backup og meta

သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ           

    သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ

    Valentine’s Day ကြီးကလည်း နီးကပ်လာပြီဆိုတော့ သင့်ချစ်သူနဲ့ Romance အချိန်လေးတွေ ဖန်တီးလို့ကောင်းစေမယ့် အစားအသောက်လေးတွေကို ဖော်ပြပေးမယ်နော်။

    သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ

    အောက်ဖော်ပြပါ အစားအသောက်တွေက သင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ လာမယ့် Valentine’s Day မှာ သင့်အချစ်တွေကို ဖော်ပြပြီး သင့်ချစ်သူကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်း လိုက်ပါ။

    • ချောကလက် – Valentine’s Day ရဲ့ မပါမဖြစ်ပါပဲနော်။ ချောကလက်ဟာ သင့်ဦးနှောက်မှာ ရှိတဲ့ Serotonin  ဆိုတဲ့ဟော်မုန်းကို မြှင့်တင်ပေးခြင်းဖြင့် သင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးပါတယ်။ ဒါ့အပြင် ချောကလက်မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကသင့်ကို လန်းဆန်းတက်ကြွစေပြီး PEA ဆိုတဲ့ဒြပ်ပေါင်း ကတော့ သင့်လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေကို အသက်ဝင်လာစေမှာပါ။ ချိုမြိန်မှုတွေပြည့်နှက်နေတဲ့ ချောကလက်ဟာ သင့်ချစ်သူကို အမိအရညှို့ယူနိုင်မှာပါ။
    • ဝိုင်နီ (Red Wine) – သင့်ရဲ့ Date လေးဟာ ဝိုင်နီလေးနှစ်ခွက်ကိုထည့်သွင်းလိုက်ရုံနဲ့ ပြည့်စုံသွား စေမှာပါ။ အရက်ပမာဏအနည်းငယ်ဟာ သင့်ရဲ့ဦးနှောက် အစိတ်အပိုင်းအချို့ကို နှိုးဆွပေးပြီးသင့် အချစ် စိတ်တွေတက်ကြွလာမှာပါ။ ပြီးတော့ သင်ဟာကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပြည့်ဝလာပြီး သင့်ရဲ့စိတ် အာရုံခံစားမှုတွေဟာလည်း အလွန်ကောင်းလာပါလိမ့်မယ်။
    • ဗနီလာ (Vanilla) – Vanilla အရသာရောယှက်ထားတဲ့ ရေခဲမုန့်လေးတစ်ခွက်က သင့် ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းစေပြီး သင့်ရဲ့ Date လေးကို ပိုပြီးပြည့်စုံစေမှာပါ။
    • ဂျင်ဆင်း – ဂျင်ဆင်းကို ဆေးဖက်ဝင်ဆေးမြစ်လို့ အားလုံးက အသိအမှတ်ပြုပြီးသားပါ။ ဂျင်ဆင်းဟာ လိင်အင်္ဂါတွေဆီကို သွေးလည်ပတ်မှုကောင်းကောင်းရောက်အောင် ကူညီပေးနိုင်ပါတယ်။ လိင်ကိစ္စမစွမ်းဆောင်နိုင်တော့တဲ့ သူတွေအတွက်လည်း အထောက်အကူ အများကြီးပေးနိုင်ပါတယ်။ သင့်ရဲ့ကာမစိတ်ကို သဘာ၀အတိုင်း တက်ကြွစေမယ့်အရာပါပဲ။
    • ငရုတ်သီး – ငရုတ်သီးစားပြီး သင့်ခန္ဓာကိုယ်ရဲ့အပူချိန်ကို မြှင့်တင်လိုက်ပါ။ ပူလာတဲ့သင့် ခန္ဓာကိုယ်မှာ နှလုံးခုန်နှုန်းတွေမြန်လာမယ်။ ပြီးတော့ Endorphins ဆိုတဲ့ ဒြပ်ပေါင်းထွက်လာ နိုင်ပါတယ်။ Endorphins ဟာ သင့်ရဲ့စိတ်ခံစားမှုကောင်းလာအောင် တာဝန်ယူပေးနိုင်ပါတယ်။ ငရုတ်သီးကို ကိုင်ပြီးရင် လက်ပြန်ဆေးဖို့တော့မမေ့ပါနဲ့နော်။
    • ကမာ – သင့်ရဲ့ Dinner မှာ ကရုကမာကောင်တွေ၊ ယောက်သွားတွေကိုလည်း ထည့်သွင်းစားသုံး သင့်ပါတယ်နော်။ ဒီလိုပင်လယ်စာတွေဟာ ဇင့်ဓါတ်ပါဝင်မှုများပါတယ်။ ဇင့်ဟာသင့်ရဲ့ ကျားဟော်မုန်းနဲ့ Serotonin ဟော်မုန်းကို မြှင့်တက်စေနိုင်ပါတယ်။
    • သလဲသီး – သလဲသီးဟာ အမြင်လှရုံသာမက အနီရောင်တွေ ပြည့်နှက်နေတာကြောင့် သင့်အချစ်စိတ်ကို နှိုးဆွပေးပါတယ်။ Antioxidant ဆိုတဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တိုးပစ္စည်း တွေပါတာကြောင့် သင့်ခန္ဓာကိုယ်ကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။
    • ဂျင်း(ချင်း) – သင့်ရဲ့အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အာရှရဲ့ဟင်းခေတ်အမွှေးအကြိုင်တစ်ခု ဖြစ်တဲ့ ဂျင်း(ချင်း)ဟာသင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ အရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။
    • သဖန်းသီး– သဖန်းသီးမှာပါဝင်တဲ့ Amino Acid က သင့်ရဲ့ မျိုးပွားမှုစနစ်ကို ကောင်းမွန်စေပါ တယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ နိုက်ထရစ်အောက်ဆိုဒ် ပမာဏကို မြှင့်တင်ပေးပြီး သင့်ရဲ့ကာမစိတ်ကို မြင့်တက်စေပါတယ်။
  • ဖရဲသီး – ဖရဲသီးမှာလည်း Amino Acid ပါဝင်ပါတယ်။ သင့်ရဲ့သွေးလည်ပတ်မှုကို ကောင်းစေပြီး သင့်ရဲ့ကာမစိတ်ကို မြင့်တက်စေပါတယ်။
  • ထောပတ်သီး – သင့်ရဲ့ Date အတွက် တော်တော်လေး အရေးပါတဲ့အသီးပါ။ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ ခွန်အားတိုးစေမှာပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါသေးတယ်။
  • ဟင်းနုနွယ်ရွက် – ဟင်းနုနွယ်မှာ မက္ကနီဆီယမ်ဓာတ်များစွာ ပါဝင်ပါတယ်။ အမျိုးသားတွေရဲ့ ခံနိုင်ရည်အားကို တိုးမြှင့်ပေးမှာပါ။
  • လက်ဖက်စိမ်း – Green Tea တစ်ခွက်ကလည်း Date မှာ မပါမဖြစ်ပါပဲနော်။ Green Tea ဟာ သင့်ရဲ့ မျိုးပွားအင်္ဂါအတွက် အကျိုးပြုစေတဲ့ ဖျော်ရည်တစ်ခွက်ပါ။
  • ကော်ဖီ – အမျိုးသမီးအတွက် အများကြီးအထောက်အပံ့ပေးတဲ့အရာပါ။ ‘မ’ ဟော်မုန်းကို ထိန်းညှိပေးပြီး ကာမဆန္ဒကို နိုးကြားစေမှာပါ။
  • Almond စေ့ – အိုမီဂါ (၃) ပါဝင်မှုကြောင့် “ကျား” ဟော်မုန်း ထုတ်လုပ်မှုကို များစေပါတယ်။ ဒါ့အပြင် သုက်ကောင်တွေရဲ့ အရည်အသွေးကို မြှင့်တင်စေနိုင်ပြီး သင့်ရဲ့စွမ်းဆောင်မှုကို တိုးတက် စေမှာပါ။
  • ဒီလိုဆိုရင်တော့ သင့်ရဲ့ချစ်သူများနေ့အတွက် စိတ်ကူးကောင်းလေးတွေရပြီလို့ မျှော်လင့် ပါတယ်။ သင့်ရဲ့ Date လေးဟာ ပိုပြီးအသက်ဝင်လာမှာပါ။ ဒီအစားအစာတွေဟာ ဖေဖော်ဝါရီလတင် မဟုတ်ဘဲ သင့်နဲ့သင့်ချစ်သူရဲ့ ချစ်ခရီးလမ်းတစ်လျှောက်လုံးအတွက် အကျိုးရှိစေမှာပါနော်။ ပျော်ရွှင်စရာ Valentine Day လေးဖန်တီးနိုင်ပါစေ။

    ရေးသားသူ – ဒေါက်တာမှူး

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement