အဝါရောင် သန်းသန်း အခွံလေးနဲ့ ရနံ့ သင်းသင်းလေး မွှေးပြီး အရည်ရွှမ်းရွှမ်းနဲ့ စားရတာ အရသာရှိတဲ့ သံပရိုသီးက စားရတာတင် ကောင်းတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အထောက်အကူပြုပေးပါတယ်။
ထွက်မှာ သေချာပြီလား။
အဝါရောင် သန်းသန်း အခွံလေးနဲ့ ရနံ့ သင်းသင်းလေး မွှေးပြီး အရည်ရွှမ်းရွှမ်းနဲ့ စားရတာ အရသာရှိတဲ့ သံပရိုသီးက စားရတာတင် ကောင်းတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အထောက်အကူပြုပေးပါတယ်။
ဗီတာမင် C ကြွယ်ဝတဲ့ သံပရိုသီးက ကျန်းမာရေးအတွက် အထောက်အကူပြုသလို အသားအရေ ကျန်းမာရေး နဲ့ အလှအပ အတွက်လည်း အထောက်အကူ ပြုပေးပါသေးတယ်။
ကော်လာဂျင် မြှင့်တင်ပေးနိုင်တယ်
သံပရိုရည်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တာကြောင့် ကော်လာဂျင် ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ကော်လာဂျင်ကို သူ့အလိုလို ထုတ်ပေးနိုင်တယ် ဆိုပေမယ့် အသက်အရွယ်ရလာတဲ့အခါ ထုတ်လုပ်နိုင်စွမ်း ကျလာသလို အရေးအကြောင်းတွေ ဖြစ်တာနဲ့ အသားအရေ လျော့ရဲတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အရေပြား ကျန်းမာစေဖို့အတွက် သံပရိုသီးကို အသုံးပြုပေးလို့ရပါတယ်။
ဝက်ခြံ သက်သာစေနိုင်တယ်
သံပရိုသီးမှာ အက်ဆစ်ပါတယ်ဆိုပေမယ့် pH ပမာဏလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မှုကို ကင်းစေပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဝက်ခြံကို သက်သာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဆားဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
သံပရိုသီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့် အရေပြား ချွေးပေါက်တွေကနေ ပိုးဝင်ပြီး အရေပြား ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံဖုတွေ နီရဲရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း အသုံးပြု ပေးလို့ရပါတယ်။
ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်တယ်
ဝက်ခြံကို ညှစ်လိုက်တဲ့အခါ ပိုးဝင်ပြီး အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ ဒီအမာရွတ်တွေကို သက်သာစေဖို့ဆိုရင် သံပရိုရည်ကို ရှားစောင်းလက်ပပ်နဲ့ ရောစပ်ပြီး ပုံမှန် လိမ်းပေးလို့ ရပါတယ်။
သံပရိုရည်က အကျိုးများတာ မှန်ပေမယ့် မတည့်ဘဲ လိမ်းမိရင် အသားအရေခြောက်သွေ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေအတွက် သံပရိုရည်ကို အသုံးမပြုခင်မှာ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
9 Health and Beauty Benefits of Lemon You Need to Know https://www.tasteofhome.com/collection/benefits-of-lemon/ Accessed Date 23 April 2020
Do Lemons Relieve Acne and Acne Scarring? https://www.healthline.com/health/lemon-for-acne Accessed Date 23 April 2020
Does Applying Lemon on Your Face Help or Hurt Your Skin? https://www.healthline.com/health/lemon-for-face Accessed Date 23 April 2020