ့ အသုံးပြူမှုကို အားကောင်းစေပါတယ်။

    ( ၅ ) ပိုတက်ဆီယမ် ကောပါးဓါတ်

    အုန်းသီးဖတ်လေးတွေမှာ ကိုယ်တွင်း ဓါတ်ဆားဓါတ်ထိန်းညှိပေးတဲ့နေရာ၊ နှလုံးပုံမှန် အလုပ်တဲ့နေရာနဲ့ ကြွက်သားတွေ ကြီးထွားတဲ့နေရာမှာ အရေးကြီးတဲ့ ၁၄ ရာခိုင်နှုန်းပါပြီး သွေးနီဥလေးတွေ ထုတ်လုပ်တဲ့နေရာမှာ အဓိကကျတဲ့ copper ၃၉ ရာခိုင်နှုန်းပါပါတယ်။

    ကဲ ဒီလောက်တောင် အကျိုးရှိလှတဲ့ အုန်းသီးဖတ်လေးတွေ ကြိုက်တဲ့သူတွေ ကတော့ ဒါက သတင်းကောင်းပဲဗျို့ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    .

    .

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement