backup og meta

ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင်

    ဝက်ခြံ လူတော်တော်များများ ဖြစ်တတ်တဲ့ အရေပြား ပြဿနာပါ။ လူတော်တော်များများမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အခြားသူတွေမှာတော့ အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါ ပျောက်သွားတယ်။ ကိုယ့်ဆီကျမှ ရှေ့က ဝက်ခြံက ပျောက်မယ်ရှိသေးတယ်။ အသစ်က ထပ်ထွက်လာဖို့ တာဆူနေလို့ စိတ်ညစ်နေသူလေးတွေ ရှိလား …..

    ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဝက်ခြံရယ်တဲ့ မပြတ်ဘူး ဖြစ်နေရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဝက်ခြံတွေကို အတူတူ နှိမ်နင်းလိုက်ရအောင်လား …….

    ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင်

    ဝက်ခြံရယ်တဲ့ မပြတ်တဲ့အခါ

    မျက်နှာပေါ်မှာ ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် အခုပြောပြမယ့် နည်းလမ်းလေးတွေကို သုံးပြီး ဖြေရှင်း ကြည့်လိုက်နော်။

    အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ခဏခဏ ပြောင်းလဲ အသုံးပြုတာမျိုး မလုပ်ပါနဲ့။

    ဝက်ခြံထွက်တဲ့အခါ ဝက်ခြံ သက်သာစေဖို့ဆိုပြီး အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေကို ခဏခဏ ပြောင်းလဲ သုံးမိနေတယ်ဆိုရင် ဒီအကျင့်ကို အခုပဲ ရပ်လိုက်ပါ။ ဒီလိုပြောရတာက အသားအရေထိန်းနဲ့ပစ္စည်းတွေက အသားအရေကို ထိန်းသိမ်းပေးတယ်ဆိုပေမယ့် ၁ ရက် ၂ ရက် သုံးလိုက် နောက်တစ်မျိုး ပြောင်းသုံးလိုက် လုပ်မယ်ဆိုရင်တော့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် ဝက်ခြံ ပျောက်အောင် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့အခါ အသားအရေကို အထောက်အကူပြုရဲ့လားဆိုတာကို သိရှိနိုင်စေဖို့ အနည်းဆုံး ၁ လလောက်တော့ သုံးကြည့်ဖို့တော့လိုပါမယ်။ ဝက်ခြံတွေကို ချက်ချင်းပျောက်စေတာမျိုးမှ မရှိတာလေ။

    မထူးခြားရင် နောက်တစ်မျိုး ပြောင်းသုံးပါ။

    ဝက်ခြံ သက်သာစေတယ်ဆိုတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းကို သုံးပေမယ့် ၄ ပတ် ဒါမှမဟုတ် ၆ ပတ်ကြာတဲ့အထိ သိသိသာသာ ပြောင်းလဲမှု တစ်စုံတရာ မတွေ့ရဘူးဆိုရင်တော့ အသားအရေထိန်းသိမ်းမှုရဲ့ ဒုတိယ အစီအစဉ် အနေနဲ့ ဝက်ခြံ သက်သာစေတယ်ဆိုတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်း အသစ်ကို အသုံးပြုလိုက်ပါ။

    အညွှန်းကို အတိအကျ လိုက်နာပါ။

    မျက်နှာပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ဝယ်ပြီးတဲ့အခါမှာလည်း ဝက်ခြံ သေချာ ပျောက်စေဖို့ဆိုရင် အညွှန်းအတိုင်း အတိအကျ လိုက်နာဖို့ လိုပါမယ်။ ဒါမှလည်း သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။

    မျက်နှာကို ပုံမှန် သန့်စင်ပေးပါ။

    မျက်နှာပေါ်မှာ ဝက်ခြံက မပြတ်ဘူး ဖြစ်နေမယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး (၂) ကြိမ် မျက်နှာကို သေချာလေး သန့်စင်ပေးပါ။ မျက်နှာ ခဏခဏ သစ်တာကလည်း အသားအရေကို ထိခိုက်စေနိုင်ပြီး ဝက်ခြံဖြစ်စေနိုင်တာကြောင့် တစ်နေ့ကို (၂) ကြိမ်ကတော့ အကောင်းဆုံးပါ။

    တိတိကျကျ ပြောပြရရင်တော့ ဝက်ခြံ ပျောက်ဖို့ဆိုရင် အခုလို အခြေအနေမျိုးမှာ မျက်နှာကို သန့်စင်ဖို့ လိုပါမယ်။

    အလွန်အကျွံ ချေးမချွတ်ပါနဲ့။

    ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် မျက်နှာပေါ်က ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာက အသားအရေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဝက်ခြံကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

    လက်နဲ့ ခဏခဏ မထိပါနဲ့။

    မျက်နှာပေါ်မှာ ဝက်ခြံ မပြတ်ရတဲ့ အကြောင်းအရင်း တစ်ခုက မျက်နှာကို လက်နဲ့ ခဏခဏ ဆိတ်ဆွနေလို့ပါ။ လက်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်မှုန့်တွေက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။

    ကဲ ……ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလေး လိုက်လုပ်ကြည့်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement