ဒါ့ပြင် ကလေးရဲ့ အမူအကျင့်အရ လက်ဆေးချင်မှ ဆေးမယ်၊ နှာခေါင်းစည်းလည်း တပ်ဖြစ်ချင်မှ တပ်ဖြစ်မယ်ဆိုရင် ဗိုင်းရပ်စ်ကို အလွယ်တကူ ဖြန့်နေသလိုဖြစ်စေပါတယ်။
ကလေးတွေက ကပ်ရောဂါမှာ အရေးပါလာပါပြီ
ကြီးကြီးကျယ်ကျယ် ပြောရရင် ကလေးတွေက ကပ်ရောဂါထိန်းချုပ်မှုမှာ အများကြီး အရေးပါလာပါပြီ။ လူကြီးတစ်ယောက်စီကနေ ကလေးဆီကို ရောဂါကူးလာမယ်။ သူကလက္ခဏာမပြခဲ့ဘူးဆိုရင် တခြားလူတွေက ပုံမှန်လို့ပဲ ထင်ပြီး ဒီကလေးနဲ့ အနီးကပ်နေကြမယ်။
အထူးသဖြင့် ကလေးတွေ စုဝေးတဲ့နေရာ (ဥပမာ ကျောင်း) မှာ လူကြီးတစ်ယောက်က ရောဂါပိုးပါလာမယ်။ ကလေးဆီကို ကူးမယ်။ ဒီကလေးတွေက အိမ်ပြန်သွားမယ်ဆိုရင် အိမ်ကို ပိုးတွေ ပါသွားမယ်။ မိသားစုဝင်တွေကို ကူးမယ်။ ဒီကနေမှ ဆက်ကာဆက်ကာ ကူးမယ်။ တချို့လူကြီးတွေ ပြင်းထန်တဲ့ အခြေအနေကို ရောက်သွားမယ်။
ဒါ့ပြင် ကလေးတွေကလည်း အိမ်ပြန်ပြီဆို လူကြီးတွေနား ကပ်မှာပါပဲ။ လက္ခဏာမပြတဲ့အတွက် လူကြီးတွေကလည်း အကပ်ခံမှာပဲ။ ဒီလိုနဲ့ ဘယ်လိုကနေ ဘယ်လို ကူးသွားလဲ မသိဘူးဆိုတာတွေ ဖြစ်လာတာပါ။
ဒါကြောင့် လူကြီးတင်မကဘူး။ ကလေးတွေကိုပါ တတ်နိုင်သမျှ စုဝေးတာမျိုး မလုပ်ဖို့ လိုပါတယ်။ သူတို့ကနေ မသိလိုက်ဘဲ အဆင့်ဆင့် ကူးနေရင် ပိုပိုပြီး များလာမှာပါ။
မိဘတွေ ဘာကို သတိထားသင့်သလဲ။
မိဘတွေက အိမ်မှာ လူကြီးတွေ ဖျားပြီ၊ ကိုဗစ် လက္ခဏာပြပြီဆိုရင် ကလေးကို အဘိုးအဘွားတွေ အိမ်၊ အမျိုးတွေ အိမ် ပို့တတ်ကြပါတယ်။ ကလေးက အကောင်းကြီး ရှိသေးတယ်ဆိုပြီး တခြားအိမ်ပို့ထားတတ်ကြပါတယ်။ ဒါမျိုး လုံးဝမလုပ်သင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။