backup og meta

အသားမာ တွေကြောင့် စိတ်ရှုပ်နေပြီလား

လက်ဖဝါး ခြေဖဝါးလေးတွေ နူးညံ့နေတာကို လူတိုင်း လိုလို သဘောကျတတ်ပါတယ်။ လေဒီလေးတွေဆိုရင် လက်ဖဝါး၊ ခြေဖဝါး နုနုကြည်ကြည်လေး ဖြစ်ချင်တဲ့ ဆန္ဒ မရှိသူ ခပ်ရှားရှားပါ။ ဒီတစ်ခေါက်တော့ ခြေဖဝါး လက်ဖဝါးတွေမှာ ဖြစ်တတ်တဲ့ အသားမာ တွေကြောင့် စိတ်ရှုပ်နေတဲ့သူတွေအတွက် ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

အသားမာဆိုတာ

အသားမာဆိုတာ နာမည်နဲ့လိုက်အောင် ပုံမှန် အရေပြားထက် ထူပြီး မာကြောတဲ့ အရေပြား အစိတ်အပိုင်းပါ။ များသောအားဖြင့် အရွယ်အစား သိပ်မကြီးဘဲ မာကျောနေတတ်ပြီး ယားယံတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။

အသားမာက ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်သလို အန္တရာယ်လည်း မရှိပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

အသားမာ အမျိုးအစားများ

အသားမာတွေကို အဓိက အနေနဲ့ အမျိုးအစား (၃) မျိုး ခွဲထားပါတယ်။

  • မာကြောတဲ့ အသားမာအမျိုးအစား
  • သိပ်ပြီး မာကြောမှု မရှိတဲ့ အသားမာအမျိုးအစား
  • အလုံးလိုက်လေးတွေ ဖြစ်နေတတ်တဲ့ အသားမာအမျိုးအစား ဆိုပြီးတော့ပါ။

မာကြောတဲ့ အသားမာအမျိုးအစားက အဖြစ်များတဲ့ အသားမာအမျိုးအစားပါ။ အရွယ်အစားက သေးငယ်ပြီး မာကြောတဲ့ အရေပြားပေါ်မှာ ဖြစ်တာများပါတယ်။

သိပ်ပြီး မာကြောမှု မရှိတဲ့ အသားမာတွေကတော့ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင် ရှိတတ်ပြီး ရော်ဘာလိုမျိုး ခပ်ပျော့ပျော့ပါ။ ခြေချောင်းတွေ ကြားမှာ အများဆုံး ဖြစ်တတ်ပါတယ်။

အလုံးလိုက်လေးတွေ ဖြစ်တတ်တဲ့ အသားမာလေးတွေကတော့ ကြွက်နို့တို့လိုမျိုး အဖုလိုလေးတွေ ဖြစ်တာပါ။ သေးငယ်ပြီး ခြေဖဝါးလိုနေရာမှာ အဖြစ်များပါတယ်။

အသားမာက ထူလာလေလေ နာလေလေပါ။ အသားမာက အရေပြားရောဂါ တစ်မျိုးပါ။ အရေပြားပေါ်ကို သက်ရောက်နေတဲ့ ဖိအားကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အနေအထား တစ်ရပ်ပါ။

အသားမာကို သက်သာစေဖို့

အသားမာကို သက်သာစေဖို့ 

အသားမာတွေကို သက်သာအောင် နေအိမ်မှာ အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။

ရေနွေးစိမ်ပါ

အသားမာ တက်တာကို သက်သာစေဖို့ ရေနွေးနွေးလေးထဲမှာ အသားမာတက်တဲ့နေရာကို ၁၀ မိနစ်လောက်စိမ်ထားပါ။ ပြီးရင် အဝတ်စ ကြမ်းကြမ်းလေးနဲ့ ပွတ်တိုက်ပေးပါ။

ချေးတွန်းကျောက်နဲ့ တွန်းပါ

ချေးတွန်းကျောက်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အသားမာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ချေးတွန်းကျောက်ကို ရေနွေးနွေးထဲမှာ စိမ်ထားပြီး အသားမာကို တိုက်ပေးပါ။ စက်ဝိုင်းပုံအတိုင်း ခပ်ဖွဖွလေး တိုက်ပေးပါ။ ဒီလို လုပ်ပေးတာက အသားမာတွေကို သက်သာစေနိုင်မှာပါ။

အစိုဓာတ်ထိန်း ခရင်မ် လိမ်းပေးပါ

အသားမာပေါ်မှာ အစိုဓာတ် ထိန်းခရင်မ် ဒါမှမဟုတ် salicylic acid ပါတဲ့ ခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ။ ဒီလို လိမ်းပေးတာက အသားမာကို သက်သာစေနိုင်ပါတယ်။

ဆီးချိုရောဂါ ရှိမယ်။ သွေးစီးဆင်းမှု သိပ်မကောင်းဘူး။ အရေပြား ပါးမယ်ဆိုရင်တော့ salicylic acid ပါတဲ့ ခရင်မ်ကို မလိမ်းပါနဲ့။

အသားမာ ကပ်တဲ့ ပလာစတာ ကပ်ပါ

အသားမာတက်တာကို ပိုပြီး ဆိုးမလာစေဖို့နဲ့ သက်သာစေဖို့ဆိုရင် အသားမာကို အသားမာကပ်တဲ့ ပလာစတာလေး ကပ်ပေးထားလို့ ရပါတယ်။ ဒီလို လုပ်ထားတာက အသားမာကို ပါးသွားစေပြီး မြန်မြန်သက်သာစေပါတယ်။

ကြက်ဆူဆီ

အသားမာတက်တဲ့နေရာကို ကြက်ဆူဆီ လိမ်းပေးတာကလည်း အသားမာကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ နေ့တိုင်း ပုံမှန်လေး လိမ်းပေးဖို့တော့ လိုပါမယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို အသားမာတက်တဲ့နေရာမှာ ပုံမှန်လေး လိမ်းပေးတာက အသားမာ တက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

အသားမာ တွေကြောင့် စိတ်ရှုပ်နေပြီလား ………. ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Corns and Calluses https://www.medicinenet.com/corns/article.htm Accessed Date 10 November 2021

8 Reliable Home Remedies for Corns and Calluses https://www.thehealthy.com/foot-care/home-remedies-for-corns-calluses/ Accessed Date 10 November 2021

ယခုပုံစံ

04/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငါးမျက်စိနဲ့ အသားမာအကြောင်း အခြေခံအချက်အလက်များ

အသားမာတက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/05/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။