backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

တစ်ရက်ဘယ်နှစ်ကြိမ် မျက်နှာသစ်သင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 08/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တစ်ရက်ဘယ်နှစ်ကြိမ် မျက်နှာသစ်သင့်သလဲ

အသားအရေနဲ့ ပတ်သက်ပြီးလုပ်ဆောင်ရမယ့် အရာတွေအတွက် မျက်နှာတိုင်းနဲ့ ပတ်သက်ပြီး ခြုံငုံထားနိုင်တဲ့ နည်းလမ်းတော့မရှိပါဘူး။ တစ်ရက်ကို မျက်နှာဘယ်နှစ်ကြိမ် သစ်သင့်သလဲဆိုတာ အသားအရေအမျိုးအစားမှစပြီး ပတ်ဝန်းကျင်အနေအထားထိ ပေါ်မူတည်ပါတယ်။ ဒါပေမဲ့ အောက်ပါအချက်တွေထဲက သင်နဲ့ သင့်တော်တာရှိရင်တော့ လိုက်လုပ်နိုင်ပါတယ်။ သင့်နံပါတ်ကိုသင်သိနိုင်ဖို့ ကျွန်ုပ်တို့ ဒီမှာရေးပြလိုက်ပါပြီ။

တကယ်လို့သင့်မှာ ထိခိုက်လွယ်sensitive ဖြစ်တဲ့ အသားအရေရှိနေခဲ့ရင်

ဒီအသားအရေပိုင်ဆိုင်ထားခြင်းက အသားခြောက်ခြင်းနဲ့ ယားယံနာကျင်ခြင်းတွေ ပိုပြီးဖြစ်နိုင်ချေများပါတယ်။ တစ်ရက်ကိုတစ်ကြိမ်သာမျက်နှာသစ်ပါ။ မျက်နှာသစ်လွန်းခြင်းကလည်း အရေပြားမှာရှိတဲ့ သဘာဝအဆီတွေ၊ အသားအရေကို ကာကွယ်ပေးနေတဲ့ အဆီတွေကုန်ခမ်းသွားစေပြီး အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ မနက် အိပ်ရာထတဲ့အချိန်မှာ ရေတစ်မျိုးထဲနဲ့ မျက်နှာသစ်ပြီးပုံမှန်သုံးနေကျ အစိုဓာတ်ထိန်း (Moisturizer) နဲ့ တိုနာ (toner) ကိုသုံးပြီး တစ်နေကုန်နေလို့ရပါတယ်။ တစ်နေ့တာကုန်ပြီး ညရောက်လာပြီဆိုရင်တော့ အသားအရေပေါ်ရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံးအချိန်ရောက်ပါပြီ။ ညဘက် မျက်နှာသစ်တဲ့အခါမှာ သင်သုံးနေတဲ့ မျက်နှာသစ်ဆေးဟာ သင့်အသားအရေနဲ့ ကိုက်ညီတာကိုပဲသုံးပါ။ (ဒီအခြေအနေမျိုးမှာတော့ အများအားဖြင့် နူးညံ့ပြီး နို့ပါဝင်တဲ့ မျက်နှာသစ်ဆေး ဖြစ်နိုင်ပါတယ်) ဒါမှသာ သင့်မျက်နှာ ရောင်ရမ်းလာတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

တကယ်လို့ သင့်မှာပုံမှန် သို့မဟုတ် အဆီပြန်တဲ့အသားအရည်ရှိခဲ့မယ်ဆိုရင်

တစ်ရက်၂ကြိမ် မျက်နှာသစ်ရမယ့်သူပါ။ အဆီတွေဟာ ညဘက်မှာ စုနေတတ်ပါတယ်။ ဒါကြောင့် မနက်မိုးလင်းတဲ့အခါ မျက်နှာသန့်စင်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအဆီတွေနဲ့ အညစ်အကြေးတွေဟာ နေ့ဘက်မှာထပ်ပြီး စုလာပြန်ပါတယ်။ ညဘက် မျက်နှာသန့်စင်ပေးခြင်းဟာ သင့်အသားအရေရဲ့ ကယ်တင်ရှင်လို့ ယူဆပြီးသာ သန့်စင်ပေးပါ။ သင်ဟာမျက်နှာအရေပြားရဲ့ အပေါ်ယံအညစ်အကြေးတွေတင်နေတဲ့ အရေပြားလွှာကို တစ်ရက်တစ်ခါ အပျော့စားဆပ်ပြာကို သုံးပြီးသော်လည်းကောင်း တစ်ပတ်တစ်ခါ ချေးချွတ်သန့်စင်ပေးတဲ့ ဆပ်ပြာကို သုံးပြီးသော်လည်းကောင်း ပုံမှန်သန့်စင်ပေးရမဲ့လူမျိုးပါ။

တကယ်လို့ သင်ဟာ နေ့ဘက်မှာ လေ့ကျင့်ခန်းလုပ်တဲ့ လူမျိုးဆိုရင်

ဘယ်လေ့ကျင့်ခန်း အမျိုးအစားကိုပဲလုပ်လုပ် ချွေးထွက်တဲ့အလုပ်ကို လုပ်ပြီးတာနဲ့ မျက်နှာကို သေချာဆေးကို ဆေးရမှာပါ။ ချွေးတွေကျန်နေခဲ့ရင် အရေပြားထဲ စိမ့်ဝင်ပြီးချွေးပေါက်တွေ ပိတ်ဆို့စေပါတယ်။ ဒီလိုဖြစ်ခြင်းက ဆားဝက်ခြံတွေ ဖြစ်စေတဲ့ အကြောင်းရင်းပါ။ တကယ်လို့ သင်က Locker room ထဲမှာ မျက်နှာသစ်ဖို့ အလွန် ပျင်းရိသူဖြစ်ပြီး သင့်မှာဒီလိုအဖြစ်တွေ မရှိသေးဘူးဆိုရင်လည်း ဖြစ်ချင်မှာတော့ မဟုတ်ပါဘူး။ သန့်စင်တဲ့ သဘက်ကို အမြဲတမ်းဆောင်ထားပါ။ ညစ်ပတ်တဲ့သဘက်ကို သုံးခြင်းက နဂိုမူလအသားအရေအခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ် (ဒါမှမဟုတ် သင်အရင်က ဘယ်တုန်းကမှ မဖြစ်ဘူးတဲ့ အခြေအနေတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်)

တကယ်လို့ သင်က မိတ်ကပ်လိမ်းနေတဲ့သူဆိုရင်

သင့်အသားအရေဟာ အလွန်အမင်း အဆီပြန်နေတာပဲဖြစ်စေ၊ sensitive ဖြစ်လွန်းတာဖြစ်စေ တစ်ခုကတော့ သေချာပါတယ်။ အဲ့ဒါကတော့ မိတ်ကပ်လိမ်းခြင်းဟာ ညဘက်မှာ မျက်နှာကို၂ခါသန့်စင်ရမယ်ဆိုတာပါပဲ။ ပထမအဆင့်မှာ မိတ်ကပ်တွေကို ဖယ်ရှားပြီး ဒုတိယအကြိမ်မှာတော့ အသားအရေကို သန့်စင်ပေးရမှာပါ။ တကယ်လို့ သင့်မျက်နှာကို သဘက်နဲ့သုတ်တဲ့အခါမှာ မိတ်ကပ်အကြွင်းအကျန်တွေ တွေ့နေ ရသေးရင် မျက်နှာသန့်စင်တဲ့အချိန်မှာ သင်လုပ်သင့်သလောက် သေချာ မလုပ်လို့ ဖြစ်တာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 08/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement