ခြေသလုံးအသားအရေထိန်းသိမ်းတော့မယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့လိုအပ်ပါမယ်။
- ခြေသလုံးကဆဲလ်သေတွေကို ဖယ်ရှားရပါမယ်။
- ခြေသလုံးမွှေးတွေကို ဖယ်ရှားရပါမယ်။
- အစိုဓါတ်ထိန်းပေးရပါမယ်။
မုန့်ဖုတ်ဆော်ဒါသုံးမယ်
ဒီနည်းက ကမ္ဘာပေါ်ကလေဒီတော်တော်များများအသုံးပြုနေကြပြီး တကယ်လည်း အသုံးတည့်ပါတယ်။ခြေသလုံးမွှေးတွေကို မဖယ်ရှားခင်မှာ မုန့်ဖုတ်ဆော်ဒါနဲ့ ခြေသလုံးတစ်ခုလုံးကိုနှံ့အောင်ပွတ်ပေးရပါမယ်။ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေအေးနဲ့ဆေးချလိုက်ပါ။ပြီးရင်တော့ခြေသလုံးမွှေးတွေကိုဖယ်ရှားလိုက်ပါနော်။ရေနွေးကိုလည်း သုံးပေးလို့ရပါတယ်။ရေနွေးသုံးတဲ့အခါမှာ သတိထားရမှာတစ်ခု ကရေနွေးအရမ်းပူမနေစေဖို့ပါ။ ရေနွေးအရမ်းပူနေရင် အသားခြောက်နိုင်တာကြောင့်ပါနော်။ မုန့်ဖုတ်ဆော်ဒါကို ဒိန်ချဉ်၊ သံပရိုသီးအရည်တို့နဲ့ရောပြီးခြေသလုံးမှာ လိမ်းပေးလို့လည်းရပါတယ်။
အားလုံးပြီးသွားရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီး အစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလေးလူးပေးလိုက်ပါနော်။
သကြားသုံးမယ်
သကြားအဖြူကို သံပရာရည်နည်းနည်း၊ရေနည်းနည်ရောလို့ မီးအေးအေးမှာ ၅ မိနစ်ကနေ ၇ မိနစ်လောက်အပူပေးပေးပါ။ ပြီးရင်တော့ ခဏအအေးခံပြီး ခြေသလုံးမွှေးရိတ်ထားပြီးတဲ့အခါ လူးပေးပါ။ အပေါ်ကနေအောက်ကို ဆွဲချတဲ့ပုံစံနဲ့လူးပေးပါ။ပြီးရင်ရေနဲ့ဆေးချလိုက်ပါ။ခြေသလုံးကို အစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလူးပေးဖို့ မမေ့ပါနဲ့နော်။
သကြားညိုနဲ့သံလွင်ဆီ
သကြားညို ခွက်တစ်ခွက်စာထဲကို သံလွင်ဆီစစ်လေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပြီးသေချာလေးမွှေပေးပါ။ပြီးရင်တော့ခြေသလုံးမှာ လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ခြေသလုံးကခြောက်သွေ့နေတဲ့ အရေပြားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ပြီးရင်တော့ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ရေခြောက်အောင်သုတ်ပြီးရင်တော့ အသားအရေကိအစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလေးလူးပေးလိုက်ပါ။
ပျားရည်နဲ့သံပရာသီး
ပျားရည်နဲ့သံပရာရည်ကိုရောစပ်လို့ခြေသလုံးကို လူးပေးပါ။ ဒီလိုလုပ်တာက ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပြီး အသားအရေမညီတာနဲ့ အရေပြားမွဲခြောက်နေတာတွေကိုပါသက်သာစေနိုင်ပါတယ်။
ကဲခြေသလုံးလှလှလေးနဲ့ လှပတဲ့ခြေလှမ်းလေးတွေလှမ်းဖို့ တစ်ပတ်ကို နှစ်ကြိမ်လောက် ဒီနည်းလေးတွေ သုံးကြည့်လိုက်ပါနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။