backup og meta

ကြက်သဟင်းရွက် စားကောင်းရုံပဲလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်သဟင်းရွက် စားကောင်းရုံပဲလား

    ကြက်သဟင်းရွက် ဆိုတာက ဟင်းချို ချက်စားစား၊ သုပ်စားစား စားလို့ ကောင်းတဲ့ ဟင်းလျာ တစ်မျိုးပါ။ အရသာချိုချိုလေးနဲ့ စားလို့ ကောင်းတဲ့ ကြက်သဟင်းရွက်က စားလို့ကောင်းတဲ့အပြင် ကျန်းမာရေးကို ဘယ်လိုများ ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ကြက်သဟင်းရွက် ဆိုတာ

    ကြက်သဟင်းရွက် ဆိုတာ ကြက်သဟင်းပင်ရဲ့ အရွက်ပါ။ အရွက်လေးတွေက သေးငယ်ပြီး ဘဲဥပုံ ခပ်ရှည်ရှည်လေးပါ။ အရွက်လေးက ပျမ်းမျှအားဖြင့် ၄ စင်တီမီတာကနေ ၆ စင်တီမီတာလောက် ရှည်ပါတယ်။

    အရွက်လေးက ပါးပါးလေးနဲ့ ပြောင်ချောချောလေးပါ။ ရိုးတံ မာမာလေးမှာ ကပ်ပြီး ရွက်ချင်းဆိုင်လို့ ပေါက်တတ်ပါတယ်။ တစ်ပင်မှာ ၄ ခက် ကနေ ၅ ခက်လောက်ပဲ ပေါက်ရောက်ပါတယ်။

    ကြက်သဟင်းရွက်က နုပြီး ချိုပါတယ်။ အရသာက ကညွတ်အရသာနဲ့ ခပ်ဆင်ဆင် တူပါတယ်။ တစ်နှစ်ပတ်လုံး ပေါက်ရောက်ပါတယ်။ အရှေ့တောင်အာရှဒေသမှာ အများဆုံး ပေါက်ရောက်ပါတယ်။

    ကြက်သဟင်းရွက်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

    အရသာရှိလှတဲ့ ကြက်သဟင်းရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    ကြက်သဟင်းရွက် စားကောင်းရုံပဲလား

    ကြက်သဟင်းရွက်က စားကောင်းတယ်ဆိုတာထက် ပိုပါတယ်။ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။

    ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပရိုတင်း ပါဝင်နေတာကြောင့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

    အရိုးနဲ့ ကြွက်သားတွေ သန်မာစေတယ်။

    ကြက်သဟင်းရွက်မှာ ကယ်လ်ဆီယမ် ပါဝင်နေသလို ပရိုတင်းလည်း ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေကို ခိုင်မာစေပြီး ကြွက်သားတွေ သန်မာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေနိုင်တယ်။

    အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ အူနံရံတွေကို အာဟာရ စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။

    သွေးအားကောင်းစေတယ်

    ကြက်သဟင်းရွက်မှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးအားကောင်းစေဖို့ ထောက်ကူပေးပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    အမြင်အာရုံ ကောင်းစေတယ်

    ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေပြီး မျက်လုံးနဲ့ မျက်ကြည်လွှာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အသားအရေ ကျန်းမာစေနိုင်တယ်

    ဗီတာမင် E ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား ပြဿနာတွေကို သက်သာစေဖို့ စားပေးလို့ ရပါတယ်။

    ဆီးရွှင်စေနိုင်တယ်

    ကြက်သဟင်းရွက်က ဆီးရွှင်စေနိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ကျောက်ကပ်တွေကို ကျန်းမာစေနိုင်တယ်

    ကျောက်ကပ်မှာ ကျောက်တည်တာ၊ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့လည်း ကြက်သဟင်းရွက်က လုပ်ဆောင်ပေးပါတယ်။

    အရောင်ကျစေနိုင်တယ်

    အရေပြားမှာ ဖြစ်တဲ့ ရောင်ရမ်းမှုတွေ၊ အဆစ်တွေရောင်ရမ်းတာကို သက်သာစေဖို့လည်း ကြက်သဟင်းရွက်ကို စားပေးလို့ ရပါတယ်။

    သွေးတိုးကျစေနိုင်တယ်

    ကြက်သဟင်းရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က သွေးတိုးကျစေနိုင်တာပါ။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးကြောလေးတွေကို ပြေလျော့စေတာကြောင့် သွေးစီးဆင်းမှု ကောင်းမွန်စေနိုင်ပါတယ်။

    သွေးချို ကျစေနိုင်တယ်

    ကြက်သဟင်းရွက်က ချိုပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ။

    ကြက်သဟင်းရွက်က ဆေးဖက်ဝင်တာ မှန်ပေမယ့်

    • သွေးပေါင်ကျတတ်သူတွေ
    • သွေးတွင်းသကြားဓာတ် နည်းသူတွေ
    • ရောဂါအခံ တစ်ရပ်ရပ် ရှိသူတွေ
    • ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန် နဲ့ တိုင်ပင်ပြီးမှ စားပေးဖို့ အကြံပြုပါရစေ။

    ကြက်သဟင်းရွက်က စားကောင်းတယ်ဆိုတာထက် ပိုပါတယ်


    • ကိုယ်ခံအား ကောင်းစေတယ်
    • အရိုးနဲ့ ကြွက်သားတွေ သန်မာစေတယ်
    • အစာခြေစနစ် ကျန်းမာစေတယ်
    • သွေးအားကောင်းစေတယ်
    • အမြင်အာရုံ ကျန်းမာစေတယ်
    • အသားရေ ကျန်းမာစေတယ်
    • ဆီးရွှင်စေတယ်
    • ကျောက်ကပ် ကျန်းမာစေတယ်
    • အရောင်ကျစေတယ်
    • သွေးတိုးကျစေတယ်
    • သွေးချို ကျစေတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement