backup og meta

အတက်ရောဂါဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လို ထိခိုက်နိုင်သလဲ


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတက်ရောဂါဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လို ထိခိုက်နိုင်သလဲ

    ဝက်ရူးပြန်ရောဂါဆိုတာ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ခံစားရတဲ့ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်ပုံ နှင့်အကြိမ်အရေအတွက် အပေါ်မူတည်ပြီး ကလေးတစ်ဦးမှ တစ်ဦးကွာခြားနိုင်ပါတယ်။ သူတို့ရဲ့ အတတ်ပညာဆိုင်ရာ သင်ယူနိုင်စွမ်း၊ အမူအရာနှင့် စိတ်ခံစားမှုဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းတို့နှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ မှာလိုက်လျောညီထွေ ဖြစ်နိုင်စွမ်း စတာတွေပေါ် မူတည်တာပဲဖြစ်ပါတယ်။ အတက်ရောဂါကို ဆေးတွေနှင့် ကောင်းမွန်စွာ ထိန်းချုပ် နိုင်ခဲ့မယ်ဆိုရင်တောင် ဒီလိုမျိုးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါတွေဟာ ဦးနှောက်ဖွဲ့စည်းမှု ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်မလုပ်ဆောင်နိုင်ခြင်း သို့မဟုတ် အတက်ရောဂါ ပျောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများ စတာတွေကြောင့် ဖြစ်ပါတယ်။

    ပညာသင်ကြားခြင်းဆိုင်ရာ ရလဒ်များ

    ဝက်ရူးပြန်ရောဂါ ရှိတဲ့ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ကလေး များနှင့် နှိုင်းယှဉ်လို့ ရပါတယ်။ သို့သော် သူတို့မှာ သင်ကြားမှုပိုင်းဆိုင်ရာနှင့် ပညာပါရမီ ပိုင်းဆိုင်ရာတို့တွင် ပြဿနာအချို့ ရှိနိုင်ပါတယ်။ အတွေးအခေါ်နှင့် စာလေ့လာခြင်းဆိုင်ရာ စွမ်းရည်တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း တချို့ပျက်စီး တာဟာ အဖြစ်များလေ့ရှိပါတယ်။ သူတို့ဟာ အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ ခြုံငုံသုံးသပ်နိုင်စွမ်းနှင့် ပညာပါရမီပိုင်းဆိုင်ရာ တွေမှာအခက်အခဲ ရှိနေနိုင်ပါတယ်။

    ဒါ့အပြင် ဦးနှောက်ရဲ့ ဆုံချက်နေရာတစ်ခုမှာ ပုံမှန်မဟုတ်တဲ့ အတွက်ကြောင့် ဒီလိုမျိုးကလေးတွေမှာ သင်ကြားမှု ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေရခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် နားထင်ပိုင်းတွင် ရှိသောဦးနှောက်ရဲ့ အမွှာအလယ်ပိုင်းမှာ အမာရွတ် ရှိနေတဲ့ ကလေးတွေဟာ လတ်တလော မြင်ဖူးကြားဖူးနေတဲ့ အရာတွေကို ပြန်မမှတ်မိ၊ မကြားဖူးပဲ ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် အခြားကိစ္စတွေဖြစ်တဲ့ တက်ခြင်း၊ အတက်ပျောက်ဆေးများ သောက်ထားခြင်း နှင့် မောပန်းနွမ်းနယ်ခြင်း စတာတွေက ခဏတာစာသင်ကြားမှု ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ တက်နေတဲ့အခါနှင့် တက်ပြီးတဲ့အခါမှာ မောပန်းနွမ်းနယ်ခြင်း နှင့် ဝေဝါးခြင်း တွေကစာသင်ကြား ကျက်မှတ်ရာတွင် မိနစ်ပိုင်းသို့မဟုတ် နာရီပိုင်းလောက်ထိခိုက်သွားနိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ ကလေးတွေမှာ များသောအားဖြင့် တွေ့ရတဲ့ ပင်ပန်းနွမ်းနယ်ခြင်းဟာ သူတို့ရဲ့ စာသင်ကြားလေ့လာ သင်ယူနိုင်စွမ်းကို လျော့ကျစေတဲ့ အရေးကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကလေးတွေရဲ့ စာလေ့လာသင်ယူနိုင်စွမ်းဟာ တစ်နေ့နဲ့ တစ်နေ့အပြောင်းအလဲ ဖြစ်နေပါတယ်။

    စိတ်ခံစားမှု ပိုင်းဆိုင်ရာ နှင့်အပြုအမှုပိုင်းဆိုင်ရာ ရလဒ်များ

    ဝက်ရူးပြန်ရောဂါရှိတဲ့ ကလေးတွေမှာ များသောအားဖြင့် စိတ်ခံစားမှု ပိုင်းဆိုင်ရာနှင့် အပြုအမှုပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ရှိလေ့ရှိပါတယ်။ တစ်ချို့သော ကလေးတွေမှာ ဝက်ရူးပြန်ရောဂါရှိ သော်လည်းအတက်သက်သာဆေးများ သောက်နေတဲ့ အတွက်သူတို့ရဲ့ အပြုအမူပိုင်းဆိုင်ရာ တွေမှာ ထိခိုက်မှု မရှိပါဘူး။ သို့သော် အချို့သော မိဘတွေက သူတို့ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူ ပိုင်းဆိုင်ရာ ပြောင်းလဲတာတွေကို သတိထားမိလေ့ရှိကြပါတယ်။ အဖြစ်များလေ့ရှိတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ နှင့်အပြုအမူပိုင်းဆိုင်ရာ အခက်အခဲ အချို့ကတော့ စိတ်ပူပန်မှု များခြင်း။ စိတ်ကျဝေဒနာ ခံစားရခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အလွန်လှုပ်ရှား တက်ကြွလွန်းခြင်း၊ ရန်မူတတ်ခြင်း၊ အကြောင်းအရာမရှိ ဒေါသထွက်လွယ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စကားပြောဆိုခြင်း ဆိုင်ရာ သို့မဟုတ် အပြုအမူ ပိုင်းဆိုင်ရာနှင့် ရန်လိုတတ်ခြင်း စတဲ့ လက္ခဏာတွေ အမြဲတမ်းသို့မဟုတ် ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေတတ်တဲ့ ဝက်ရူးပြန် ရောဂါရှိသောကလေးတွေအကြောင်းကို လေ့လာစမ်းသပ်မှု အနည်းငယ် ပြုလုပ်ထားတာတွေ ရှိပါတယ်။ ဒါ့အပြင် ဒီလိုကလေးတွေမှာ ရန်မူခြင်းဟာ ဘာကြောင့်ဖြစ်တယ် ဆိုတာကို တိတိကျကျ မသိထားပါဘူး။

    ထင်မြင်ရသည်ကတော့ ဒီလိုကလေးတွေဟာ အချို့သော အခြေအနေတွေ ကိုသူတို့အတွက် စိတ်အနှောင့် အယှက် ဖြစ်စရာလို့ ခံယူနေတာကြောင့် ဖြစ်ပါတယ်။ ဥပမာ ဝက်ရူးပြန်ရောဂါ ရှိတဲ့ အချို့ကလေးတွေဟာ အကြားအာရုံပိုင်းဆိုင်ရာနှင့် ပတ်သက်ရင် အလွန်ထိရှ လွယ်တတ်ပါတယ်။ စာသင်ခန်းထဲမှ အလွန်ဆူညံသောအသံများဟာ သူတို့ကို ပေါက်ကွဲစရာ အမူအရာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကလေးတွေဟာ များသောအားဖြင့် သူတို့ကိုယ် သူတို့ အပြစ်တင်လေ့ရှိပါတယ်။ ဥပမာ ငါဟာမကောင်းတဲ့သူတစ်ယောက်ပါ လို့ပြောတတ်ကြပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဖယ်ရှားပေးခြင်း သို့မဟုတ် ကလေးကို ဒီလို လှုံ့ဆော်မှုတွေကနေ ဖယ်ရှားပေးလိုက်ခြင်းဟာ တစ်ခါတရံမှာ သူတို့ရဲ့ ဒေါသပေါက်ကွဲမှုတွေကို ယုတ်လျော့သွားစေနိုင်ပါတယ်။

    လူမှု ဆက်ဆံရေးပိုင်းဆိုင်ရာ ရလဒ်များ

    ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ သက်တူရွယ်တူများ နှင့်လူမှုဆက်ဆံရေး ပိုင်းဆိုင်ရာအချိတ်အဆက် အပြောအဆိုများ စတာတွေဟာ အထူးသဖြင့် အရေးကြီး ပါတယ်။ ကလေးတွေဟာ အတက်ရောဂါ ရှိနေတဲ့အတွက်ကြောင့် စာလေ့လာရေးပိုင်းဆိုင်ရာမှာပဲ ဖြစ်ဖြစ်၊ ပြန်လည်ဖန်တီးနိုင်စွမ်းဆိုင်ရာ အတွေ့အကြုံမှာပဲ ဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေမှာပဲ ဖြစ်ဖြစ်အပြည့်အဝ ပါဝင်ဆောင်ရွက်ရခြင်း မရှိပဲနေတတ် ကြပါတယ်။ ကလေးအများစု ခွင့်ပြုချက်ရထားတဲ့ ပုံမှန်ကျောင်းတက်ကြွလှုပ်ရှားမှု အစီအစဉ်တွေမှာ အတက်ရောဂါရှိတဲ့ကလေးတွေရဲ့ မိဘတွေဟာ ကန့်ကွက်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကလေးကို လူမှုကွန်ယက်ကနေ ဖယ်ထုတ် လိုက်သလိုဖြစ်နိုင်ပါတယ်။ သီးခြားနေခိုင်းသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ လေ့လာသင်ယူစရာ အတွေ့အကြုံ ကောင်းတွေကနေ သီးသန့်ဖယ်ထုတ် လိုက်ခြင်းဟာ မိမိကိုယ်ကို မကောင်းမြင်ဝါဒတွေ ပိုများလာစေဖို့အတွက် အားပေးသလို ဖြစ်နေပါတယ်။ ဝက်ရူးပြန်ရောဂါ ရှိတဲ့ ကလေးအများစုဟာလည်းပဲ အခြားကလေးတွေ ပါဝင်ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားမှု တွေကို ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ရေကူးခြင်းလိုမျိုး၊ စက်ဘီးစီးခြင်းလိုမျိုး လှုပ်ရှားမှုတွေ လုပ်တဲ့အခါ အန္တရာယ်ကင်းအောင် ဘေးကနေ ရိုးရှင်းစွာလုပ်ဆောင်ပေးနိုင်ပါတယ်။ ဥပမာ သင့်ကလေး တက်လာတဲ့အခါမှာ ဘယ်လိုကူညီပေးရမယ်ဆိုတာကို သိတဲ့လူတစ်ယောက်နှင့် သင့်ကလေးကို ထားပေးသင့်ပါတယ်။

    အတက်ရောဂါဆိုတာ အလွန်ရှုပ်ထွေးသော ရောဂါတစ်မျိုးဖြစ်ပြီး ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုနှင့် လုပ်ငန်းဆောင်တာ လုပ်ဆောင်နိုင်စွမ်း စတဲ့အပိုင်းများစွာမှာ ထိခိုက်စေပါတယ်။ ရလဒ်အနေနဲ့ကတော့ ဒီလိုကလေး အများစုဟာ ကျောင်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေ ရလဒ်တွေမှာ များသောအားဖြင့် မအောင်မြင်ပဲ ရှိနေတတ်ကြပါတယ်။ ရွယ်တူ တန်းတူတွေနှင့် လူမှုဆက်ဆံရေး ပိုင်းဆိုင်ရာ တွေမှာလည်း အခက်အခဲတွေရှိကြပြီး လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များ မလုံမလောက်ဖြစ်ကာ မိမိကိုယ်ကို တန်ဖိုးမထားပဲ ရှိနေတတ်ကြပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement