အသားအရေတင်းတင်းရင်းရင်းလေးနဲ့ လှပစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဆေးလိပ်သောက်တာ နေရောင်ခြည်နဲ့ထိတွေ့တာ၊ နေ့စဉ်နေထိုင်မှုအလေ့အထတွေမမှန်ကန်တာနဲ့ မျိုးရိုးလိုက်တာတွေ ကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေဖြစ်နိုင်ပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ အသားရေပျက်စီးမှုတွေကြောင့် စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

အသားအရေတင်းရင်းလှပစေမယ့် ကုထုံးများအကြောင်း

လေဆာကုထုံးရောင်ခြည်တွေကို အခြေခံထားတဲ့ကုထုံးပါ။ အသားအရေကိုတင်းရင်းစေရုံတင်မကဘဲ အသားအရေကို ချောမွေ့ပြီး အသားအရောင်ကောင်းမွန်စေတဲ့အပြင် အမာရွတ်တွေကိုပါသက်သာစေနိုင်ပါတယ်။ အသားအရောင်မညီတာ တွေကိုပါ သက်သာစေတဲ့ကုထုံးပါ။

Botox ထိုးမယ် – မျက်နှာပေါ်က အရေပြားအတွန့်အခေါက်တွေ၊ အရေးအကြောင်းတွေနဲ့ အသားအရေလျော့ရဲမှုတွေကို သက်သာစေဖို့ အရေပြားထဲကို ဆေးထိုးထည့်ရတဲ့ ကုထုံးပါ။ အရေးအကြောင်းကင်းပြီး တင်းရင်းလှပတဲ့ အသားအရေကိုရရှိမှာပါ။

Filler ထိုးမယ် – အသားအရေတွေကိုပြန်ပြည့်လာစေတဲ့ ကုထုံးတစ်ခုပေါ့။ မျက်နှာပေါ်က လျော့ရဲသွားတဲ့အသားအရေတွေကို ပြန်လည်ပြည့်ဖြိုးလာစေဖို့ထိရောက်တဲ့နည်းလမ်းပါ။ အသက်အရွယ်ရလာလို့ ပါး နဲ့ နှုတ်ခမ်းအရေပြားတွေတင်းရင်းမှု အားနည်းလာတာတွေအတွက် အထူးသင့်တော်ပါတယ်။

Chemical Peeling လုပ်မယ် – အပေါ်ယံအရေပြားပေါ်က ဆဲလ်သေတွေကို ဆေးရည်အသုံးပြုပြီး ဖယ်ရှားတဲ့နည်းလမ်းပါ။ နေလောင်တာကြောင့်ပျက်စီးတာ၊ ဝက်ခြံ၊ အသားအရေမညီတာ၊ အမာရွတ်နဲ့ မျက်နှာနဲ့လည်ပင်းပေါ်က အရေးအကြောင်းတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

ကိုးထိုးမယ – ဒီနည်းလမ်းက နဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းက လျော့ရဲနေတဲ့ အရေပြားတွေကို တင်းရင်းလှပစေနိုင်ပါတယ်။ မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်က အရေပြားအတွန့်အခေါက်လေးတွေ၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

ဒီကုထုံးမှာ ကြိုးစကို ဆံစပ် ဒါမှမဟုတ် နားရွက်နောက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကို အရာပေးထားတဲ့အတိုင်း သေသေသပ်သပ်လေးလုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးက အရေပြားတစ်ရှုးတွေကို တွယ်ဆက်ပေးပြီး အသားအရေကို သဘာဝအတိုင်း ချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။

Retinol Creamလိမ်းမယ် – မျက်နှာပြင်နဲ့အရေးအကြောင်းဖြစ်နေတဲ့ နေရာတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိမ်းပေးရုံပါ။ အသားအရေကိုညီညာချောမွေ့စေပြီး အရေးအကြောင်းကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်တွေကိုသက်သာစေနိုင်ပါတယ်။

Microneedling နည်းလမ်းသုံးမယ် – ပိုးသတ်ထားတဲ့အပ်သေးသေးလေးတွေကိုအသုံးပြုရတဲ့ ကုထုံးပါ။ အရေပြားမှာ အပေါက်သေးသေးလေးတွေဖြစ်စေပြီး အရေပြားကို ကော်လာဂျင်အသစ်တွေထုတ်လုပ်အောင်လှုံ့ဆော်ပေးပါတယ်။ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့၊ ချွေးပေါက်ကျဉ်းစေဖို့၊ အရေးအကြောင်းတွေသက်သာစေဖို့အတွက်အသုံးပြုလို့ရပါ တယ်။

အသံလှိုင်းသုံးကုထုံး သုံးမယ် – အရေပြားတင်းရင်းလှပစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပေါ့။ ရေဒီယိုအသံလှိုင်းကို အသုံးပြုပြီး အရေပြားကိုအပူပေးလို့ မျက်နှာ၊လည်ပင်းနဲ့ ခန္ဓါကိုယ်ပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးတဲ့ကုထုံးပါ။ အရေပြားကို တင်းရင်းစေပြီး ကော်လာဂျင်ထုတ်လွှတ်အောင်လှုံ့ဆော်ပေးပါတယ်။ ကုထုံးခံယူချိန်မှာ နည်းနည်း နေရခက်ပေမယ့် ရလဒ်ကောင်းတဲ့ ကုထုံးတစ်ခုပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နွေရာသီမှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

အသားအရည် နွေရာသီ နေလောင်ဒဏ် နေလောင်ကာကွယ်ဆေး antioxidants ဗီတာမင် C အရေးအကြောင်း ခရမ်းလွန်ရောင်ခြည် အိုမင်းရင့်ရော် အရေပြားတင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကဖင်းနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးများ

ကော်ဖီလေး ကျန်းမာရေး အရေပြားကင်ဆာ အသားလေး ခရမ်းလွန်ရောင်ခြည် နေရောင်ပြင်း အကြောပြတ်ရာတွေ ကော်ဖီ စွဲလမ်းမှု အသားအရေ ကော်ဖီမှုန့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သရက်သီးဖျော်ရည် သောက်ကြမယ်

သရက်သီးဖျော်ရည် ကျန်းမာရေး အကျိုးကျေးဇူး ခန္ဓာကိုယ် အာဟာရဓာတ် အကျိုးပြု ကိုလက်စထရော ကယ်လ်ဆီယမ် ဗီတာမင် C သံဓာတ် အူမကြီးကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

လေဒီလေးတို့ သိထားသင့်တဲ့ Baking Soda Scrub အကြောင်း

အသားအရေ လေဒီလေး မုန့်ဖုတ်ဆော်ဒါ Scrub ကြည်လင် ဗီတာမင် C လိမ္မော်သီး ဝက်ခြံ ရေနွေးနွေးလေး အမဲစက်တွေ သံပုရာသီး မျက်နှာ အဆီပြန် ဆားဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Skin care တိုင်း ဝက်ခြံကင်းသလား........

Skin care တိုင်း ဝက်ခြံကင်းသလား……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
အာလူး နဲ့ ကျန်းမာရေး

အာလူး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020

သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 22, 2020