လေဒီလေးတွေတာ်တော်များများက အသားအရေထိန်းသိမ်းမယ်လို့တွေးလိုက်ရင် အရင်ဆုံးစဉ်းစားမိတာက မျက်နှာအသားအရေနဲ့ လက်အသားအရေပါ၊ ဂရုမစိုက်တာကတော့ခြေထောက်ေပါ့။ခြေထောက်ဆိုတာတောင်ခြေသလုံးကို ပိုဂရုမစိုက်မိတာပါ။ခြေသလုံးကို ဂရုစိုက်ဖို့ သတိထားမိတဲ့အချိန်က တစ်ချိန်ပဲရှိပါတယ်။ ဒါကတော့ စကတ်တိုလေးတွေ၊ ဂါဝန်လှလှလေးတွေဝတ်ချင်တဲ့အချိန်မှပါ။ တကယ်တော့ပြီးပြည့်စုံတဲ့ အလှတရားပိုင်ဆိုင်ဖို့ဆိုရင်ခေါင်းအစ၊ခြေအဆုံးလှဖို့လိုတာပါနော်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ရဲ့လေဒီပရိသတ်လေးတွေကိုခြေသလုံးလှပစေမယ့်နည်းလမ်းလေးဝေမျှပေးပါရစေနော်။
ခြေသလုံးလေးတွေဖြူသွယ်လှပစေဖို့ဆိုရင်
ခြေသလုံးအရေပြားကလည်း ဂရိုစ်ုက်ဖို့လိုအပ်ပါတယ်နော်။ စကတ်လေးတွေ၊ ဂါဝန်လေးတွေဝတ်မှမဟုတ်ပါဘူး။ ဖိထမိန်ဝတ်တယ်ဆိုရင်တောင်ခြေလျမ်းလိုက်တိုင်းခြေသလုံးကိုမြင်ရတာပါနော်။ ဒီလိုမြင်ရတဲ့အခါခြေသလုံးကလှလှလေးဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုပိုလို့ယုံကြည်မှုရှိတာပေါ့နော်။ခြေသလုံးလေးတွေသွယ်လျဖို့ကတော့ တစ်နေ့ကို ၁၅ မိနစ်လောက်အချိန်ပေးပြီးခြေသလုံးလှပစေတဲ့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးရုံပါ။ အိပ်ရာမဝင်ခင်မှာ လုပ်ပေးလို့လည်းရပါတယ်။
ခြေသလုံးသားလေးတွေဖြူဝင်းစေဖို့ကတော့ အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။ငွေကုန်ကြေးကျလည်းမများဘဲ။ အိမ်မှာဘဲ အလွယ်တကူလုပ်လို့ရတယ်ဆိုတော့လေဒီလေးတွေအတွက် အဆင်ပြေမှာပါ။
ဘာတွေလိုအပ်မလဲ
လိုအပ်မှာတွေကတော့ အရမ်းမများပါဘူး။
- ရေနွေး၊
- မုန့်ဖုတ်ဆော်ဒါ၊
- သကြားညို၊
- သံလွင်ဆီ နဲ့
- အုန်းဆီတို့ပဲဖြစ်ပါတယ်နော်။
ခြေသလုံးအသားအရေထိန်းသိမ်းနည်းအဆင့်ဆင့်
ခြေသလုံးအသားအရေထိန်းသိမ်းတော့မယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့လိုအပ်ပါမယ်။
မုန့်ဖုတ်ဆော်ဒါသုံးမယ်
ဒီနည်းက ကမ္ဘာပေါ်ကလေဒီတော်တော်များများအသုံးပြုနေကြပြီး တကယ်လည်း အသုံးတည့်ပါတယ်။ခြေသလုံးမွှေးတွေကို မဖယ်ရှားခင်မှာ မုန့်ဖုတ်ဆော်ဒါနဲ့ ခြေသလုံးတစ်ခုလုံးကိုနှံ့အောင်ပွတ်ပေးရပါမယ်။ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေအေးနဲ့ဆေးချလိုက်ပါ။ပြီးရင်တော့ခြေသလုံးမွှေးတွေကိုဖယ်ရှားလိုက်ပါနော်။ရေနွေးကိုလည်း သုံးပေးလို့ရပါတယ်။ရေနွေးသုံးတဲ့အခါမှာ သတိထားရမှာတစ်ခု ကရေနွေးအရမ်းပူမနေစေဖို့ပါ။ ရေနွေးအရမ်းပူနေရင် အသားခြောက်နိုင်တာကြောင့်ပါနော်။ မုန့်ဖုတ်ဆော်ဒါကို ဒိန်ချဉ်၊ သံပရိုသီးအရည်တို့နဲ့ရောပြီးခြေသလုံးမှာ လိမ်းပေးလို့လည်းရပါတယ်။
အားလုံးပြီးသွားရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီး အစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလေးလူးပေးလိုက်ပါနော်။
သကြားသုံးမယ်
သကြားအဖြူကို သံပရာရည်နည်းနည်း၊ရေနည်းနည်ရောလို့ မီးအေးအေးမှာ ၅ မိနစ်ကနေ ၇ မိနစ်လောက်အပူပေးပေးပါ။ ပြီးရင်တော့ ခဏအအေးခံပြီး ခြေသလုံးမွှေးရိတ်ထားပြီးတဲ့အခါ လူးပေးပါ။ အပေါ်ကနေအောက်ကို ဆွဲချတဲ့ပုံစံနဲ့လူးပေးပါ။ပြီးရင်ရေနဲ့ဆေးချလိုက်ပါ။ခြေသလုံးကို အစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလူးပေးဖို့ မမေ့ပါနဲ့နော်။
သကြားညိုနဲ့သံလွင်ဆီ
သကြားညို ခွက်တစ်ခွက်စာထဲကို သံလွင်ဆီစစ်လေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပြီးသေချာလေးမွှေပေးပါ။ပြီးရင်တော့ခြေသလုံးမှာ လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ခြေသလုံးကခြောက်သွေ့နေတဲ့ အရေပြားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ပြီးရင်တော့ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ရေခြောက်အောင်သုတ်ပြီးရင်တော့ အသားအရေကိအစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလေးလူးပေးလိုက်ပါ။
ပျားရည်နဲ့သံပရာသီး
ပျားရည်နဲ့သံပရာရည်ကိုရောစပ်လို့ခြေသလုံးကို လူးပေးပါ။ ဒီလိုလုပ်တာက ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပြီး အသားအရေမညီတာနဲ့ အရေပြားမွဲခြောက်နေတာတွေကိုပါသက်သာစေနိုင်ပါတယ်။
ကဲခြေသလုံးလှလှလေးနဲ့ လှပတဲ့ခြေလှမ်းလေးတွေလှမ်းဖို့ တစ်ပတ်ကို နှစ်ကြိမ်လောက် ဒီနည်းလေးတွေ သုံးကြည့်လိုက်ပါနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]