backup og meta

ဆံသား နဲ့ မာလကာရွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံသား နဲ့ မာလကာရွက်

    ဆံသား နဲ့ မာလကာရွက်

    မာလကာရွက်က ဆံသားအတွက် တော်တော်လေးသင့်တော်တဲ့ သဘာဝ ပစ္စည်းတစ်ခုပေါ့။ မာလကာရွက်ကို ရေနွေးထဲထည့်ပြီးသောက်သုံးပေးလို့ရသလို မာလကာရွက်ပြုတ်ရည်ကို ဆံသားနဲ့ ဦးရေပြားကျန်းမာစေဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကို ဆံသားနဲ့ဦးရေပြားအတွက်တင်မဟုတ်ဘဲ ဝမ်းလျှောတာ၊ ချောင်းဆိုးတာနဲ့ သွားဖုံးရောဂါ၊ နားဝေဒနာတွေအတွက် အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကို ဗောက်သက်သာစေဖို့ သုံးလို့ရသလို အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုး မဖြစ်စေဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။

    (၁) မာလကာရွက်က ဆံပင်ကျွတ် သက်သာစေနိုင်တယ်

    ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာလို့ စိတ်ညစ်နေတာလား လေဒီ။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တဲ့ မာလကာရွက်က Oxidative stress တွေကြောင့် ဆံပင်ကျွတ်တာကို သက်သာစေပါလိမ့်မယ်။ သုတေသနတွေအရ မာလကာရွက်မှာ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် ပါဝင်ပြီး ဆံသားမွေးညှင်းအိတ်လေးတွေကို ကျန်းမာစေပြီး ဆံပင်တွေကို ပေါက်စေပါတယ်။

    မာလကာရွက်ကို စားသုံးပေးမယ်ဆိုရင် ကင်ဆာကြောင့် ဓာတ်ရောင်ခြည်ကုထုံးခံယူနေရတာကြောင့် ဆံပင်ကျွတ် တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    ဘယ်လိုသုံးရမှာလဲ ………

    မာလကာရွက်ပြုတ်ရည်ရရှိစေဖို့အတွက် ပါးပါးလှီးထားတဲ့ မာလကာရွက် လတ်လတ်ဆတ်ဆတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ရေနွေးဆူဆူထဲထည့်ပြီး ၁၀ မိနစ်ခန့်ပြုတ်ပေးပါ။ အအေးခံပြီး ဆံသားနဲ့ ဦးရေပြား ကိုနှံ့စပ်အောင်လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ပေးပါ။

    (၂) မာလကာရွက်က ဗောက်သက်သာစေနိုင်ပါတယ်

    ဗောက်တွေကလည်း အလှပျက်စေတဲ့ အရာတစ်ခုပါ။ ဗောက်က ဦးရေပြားကိုယားယံစေသလို ဆံသားအလှအပကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဗောက်တွေကြောင့် စိတ်ညစ်နေရလို့ ခေါင်းလျှော်ရည်အမျိုးမျိုး ပြောင်းလျှော်ကြည့်ပေမယ့် အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်တော့ သဘာဝဆေးတစ်လက်ဖြစ်တဲ့ မာလကာရွက်ကို သတိရလိုက်ပါနော်။ မာလကာရွက်က ဦးရေပြားယားယံတာ၊ ဆံပင်ကျွတ်တာနဲ့ ဗောက်တွေကို သက်သာစေနိုင်ပါတယ်။ မာလကာရွက်ကို သံလွင်ရွက်နဲ့ရောကြိတ်ပြီး အသုံးပြုပေးမယ်ဆိုရင်ဦးရေပြားကို ယားယံစေတဲ့ ဗောက်တွေကို သက်သာစေပြီး မှိုပိုးတွေနဲ့ ရောင်ရမ်းမှုတွေကိုပါသက်သာစေမှာ အသေအချာပါ။

    ဘယ်လိုသုံးရမှာလဲ……….

    မာလကာရွက် နဲ့ သံလွင်ရွက်တို့ကို ကြိတ်ပြီး ရေအနည်းငယ်နဲ့ ရောစပ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားမှာလူး ပြီး နာရီဝက်လောက်ထားလိုက်ပါ။ ပြီးရင်ရေဆေးချပြီး ခေါင်းလျှော်လိုက်ပါ။ တစ်လလောက်လုပ်ပေး မယ်ဆိုရင် ဗောက်သိသိသာသာပျောက်ကင်းသွားမှာပါ။

    (၃) အရွယ်မတိုင်ခင် ဆံပင်မဖြူအောင်ကာကွယ်ပေးပါတယ်

    မာလကာရွက် မှာပါတဲ့ quercetin လို့ခေါ်တဲ့ ဖလေဗာနွိုက်တစ်မျိုးက အရွယ်မတိုင်ခင် ဆံပင်ဖြူတာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ လေ့လာမှုတစ်ရပ်အရ မာလကာရွက်က မယ်လာနင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်တာကြောင့် ဆံပင်မဖြူအောင်ကာကွယ်ပေးနိုင်တယ်၊လို့သိရပါတယ်။

    ဘယ်လိုသုံးရမှာလဲ ………..

    ပြုတ်ထားတဲ့ ပျဉ်းတော်သိမ်ရွက် အရွက် ၂၀၊ မာလကာရွက် ၅ ရွက်၊ ပါးပါးလှီးထားတဲ့ ဇီးဖြူသီး ၁ လုံးတို့ကို အုန်းဆီစစ်စစ် ၂၀၀ မီလီလီတာထဲကိုရောထည့်ပြီး သမအောင်မွှေပါ။ ပြီးရင်အပူပေးလိုက်ပါ။ ပြီးရင်တော့ ဆီကို စစ်ပြီး ဖန်ပုလင်းအနက်ရောင်ထဲထည့်ထားပါ။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမဖြစ်အောင်ဂရုစိုက်ပါ။ ဒီဆီကို တစ်ပတ် တစ်ခါလူးပေးပါ။

    ဆံကေသာလေးက ကျော့ရှင်းလှပပြီး ကျန်းမာနေစေဖို့ မာလကာရွက်ကို အခုပြောပြခဲ့တဲ့ နည်းလေးတွေအတိုင်း အသုံးပြုပေးလို့ ရပါတယ်။ ဒီတော့ ကြုံတွေ့နေရတဲ့ ဆံသား ပြဿနာတွေကို အခုပဲ ဖြေရှင်း လိုက်ရအောင်လား……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement