backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သံပရိုသီး နဲ့ အသားအရေ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သံပရိုသီး နဲ့ အသားအရေ ကျန်းမာရေး

အဝါရောင် သန်းသန်း အခွံလေးနဲ့ ရနံ့ သင်းသင်းလေး မွှေးပြီး အရည်ရွှမ်းရွှမ်းနဲ့ စားရတာ အရသာရှိတဲ့ သံပရိုသီးက စားရတာတင် ကောင်းတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အထောက်အကူပြုပေးပါတယ်။

သံပရိုသီး နဲ့ အသားအရေ ကျန်းမာရေး

ဗီတာမင် C ကြွယ်ဝတဲ့ သံပရိုသီးက ကျန်းမာရေးအတွက် အထောက်အကူပြုသလို အသားအရေ ကျန်းမာရေး နဲ့ အလှအပ အတွက်လည်း အထောက်အကူ ပြုပေးပါသေးတယ်။

ကော်လာဂျင် မြှင့်တင်ပေးနိုင်တယ်

သံပရိုရည်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင် တစ်မျိုးဖြစ်တဲ့ ​ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တာကြောင့် ကော်လာဂျင် ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ကော်လာဂျင်ကို သူ့အလိုလို ထုတ်ပေးနိုင်တယ် ဆိုပေမယ့် အသက်အရွယ်ရလာတဲ့အခါ ထုတ်လုပ်နိုင်စွမ်း ကျလာသလို အရေးအကြောင်းတွေ ဖြစ်တာနဲ့ အသားအရေ လျော့ရဲတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အရေပြား ကျန်းမာစေဖို့အတွက် သံပရိုသီးကို အသုံးပြုပေးလို့ရပါတယ်။

ဝက်ခြံ သက်သာစေနိုင်တယ်

သံပရိုသီးမှာ အက်ဆစ်ပါတယ်ဆိုပေမယ့် pH ပမာဏလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မှုကို ကင်းစေပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဝက်ခြံကို သက်သာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဆားဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

သံပရိုသီးက ဘက်တီးရီးယား​တွေကို တိုက်ဖျက်နိုင်တာ​ကြောင့် အရေပြား ချွေးပေါက်တွေကနေ ပိုးဝင်ပြီး အရေပြား ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံဖုတွေ နီရဲရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း အသုံးပြု ပေးလို့ရပါတယ်။

ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်တယ်

ဝက်ခြံကို ညှစ်လိုက်တဲ့အခါ ပိုးဝင်ပြီး အမာရွတ်​တွေ ကျန်ခဲ့ပါတယ်။ ဒီအမာရွတ်တွေကို သက်သာစေဖို့ဆိုရင် သံပရိုရည်ကို ရှားစောင်းလက်ပပ်နဲ့ ရောစပ်ပြီး ပုံမှန် လိမ်းပေးလို့ ရပါတယ်။

အရေပြားအတွက် သံပရိုရည်က စိတ်ချရလားဆိုတာ ဘယ်လို စမ်းမလဲ……….

သံပရိုရည်က အကျိုးများတာ မှန်ပေမယ့် မတည့်ဘဲ လိမ်းမိရင် အသားအရေခြောက်သွေ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေအတွက် သံပရိုရည်ကို အသုံးမပြုခင်မှာ

  • လက်မောင်း အတွင်းသားကို သံပရိုရည် လိမ်းကြည့်ပါ။ တစ်ရက်၊ နှစ်ရက်လောက် ဆက်တိုက် လုပ်ကြည့်ပါ။ အသားခြောက်တာမျိုး မဖြစ်ဘူးဆိုရင် သုံးလို့ရပါတယ်။
  • သံပရိုရည် လတ်လတ်ဆတ်ဆတ်ကို ဂွမ်းစလေးမှတို့ပြီး အရေပြားပေါ်မှာ ဖွဖွလေး ထိပါ။ ဖိဆွဲတာမျိုးမလုပ်ပါနဲ့။ စပ်ဖျဉ်းဖျဉ်း မဖြစ်ဘူးဆိုရင် အဆင်ပြေပါတယ်။
  • သံပရိုရည်ကို အသုံးပြုမယ်ဆိုရင် ရေနဲ့ရောတာ ဖြစ်ဖြစ်၊ သနပ်ခါး၊ ရှားစောင်းလက်ပပ်တို့နဲ့ ဖြစ်ဖြစ် ရောပြီး အသုံးပြုရပါမယ်။
  • ထိခိုက် တုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် သံပရိုရည် အသုံးမပြုသင့်ပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement