backup og meta

ဆား ကပေးတဲ့ အလှအပတရား

ဆား ကပေးတဲ့ အလှအပတရား

ဆားက ဟင်းလျာတွေ အရသာရှိအောင် ပေါ့နေတာ အရသာ ရှိသွားအောင် စားဖို့ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ ကဲ …. ဆား ကပေးတဲ့ အလှအပတရား အကြောင်း လေ့လာလိုက်ရအောင်နော်။

ဆား ဆိုတဲ့နေရာမှာ အရောင်ချွတ် သန့်စင်ထားတဲ့ ဆားထက် သဘာဝအတိုင်း ရှိနေတဲ့ ပင်လယ်ဆားက ပိုကောင်းပါတယ်။

ဆား ကပေးတဲ့ အလှအပတရား

ဟင်းလျာတွေကို အရသာ ပြည့်ဝစေတဲ့ ဆားက အလှအပ အတွက် အခုလို အထောက်အကူ ပြုပေးနေပါတယ်။ ဆား ကပေးတဲ့ အလှအပတရား ကတော့

အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့က အလှအပအတွက် အရေးပါတဲ့ အချက် တစ်ခုပါ။ အခြား အရာတွေကို မသုံးချင်ရင်တောင် ရေနဲ့ဆားကို ရောပြီး အရေပြားမှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ နှိပ်နယ်တဲ့ အခါ ခပ်ဖွဖွလေး နှိပ်နယ်ပေးဖို့ လိုပါမယ်။

ဆားက အရောင်ကျစေနိုင်ပြီး အရေပြား​ပေါ်က အနာတွေကို ကျက်စေနိုင်ပါတယ်။ ဆားရည် နဲ့ ရေချိုးတာက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

အနာတွေကို ဆားရည်နဲ့ ဆေးကြောပေးတာက အနာကျက် မြန်စေပါတယ်။

  • အသားအရေကို glow စေတယ်

အသားအရေ glow ပြီး ကျန်းမာစေဖို့ ဆိုရင် ထိုက်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ဖို့ လိုပါမယ်။ တစ်နေ့တာမှာ ဆား နည်းနည်း ထည့်ထားတဲ့ ရေတစ်ခွက်စာလောက် သောက်ပေးပါ။

ဒီလို သောက်ပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ကိုယ်တွင်းက ရောင်ရမ်းတာကို သက်သာစေတယ်။ သဘာဝအတိုင်း အသားအရေကို glow ချင်တယ် ဆိုရင် ဆား နည်းနည်းထည့်ပြီး ရေသောက်ပေးလို့ ရပါတယ်။

မျက်နှာက ဝက်ခြံကို သက်သာစေဖို့ ဆိုရင် ဆားကို အသုံးပြုပေးလို့ ရပါတယ်။ ဆားက အရေပြားကို အစိုဓာတ် ထိန်းပေးသလို ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ထဲက အဆီတွေ နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ဝက်ခြံတွေ အများကြီး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရှိနေတဲ့ ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။

အသားအရေအတွက် အပြင်

  • ခြေဖဝါးလေးတွေ နူးညံ့ပြီး အနာအဆာ ကင်းစေဖို့၊
  • အနံ့အသက် ကင်းစေဖို့ ၊
  • သွားတွေ ကြံ့ခိုင်ပြီး လှပစေဖို့၊
  • ခံတွင်း အနံ့ဆိုး ကင်းစေဖို့၊
  • ဆံသားတွေ ကျန်းမာစေဖို့၊
  • ဦးရေပြား ကျန်းမာစေဖို့ အတွက်လည်း ဆားကို အသုံးပြုပေးလို့ ရပါတယ်။

ကဲ …. အလှအပအတွက် ဆားကို အခုလိုလေး အသုံးပြုလို့ ရတာ သိသွားပြီဆိုတော့ နောက်ဆို အလှအပအတွက် ဆားလေးကိုပါ ဖည့်အသုံးပြုလိုက်တော့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Salt Water Benefits: Some beauty benefits of salt water https://www.lifealth.com/lifestyle/beauty/salt-water-benefits-beauty-benefits-salt-water-mj/90155/ Accessed Date 17 August 2020

7 Beauty Benefits of Salt Water https://www.prettydesigns.com/7-beauty-benefits-salt-water/ Accessed Date 17 August 2020

ယခုပုံစံ

24/02/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆားဘယ်လောက် စားသင့်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement