backup og meta

ခေါင်းလျှော်ပေးခြင်းကနေ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ခေါင်းလျှော်ပေးခြင်းကနေ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

လူတော်တော်များများက နေ့တိုင်းနီးပါး ရေချိုးကြပေမယ့် ခေါင်းလျှော်ဖို့ကျ မေ့နေတတ်ပါတယ်။ ခေါင်းကနေ့တိုင်းလျှော်ဖို့ မလိုဘူးဆိုပေမယ့် အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်လောက်တော့ လျှော်ပေးသင့်ပါတယ်။ အကြောင်းကတော့ ဆံသားတွေ မှာလည်း ရောဂါပိုးတွေ ကပ်တွယ်နေနိုင်တာကြောင့်ပါ။

ခေါင်းလျှော်ပေးခြင်း နဲ့ ကျန်းမာရေး

ခေါင်းကို တလျှော်၊ ကင်ပွန်းသီးနဲ့ပဲ ဖြစ်ဖြစ် အလွယ်တကူလျှော်လို့ရတဲ့ Shampoo နဲ့ပဲဖြစ်ဖြစ် ပုံမှန်လေးလျှော်ပေးသင့်ပါ တယ်။ ဒီလို လျှော်ပေးတာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေများ ရနိုင်သလဲ….

ဆံသားတွေ ကျန်းမာစေနိုင်တယ်

ဆံပင်ကို ပုံမှန်လျှော်ပေးတာက ဆံသားတွေ ကျိုးတာပျက်တာနဲ့ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးရာ ရောက်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ ခပ်ကြမ်းကြမ်းပွတ်လျှော်တာမျိုး မလုပ်ဖို့တော့ လိုပါမယ်။

စိတ်ကြည်လင် လန်းဆန်းစေတယ်

ခေါင်းလျှော်လိုက်တဲ့အခါ စိတ်လက်ပေါ့ပါးသွားတာမျိုး ခံစားဖူးကြမယ်ထင်ပါတယ်နော်။ ခေါင်းပေါ့သွားတာပဲလို့တောင် ပြောဖူးမှာပါ။ တွေးရကြပ်လာတဲ့အခါ၊ စိတ်ရှုပ်လာတဲ့အခါမျိုးမှာ ခေါင်းလျှော်လိုက်ပါ စိတ်သက်သာရာ ရပါလိမ့်မယ်။

ခေါင်းချွေးနံ့ ကင်းစေတယ်

တစ်နေ့တာ လှုပ်ရှားသွားလာမှုကြောင့် ခန္ဓာကိုယ်မှာတင် မဟုတ်ပါဘူး။ ဦးခေါင်းမှာလည်း ချွေးထွက်တတ်ပါတယ်။ ဒီလိုချွေးထွက်လာတဲ့အခါ ဆံသားတွေကပ်တာ၊ ခေါင်းချွေးနံ့နံတာကြောင့် စိတ်ရှုပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ အနံ့ဆိုးကင်းပြီး နေ့ရက်တိုင်းကို ကြည်လင်လန်းဆန်းစွာဖြတ်ကျော်ချင်ရင်တော့ ခေါင်းပုံမှန်လျှော်ဖို့လိုပါမယ်။

ဦးရေပြား ကျန်းမာစေတယ်

ခေါင်းလျှော်တာက ဦးရေပြားမှာဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေကို ကင်းစေနိုင်ပါတယ်။ ဦးရေပြားကလည်း အရေပြားပဲ ဖြစ်တာကြောင့် သန့်ရှင်းမှု အားနည်းတဲ့အခါ အရေပြားပြဿနာ ခံစားရနိုင်ပါတယ်။

ဦးရေပြားကို သွေးစီးဆင်းမှု ကောင်းစေတယ်

ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို နှိပ်နယ်ပေးတဲ့ အကျင့်လေးလုပ်ပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း လက်ချောင်းထိပ်လေး တွေနဲ့ ခပ်ဖွဖွလေးလျှော်ပါ။ ဒီလိုလုပ်တာက ဦးရေပြားကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဆံသားရော ဦးရေပြားကိုပါ ကျန်းမာစေမှာပါ။

ဦးရေပြား အဆီပြန်တာကို သက်သာစေမယ်

ဦးရေပြား အဆီပြန်တယ်ဆိုတာက မျက်နှာအဆီပြန်သလို ဦးရေပြားမှာ အဆီတွေထွက်တာပါ။ ဒါက ကြော့ရှင်းမှုကို ထိခိုက်စေနိုင်သလို ဆံပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းဖို့ဆိုရင်တော့ ခေါင်းမှန်မှန် လျှော်ပါ။

ဗောက် သက်သာစေနိုင်တယ်

ဗောက်ဆိုတာက ဦးရေပြားပေါ်က ဆဲလ်သေတွေပါ။ ဗောက်ကြောင့် ဦးရေပြားယားယံပြီး ကုတ်မိတဲ့အခါ အနာတွေ ဖြစ်နိုင်ပါတယ်။ ဗောက်က ကြည့်တော့သာ ဘာမှမဟုတ်ပေမယ့် ဆံပင်ကျွတ်တာအပါအဝင် ဦးရေပြားနဲ့ဆံသားကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။

ဒီပြဿနာကို ကင်းချင်ရင်တော့ အကောင်းဆုံးနည်းလမ်းက ခေါင်းလျှော်တာပါ။

ဆံပင် သန်စေနိုင်တယ်

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ဒီတော့ လှပကြော့ရှင်းဖို့ဆိုရင် ဆံသားကျန်းမာနေဖို့က မရှိမဖြစ် လိုအပ် ပါတယ်။ ဒီတော့ ဆံပင်သန်စေဖို့ ခေါင်းလျှော်ပါ။ ခေါင်းလျှော်တာက မကျန်းမာတဲ့ ဆံသားတွေကို အားဖြည့်ပေးနိုင်သလို ကျန်းမာရေးအားနည်းနေတဲ့ ဆံပင်တွေကို ဖယ်ရှားပေးပြီး ဆံပင်အသစ်တွေထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

ဒီတော့ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ခေါင်းပုံမှန်လျှော်ပေးပါ။

ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ်

ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေက ဒုနဲ့ဒေးပါ။ ဒါတွေက အဝတ်အစားနဲ့ လက်မှာတင် ကပ်ပါလာနိုင်တာ မဟုတ်ပါဘူး။ ဆံပင်မှာလည်း ကပ်ပါလာနိုင်ပါတယ်။ ဒီတော့ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် ဆံပင်တွေကို ပုံမှန် သန့်ရှင်ပေးဖို့လိုပါမယ်။

ဝက်ခြံ ကင်းစေတယ်

ခေါင်းလျှော်တာက မျက်နှာ အသားအရေကျန်းမာစေဖို့လည်းအကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်ကို ပုံမှန်လျှော်တဲ့အခါဆံပင်က အညစ်အကြေးတွေ မျက်နှာကို လာထိနိုင်ခြေနည်းသွားပြီး ဝက်ခြံသက်သာစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Wash Your Hair Properly https://www.healthline.com/health/beauty-skin-care/washing-hair#water-temperature Accessed Date 30 March 2020

Daily Hair Washing: Learn About the Benefits https://youaremom.com/health/daily-hair-washing/ Accessed Date 30 March 2020

8 reasons why you SHOULD wash your hair every day https://hellogiggles.com/hair/8-reasons-wash-hair-every-day/ Accessed Date 30 March 2020

ယခုပုံစံ

10/12/2021

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ဆံသားကို ပျက်စီးစေသော ခေါင်းလျှော်နည်း ၅ မျိုး

နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။



Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement