backup og meta

ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ......

    ကြက်ဟင်းခါးသီး အသားအရေ လှစေသလား …….. ဘယ်လို ထင်မိလဲ စာဖတ်ပရိသတ်ကြီး ! ကြက်ဟင်းခါးသီးက အခါးဓာတ် ရှိတယ်။ ဆီးချိုသမားတွေ စားပေးသင့်တယ်။ ကျန်းမာရေး အကျိုးကျေးဇူး များတယ်လို့ သိထားပေမယ့် အသားအရေကိုရော လှစေလားဆိုတာကိုတော့ သေသေချာချာ မသိဘူးဖြစ်နေတယ်ဆိုရင် ဆောင်းပါးလေးထဲမှာ အဖြေ ပြောပြပေးမှာမို့ ဖတ်ကြည့်လိုက်နော်။

    ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ အသီးက ရှည်မျောမျော ဖြစ်ပြီး အစိမ်းရောင် ရှိပါတယ်။ အခွံခွာစရာမလိုဘဲ အစေ့ထုတ်ပြီးပဲ ချက်ပြုတ် စားသုံးရုံပါ။ ကြော်စားလို့ ရသလို ဟင်းချက်စားလို့လည်း ရပါတယ်။

    နောက်တစ်နည်းကတော့ ဖျော်ရည်ဖျော်သောက်တာပါ။ အခွံမှာ အဖုအပိမ့်တွေပါပြီး စိမ်းရွှေရွှေ အနံ့ ရှိပါတယ်။ အရသာကတော့ နာမည်နဲ့ လိုက်အောင် ခါးပါတယ်။ အာရှနိုင်ငံ တော်တော်များများမှာ ပေါက်ရောက် ကြပါတယ်။

    ကြက်ဟင်းခါးသီးရဲ့ အာဟာရ

    ကြက်ဟင်းခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ……

    ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ......

    ကြက်ဟင်းခါးသီး အသားအရေ လှစေသလား …… ဆိုတော့ လှစေနိုင်ပါတယ်။ ကြက်ဟင်းခါးသီးက အသားအရေ လှပမှုကို ဘယ်လိုများ ထောက်ကူပေးနေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အသားအရေကို ကြည်လင်လှပစေတယ်

    အနာအဆာ ကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ် ကြက်ဟင်းခါးသီး စားပေးပါ။ ကြက်ဟင်းခါးသီးမှာ ဓာတ်ဆိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။ အရွယ်တင်စေပြီး အရေးအကြောင်း ကင်းစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို ကြည်လင်လှပစေမှာပါ။

    ခရမ်းလွန်ရောင်ခြည်က ကာကွယ်ပေးတယ်

    ကြက်ဟင်းခါးသီးရဲ့ နောက်ထပ် အသားအရေကို အထောက်အကူပြုပေးတဲ့ အကျိုးကျေးဇူး တစ်ရပ်ကတော့ အရေပြားကို နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတာပါ။ နေပူဒဏ်ကြောင့် အရေပြား နေလောင်မွဲခြောက်တာကို သက်သာစေနိုင်ပါတယ်။ UV ကြောင့် အရေးအကြောင်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။

    ဝက်ခြံ သက်သာစေတယ်

    ကြက်ဟင်းခါးသီးက ပိုးဝင်တာကို အတွင်းပိုင်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောင့်ဖြစ်တဲ့ အသားယားတာ၊ ပွေး၊ ဆိုရီရေးစစ် နဲ့ အခြားသော မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အရောင်ကျစေနိုင်ပြီး ဝက်ခြံတွေကို သက်သာစေသလို ပိုးဝင်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    ကြက်ဟင်းခါးသီးမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဇင့် နဲ့ ဘိုင်အိုတင်တို့ ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်တင်စေနိုင်ပါတယ်။

    အရေပြားယားယံတာကို သက်သာစေတယ်

    သွေးမသန့်တာကြောင့် ဖြစ်တဲ့ အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်။ အရေပြား ယားယံတာကို အမျိုးမျိုးကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြား ပိုးဝင်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    အရေပြား ပြဿနာတွေကို သက်သာစေနိုင်တယ်

    ပွေး၊ သဲဝဲတို့လိုမျိုး အရေပြားပြဿနာတွေ၊ ဆိုရီရေးစစ်နဲ့ နှင်းခူတို့လိုမျိုး အရေပြားပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ သက်သာစေဖို့ ကြက်ဟင်းခါးသီး စားပေးပါ။

    အမည်းစက်တွေ သက်သာစေတယ်

    ဗီတာမင် C ကြွယ်ဝမှုက အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံ ကင်းပြီး အရေပြား လှစေဖို့ ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။

    မိတ် သက်သာစေနိုင်တယ်

    နွေရာသီလိုမျိုး ပူပြင်းတဲ့အချိန်မှာ ခံစားရလေ့ရှိတဲ့ အရေပြားပြဿနာ တစ်ရပ်ဖြစ်တဲ့ မိတ်သက်သာစေဖို့လည်း ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။ စားပေးလို့ ရသလို အရည်ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် သုံးပေးလို့လည်း ရပါတယ်။

    ကြိတ်ရည်ကို ချိုးရေထဲ ထည့်ချိုးပေးလို့လည်း ရပါတယ်။ နွေရာသီမှာ အရေပြား ပြဿနာ ကင်းစေဖို့ ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။

    ကဲ….. အဖြေထွက်ပြီဟုတ်။

    ကြက်ဟင်းခါးသီး အသားအရေ လှစေပါတယ်

    ကြက်ဟင်းခါးသီး အသားအရေ လှစေပါတယ်
    • အသားအရေကို ကြည်လင်လှပစေတယ်
    • ခရမ်းလွန်ရောင်ခြည်က ကာကွယ်ပေးတယ်
    • ဝက်ခြံ သက်သာစေတယ်
    • အရွယ်တင်စေနိုင်တယ်
    • အရေပြားယားယံတာကို သက်သာစေတယ်
    • အရေပြား ပြဿနာတွေကို သက်သာစေနိုင်တယ်
    • အမည်းစက်တွေ သက်သာစေတယ်
    • မိတ် သက်သာစေနိုင်တယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement