လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အစိုးမရတဲ့ ပူလိုက်အေးလိုက် မိုးရွာလိုက်ြဖစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းကခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲကနာသလိုတွေဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊နှာပိတ်၊ချောင်းဆိုးတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ ခန္ဓါကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။

ဒီအချက်တွေကြောင့်လည်ချောင်းနာနိုင်ပါတယ်

လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ –

လည်ချောင်းနာတာကြောင့်တစ်နေ့တာအလုပ်တွေအနှောင့်အယှက်မဖြစ်ချင်ဘူးဆိုရင်တော့

လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံး တံထွေးမျိုချရင်တောင်တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ ဒီတော့ လည်ချောင်းနာတာကြောင့် တစ်နေ့တာမှာ ထိခိုက်တာတွေမဖြစ်စေဖို့ဆိုရင် ဒါလေးတွေလုပ်ကြည့်ပါ။

  • ပြည့်ပြည့်ဝဝအနားယူပေးပါ – အိပ်ရေးဝဝအိပ်စက်တာမျိုးလုပ်ပေးပါ။ဖြစ်နိုင်ရင် အလုပ်တွေခဏဖယ်ထားပြီးအေးအေးဆေးဆေးနားလိုက်ပါ။
  • အရည်များများသောက်ပါသောက်ရေ၊ စွပ်ပြုတ်ကစလို့ သစ်သီးဖျော်ရည်အဆုံး ခန္ဓါကိုယ်အတွက်ရေဓါတ်ြဖည့်ပေးနိုင်မယ့် အရည်တွေသောက်သုံးပေးပါ။ ဒါပေမယ့် သကြားများတာတွေ၊ ကော်ဖီနဲ့ အရက်ဘီယာတို့ကတော့ အဆင်မပြေပါဘူး။
  • ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – ပတ်ဝန်းကျင်က မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့အတွက် ကိုယ်နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။
  • အစိုဓါတ်ထိန်းစက်ဖွင့်ထားပါ – ကိုယ်ရှိနေတဲ့ အခန်းထဲမှာ အစိုဓါတ်ရှိနေစေဖို့ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးလုပ်ပေးပါ။
  • ရေနွေးနဲ့အာလုပ်ကျင်းပါ – လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက်ရေနွေးခပ်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးပါ။
  • ခံတွင်းသန့်ဆေးရည်သုံးပါ – လည်ချောင်းနာတာကို အထိရောက်ဆုံးသက်သာပျောက်ကင်းစေပြီး နောက်ဆက်တွဲဖျားနာတာတွေမဖြစ်စေဖို့ဆိုရင်Mouth wash ကိုသုံးပြီး လည်ချောင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ပါတယ်။
  • ဆားရည်နဲ့အာလုပ်ကျင်းပေးပါ – လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပေါ့။ရေနွေးထဲမှာ ဆားထည့်ပြီး ပလုပ်ကျင်းပေးရုံပါ။
  • ဆေးလိပ်ငွေ့လိုမျိုး ဓါတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေကိုရှောင်ပါ – လည်ချောင်းနာနေချိန်မှာဆေးလိပ်လုံးဝမသောက်ပါနဲ့။ တဆင့်ခံဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှရှောင်ပါ။
  • ငုံဆေးငုံပါ – လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်းရပါတယ်။
  • ပျားရည်စားပေးပါ – သဘာဝဆေးဖက်ဝင်ဖြစ်တဲ့ ပျားရည်စစ်စစ်ကိုသောက်ပေးမယ်ဆိုရင်လည်း လည်ချောင်းနာတာကို သက်သာစေမှာပါ။
  • ကြက်သွန်ဖြူစားသုံးပေးပါ ကြက်သွန်ဖြူများများထည့်ထားတဲ့ ဟင်းခါးသောက်တာမျိုးလုပ်ပေးရင်လည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
  • ပဲနံ့သာစေ့စားသုံးပေးပါ -ရေနွေးထဲကို သန့်စင်နေအောင်ဆေးကြောထားတဲ့ ပဲနံ့သာစေ့ထည့်ပြီးသောက်သုံးပေးလို့ရပါတယ်။

လည်ချောင်းမနာအောင် ဘယ်လိုကာကွယ်မလဲ

  • အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကိုရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီးသေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။
  • ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။
  • တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။
  • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • အာဟာရြပည့်ဝမျှတအောင်စားသုံးပေးပါ။
  • အပူအစပ်လွန်ကဲတာတွေကိုရှောင်ပါ။
  • ဓါတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ။
  • ဆေးလိပ် နဲ့ အရက်ကိုတတ်နိုင်သမျှရှောင်ပါ။

အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပြီး သင့်တစ်နေ့တာကို လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အနေအထားကနေ ကယ်ဆယ်လိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရင်း ဟစ်ရင်း အားတွေ ပါလာတဲ့အခါ လည်ချောင်းကွဲ တာ ဖြစ်တတ်ပါတယ်။ မလန့်ဘဲ ခုပြောထားတာတွေကို သေချာလုပ်ပါ။ အသံကို အနားပေးဖို့လည်း မမေ့ပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ အသံပြာသွားတာ၊ အသံဝင် သွားတာကို Hoarseness လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး တွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

drinking-too-much-during-the-pandemic

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read