backup og meta

အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့

အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့

ခြင်ကိုက် မခံရဖူးတဲ့သူ ဆိုတာ မရှိသလောက် ပါပဲ။ ခြင်ကိုက်တဲ့အခါ အရေပြားမှာ ယားယံမှုတွေ ဖြစ်လာပြီး အနီရောင် အဖုလေးတွေ ကျန်နေတတ်ပါတယ်။ များသောအားဖြင့်ကတော့ အဝတ်တွေ လွတ်နေတတ်တဲ့ ခြေထောက် နဲ့ လက်တို့မှာ အဖြစ်များပါတယ်။ ဒီလို အရေပြားပေါ်က ခြင်ကိုက်ဖုတွေ များနေလို့ စိတ်ညစ်နေပြီလား ………….

ခြင်ကိုက်ဖုက အချိန်ကြာလာတာနဲ့အမျှ အညိုရောင် အစက်လေးတွေ အဖြစ် ကျန်ရှိနေတတ်ပါတယ်။ အသားအရေက ထိခိုက်လွယ်သူတွေမှာဆိုရင်တော့ ခြင်ကိုက်ဖုတွေက အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲ ရှိနေတတ်ပါတယ်။

ဒီလိုအရေပြားမှာ ကျန်နေတဲ့ ခြင်ကိုက်ဖုတွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲ မသိဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။

အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို ဒီလိုသက်သာအောင်လုပ်ပါ

အရေပြားပေါ်က ခြင်ကိုက်ဖုတွေ ကြောင့် စိတ်ညစ်ခံမနေပါနဲ့ ဒီနည်းလေးတွေ သုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။

ဗီတာမင် E

အရေပြားကို အနာကျက်စေနိုင်ပါတယ်။ ခြင်ကိုက်ဖုတွေ ကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ ဗီတာမင် E ကို တစ်နေ့နှစ်ကြိမ် ကနေ သုံးကြိမ်လောက်အထိလူးပေးပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးပြီး ခြင်ကိုက်ဖုတွေ ပေါ်မှာ တစ်နေ့နှစ်ကြိမ်ပွတ်ပေးပါ။ အမာရွတ်တွေနဲ့ ခြင်ကိုက်ဖုတွေ ပျောက်ကင်းစေပြီ အသားအရေ ဝင်းလက်စိုပြေလာစေမှာပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချလိုက်ပါ။

သံပရိုသီး

အရေပြားပေါ်က အမာရွတ်၊ အမဲစက်တွေကို သက်သာပျောက်ကင်းစေနိုင်ပြီး အသားအရေကို ဝင်းလက်စေနိုင်ပါတယ်။ သံပရိုသီးစိတ်လေးနဲ့ ခြင်ကိုက်ဖုပေါ်ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပေးပါ။ တစ်နေ့ နှစ်ကြိမ် ပုံမှန် လုပ်ပေးပါ။

သင်္ဘောသီး

သင်္ဘောသီးက အသားအရေအတွက်ကောင်းမွန်စေနိုင်ပါတယ်။ သင်္ဘောသီးကို ကြိတ်ခြေပြီး အနှစ်ကိုခြင်ကိုက်ဖုပေါ်မှာ အုံပေးပါ။ အရေပြားကစုပ်ယူနိုင်စေဖို့ ၁၀ မိနစ်လောက်ထားပြီးရေအေးနဲ့ဆေးချလိုက်ပါ။

အုန်းဆီ

အလွယ်ကူဆုံးနဲ့ အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုပေါ့။ အမာရွတ်တွေကို ပါးစေပြီး အသားအရေကို စိုပြေစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ဖုတွေကို အုန်းဆီလိမ်းပေးပါ။

ရှားစောင်းလက်ပပ်

အရေပြားအတွက် အသုံးဝင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပါ။ အတွင်းက ဂျယ်လီသားကို အအေးခံပြီးခြင်ကိုက်ဖုပေါ်မှာ ကပ်ပေးပါ။ တစ်နေ့ နှစ်ကြိမ်လုပ်ပေးပါ။

ပျားရည်

ပျားရည်က အရေပြားရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျားရည်ကို အရေပြားအတွက် အသုံးပြုခဲ့ကြတာပါ။ခြင်ကိုက်ဖုပေါ်မှာ ပျားရည်လိမ်းပေးပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ ယားယံမှုကို သက်သာစေပြီးခြင်ကိုက်ဖုတွေကို သက်သာစေမှာပါ။

ဗီနီကာ

ခြင်ကိုက်ဖုပေါ်ကို ဗီနီကာအစက်ချပေးပါ။ နည်းနည်းစပ်သလိုခံစားရနိုင်ပါတယ်။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ရေအေးလေးနဲ့ဆေးချလိုက်ပါ။

မျက်လုံးစပ်စေတတ်တဲ့ ကြက်သွန်နီက ခြင်ကိုက်ဖုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြက်သွန်နီ အရည်ကို ဂွမ်းစလေးနဲ့ ယူပြီး ခြင်ကိုက်ဖုပေါ်မှာ တို့ပေးလို့ရသလို ကြက်သွန်နီကို စိတ်ပြီး တစ်စိတ်ကို ယူလို့ ခြင်ကိုက်ဖုပေါ်မှာ ပွတ်ပေးရင်လည်း ရပါတယ်။ ခဏလောက် ထားပြီးရင်ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

ကြက်သွန်ဖြူ

ဆေးဖက်ဝင်တဲ့အရာအဖြစ် သိထားကြတဲ့ ကြက်သွန်ဖြူက အရေပြားပေါ်က ခြင်ကိုက်ဖုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူကို ထက်ပိုင်းပိုင်းပြီး ခြင်ကိုက်ဖုကို ပွတ်ပေးလို့ရသလို အရည်ကြိတ်ပြီး ခြင်ကိုက်ဖုပေါ်မှာ စွတ်ပေးလို့လည်း ရပါတယ်။ ခဏလောက် ထားပြီးရင်ရေအေးလေးနဲ့ ဆေးချလိုက်ပါ။
စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို ဒီနည်းလေးတွေ သုံးပြီး သက်သာအောင် လုပ်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ…..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

13 Home Remedies for Mosquito Biteshttps://www.healthline.com/health/outdoor-health/home-remedies-for-mosquito-bites Accessed Date 9 January 2019

How to Get Rid of Dark Spots From Mosquito Biteshttps://www.livestrong.com/article/254154-how-to-get-rid-of-dark-spots-from-mosquito-bites/ Accessed Date 9 January 2019

How To Get Rid Of Mosquito Bite Scars Naturallyhttps://m.dailyhunt.in/news/india/english/youngisthan-epaper-youngeng/how+to+get+rid+of+mosquito+bite+scars+naturally-newsid-74843046 Accessed Date 9 January 2019

ယခုပုံစံ

19/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

အရေပြားပေါ်မှာဖြစ်တဲ့ ရေကြည်ဖုတွေကို ဖောက်သင့်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement