ကလေး ဘယ်လိုမွေးဖွားသလဲ ……. သင့်ရဲ့ ဒုက္ခတွေကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် အဆုံးသတ်ကိုရောက်ဖို့ တွန်းအားအနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ ဒီနေရာကို မရောက်မချင်း ကလေး မမွေးပြီးမချင်း ဘယ်အရာကိုမှ မြန်မြန်ဆန်ဆန် လုပ်နိုင်မှာမဟုတ်ပါဘူး။
ဒါပေမယ့် အရာအားလုံး ပြောင်းလဲချိန်တန်ပါပြီ။ သားအိမ်ဝချဲ့ပြီးတဲ့အခါမှာတော့ ကလေးကို မွေးလမ်းကြောင်းတစ်လျှောက် တွန်းထုတ်ဖို့ပဲ ကျန်ပါတော့တယ်။
ကလေး ဘယ်လိုမွေးဖွားသလဲ
လူတွေရဲ့ တင်ပါးဆုံကွင်းဟာ ရှုပ်ထွေးတဲ့ပုံစံရှိပြီး သင့်ကလေးက ဗိုက်ထဲကထွက်လာနိုင်ဖို့ အလုပ်နည်းနည်းလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ သင့်ရဲ့ တင်ပါးဆုံကွင်းဟာ အပေါ်ပိုင်းမှာ ဘေးကို အကျယ်ဆုံးဖြစ်ပြီး အောက်ပိုင်းမှာတော့ ရှေ့နောက် အကျယ်ဆုံးဖြစ်ပါလိမ့်မယ်။
ကလေးရဲ့ခေါင်းဟာ ရှေ့နောက်မှာ အကျယ်ဆုံးဖြစ်ပြီး ပုခုံးတွေကတော့ ဘေးဘက်ကို ကျယ်တာပါ။ ရလဒ်အနေနဲ့ သင့်ကလေးက လှည့်ကိုလှည့်ရမှာဖြစ်ပြီး မွေးလမ်းကြောင်းနဲ့တည့်အောင် ပြုပြင်ရမှာပါ။
ဘာကြောင့်လဲဆိုတော့ မိခင်တိုင်းလိုလိုရဲ့ တင်ပါးဆုံကွင်းဟာ အဝင်ဝမှာ ဘေးဘက်ကိုအကျယ်ဆုံးဖြစ်ပြီး ကလေးအများစုက တင်ပါးဆုံကွင်းထဲကို ဘယ်ဘက် သို့မဟုတ် ညာဘက်ကိုလှည့်ပြီး ဝင်တတ်ကြပါတယ်။
တင်ပါးဆုံကွင်းရဲ့ ထွက်ပေါက်ဟာ အရှေ့အနောက် ကျယ်တာဖြစ်လို့ ကလေးဟာ မျက်နှာအပေါ်မော့တာဖြစ်စေ၊ အောက်ငုံ့လျက်ဖြစ်စေ (ပက်လက်ဖြစ်စေ၊ မှောက်ခုံဖြစ်စေ) လှည့်ပေးရပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ မွေးဖွားစဉ်မှာ မိခင်က တွန်းပေးတာကြောင့် ဖြစ်ရတာဖြစ်ပြီး မွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေက ပေးတဲ့ အားတွေကြောင့် ဖြစ်ရတာပါ။
ဒီလိုလှည့်တဲ့ လုပ်ငန်းစဉ်တွေအပြင် ကလေးဟာ မိန်းမကိုယ်အောက်ကို ဆက်တိုက်ဆိုသလို လျှောကျလာပါတယ်။ နောက်ဆုံးမှာတော့ ကလေးရဲ့ခေါင်းက အပြင်ကိုပေါ်ထွက်လာပြီး (ငယ်ထိပ်) မိန်းမကိုယ်အဝကို ချဲ့ပါတော့တယ်။
မိန်းမကိုယ်အဝဟာ လုံလောက်တဲ့အနေအထားအထိ ဆွဲဆန့်ထားပြီးတဲ့နောက်မှာ ကလေးရဲ့ခေါင်းဟာ ဆက်ထွက်လာပြီး (အများအားဖြင့် ခေါင်းကိုဆန့်၊ မေးကိုမော့လို့ထွက်လာတတ်ပါတယ်) ဒါကြောင့်ပဲ ကလေးတွေက သင့်ရဲ့ ဆီးခုံရိုးအောက်က ထွက်လာကြတာပါ။
ကလေးငယ်ဟာ အများအားဖြင့် မှောက်ခုံပုံစံနဲ့ ထွက်လာလေ့ရှိပြီး ပုခုံးထွက်လာမယ့်ပုံစံအတိုင်း အလျင်အမြန် တစ်ဘက်ကို လှည့်တတ်ကြပါတယ်။
ပြီးရင်တော့ ပုခုံးတစ်ဘက်စီထွက်လာမှာဖြစ်ပြီး ချောမွတ်လျင်မြန်စွာနဲ့ပဲ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေလည်း ထွက်လာပါတော့တယ်။ ကဲ.. ခုဆိုရင်တော့ သင့်ရဲ့ ကလေးလေးကို သင်ပိုက်ထွေးခွင့်ရပါပြီ။
သင်ဘာလုပ်နိုင်လဲ။ ညှစ်ထုတ်ခြင်းအတွက် နည်းလမ်းများ
သင့်ကလေးထွက်လာတော့မယ့်အချိန်ဟာ သင့်ရဲ့ ညှစ်အားဟာ မွေးဖွားခြင်းအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းပါပဲ။ သင့်ကလေးအပြင်ရောက်ဖို့အတွက် လိုအပ်တဲ့အချိန်ထက်ပိုကြာနေတဲ့အခါ ရှက်တာ ပုံမှန်မဟုတ်တာမျိုးနဲ့ ကြောက်ရွံ့ခြင်းတွေကို ခံစားရကောင်းခံစားရပါလိမ့်မယ်။
ဒါမှမဟုတ် ဆောက်တည်ရာမရ ဖြစ်တာမျိုးပေါ့။ ညှစ်ခြင်းကို ပိုပြီးလွယ်ကူစေဖို့ ဒီလိုအဆင်ပြေမယ့်အနေအထားတွေနဲ့ စတင်သင့်ပြီး ဆရာဝန်သို့မဟုတ် သားဖွားဆရာမတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါမယ်။
(၁) ကြားပိုင်းတစ်ခုကို သတ်မှတ်ပြီး ပုံမှန်ညှစ်ပေးပါ။
အများအားဖြင့်တော့ တစ်ခါညှစ်မယ်ဆို ၃ကြိမ်ညှစ်ပေးတာမျိုး ဒါမှမဟုတ် သင်အဆင်ပြေသလိုသတ်မှတ်ပါ။ တစ်ခါညှစ်ပြီးလို့ ပင်ပန်းပြီဆို နားနိုင်ပါတယ်။
(၂) ဝမ်းသွားတဲ့အခါညှစ်သလိုညှစ်ပါ။
ခန္ဓာကိုယ်နဲ့ ပေါင်တွေကို လျော့ထားပြီး ဝမ်းသွားသလို ညှစ်ပါ။ ဝမ်းသွားသလိုလို့ဆိုရာမှာ အာရုံတွေကို ညှစ်ဖို့တစ်ခုတည်းမှာစုထားပါ။ ဝမ်းတွေပါသွားမှာ၊ ဒါမှမဟုတ် ဆီးထွက်ကျမှာတွေကို တွေးတော စိတ်ပူမနေပါနဲ့ (ဒါက ကလေးမွေးတဲ့ မိခင်တိုင်းဖြစ်ပါတယ်။ မွေးဖူးတဲ့လူတိုင်းလည်း နားလည်ကြပါတယ်။ ဒါကိုမျှော်လင့်ထားပါ။ ဒါပေမယ့် ၂ခါပြန် တွေးမနေပါနဲ့)။
(၃) သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း လိုက်နာပါ။
နည်းလမ်းတကျ ညှစ်ခြင်းဟာ သင့်မှာ epidural ရှိခဲ့ဖူးတယ်ဆိုရင် အကူအညီဖြစ်မှာပါ။ သင့်ရဲ့ဆရာဝန်က၂ခါလောက်ညှစ်အပြီးမှာ ဆက်ပြီး မညှစ်ဖို့ အကြံပေးကောင်းပေးပါလိမ့်မယ်။ ဒါမှသာ အားတွေပြန်စုမိမှာ ဒါမှမဟုတ် ကလေးရဲ့ခေါင်း အမြန်ထွက်လာနိုင်မှာမဟုတ်လား။ ဘာကြောင့်လဲဆိုတော့ မေ့ဆေးဟာ ကလေးခေါင်းရဲ့ဖိအားကြောင့် အလုပ်လုပ်လာရမယ့် အာရုံကြောတွေကို ထုံထိုင်းစေတာကြောင့် သင်က သဘာဝအတိုင်းညှစ်တဲ့အားကို အပြည့်အ၀ ရရှိမှာမဟုတ်ပါဘူး။ တကယ်လို့သင်က ညှစ်ချင်တဲ့စိတ်ပေါ်လာမယ်ဆိုရင် အသက်ကို မြန်မြန်ရှူ ဒါမှမဟုတ် မှုတ်ထုတ်လိုက်ပါ။
(၄) မေးစေ့နဲ့ ရင်ဘတ်ကပ်ထားပါ။
တကယ်လို့သင်က ပက်လက်လှန်ထားမယ်ဆိုရင် မေးစေ့နဲ့ ရင်ဘတ်ကို ကပ်ထားပါ။ ဒါကသင့်ကို လိုအပ်တဲ့နေရာမှာပဲ ညှစ်ဖို့ အာရုံပိုရစေပါတယ်။ ဒါဟာ သင့်ရဲ့ချက်ကို ကြည့်နေဖို့အတွက်လည်း အကူအညီဖြစ်ပါတယ်။ ဒါမှသာ ဘယ်နေရာကို အခြေပြုပြီး ညှစ်ရမလဲဆိုတာ မှတ်မိနေမှာ မဟုတ်ပါလား။
(၅) အာရုံစိုက်ထားပါ။ ပရမ်းပတာညှစ်ခြင်းကို ရှောင်ပြီး သေချာ ထိန်းချုပ်ထားနိုင်ပါစေ။
သေချာတာတော့ သင်က သင့်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုညှစ်ချင်မှာမဟုတ်သလို မျက်နှာကိုလည်း ဖိအားတွေရှိနေစေချင်မှာမဟုတ်ပါဘူး ( ဒီလိုအဖြစ်မျိုးက သင့်မျက်လုံးထဲမှာ သွေးခြေဥတာမျိုး အမည်းစက်ထင်တာမျိုး ဒါမှမဟုတ် မျက်နှာမှာ ဒဏ်ရာဖြစ်သွားတာမျိုးတွေဖြစ်စေတတ်ပါတယ်။ ကလေးရဲ့ ပထမဆုံးသော လျှပ်တပြက်ရိုက်ချက်တွေရဲ့ အမှတ်တရတွေပေါ့)။
(၆) အနေအထားပြောင်းပါ။
တစ်ခါတလေမှာ ညှစ်ခြင်းက မွေးလမ်းကြောင်းအတိုင်း ကလေးကို မရွှေ့စေဘူးဆိုရင် ပုံစံပြောင်းလိုက်တာက အကူအညီဖြစ်ပါလိမ့်မယ်။
(၇) အောက်ကိုပဲ တွန်းထုတ်ပါ။ မတင်းထားပါနဲ့။
တင်းထားတာက မျက်နှာနီတာတွေ၊ မျက်လုံးသွေးကြောပေါက်တာတွေ၊ လည်ပင်းကြွက်သား တင်းတာတွေဖြစ်စေတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ ညှစ်အားက အောက်ကိုထက် အပေါ်ကိုရောက်နေတဲ့ လက္ခဏာတွေပါ။ တင်းထားတာက မောပန်းစေပါတယ်။
အဲ့ဒီအစား သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုသုံးပြီးအောက်ဘက်နဲ့ အပြင်ဘက်ကို တွန်းထုတ်ညှစ်ကြည့်ပါ။ ဒါဟာ သင် အပေါ့သွားတဲ့အခါ ပိုပြီးမြန်မြန်သွားနိုင်အောင် လုပ်သလိုပါပဲ။
(၈) မှန်ကိုကြည့်နေပါ။
သင့်ကလေးရဲ့ ငယ်ထိပ်လေးထွက်လာတာကို ကြည့်နေစရာရှိတဲ့အခါမှာ ဒီအရာက ပိုပြီးခက်ခဲကြမ်းတမ်းလာတဲ့အချိန်မှာ သင့်ကိုအားအင်ဖြစ်စေပါတယ်။ ဒါပေမဲ့ စိတ်ထဲထည့်ထားရမှာတစ်ခုက ဒီလိုညှစ်တယ်ဆိုတာ ၂လှမ်းသွား၊ ၁လှမ်းဆုတ်ပုံစံပါ။
ဒါကြောင့် သင့်ကလေးရဲ့ ခေါင်းထွက်လာပြီး ပြန်ပျောက်ကွယ်သွားတဲ့အချိန်မှာ ဆောက်တည်ရာမရ အလျင်စလိုမဖြစ်ပါနဲ့။ သင်ကခုချိန်ထိ အဆုံးသတ်တွေနဲ့ တစ်ပြလောက်လိုနေပါသေးတယ်။
သင့်ကလေးက မွေးဖွားနေစဉ် ဒဏ်ရာရနိုင်လား
မွေးဖွားတဲ့အဆင့်တွေအားလုံးထဲက အန္တရာယ်အများဆုံးအဆင့်မှာ ကလေးငယ်က ကျဉ်းမြောင်းတဲ့ မွေးလမ်းကြောင်းတစ်လျှောက် အညှစ်ခံထားရတာပါ။ သူဟာ မိခင်ရဲ့ တင်ပါးဆုံအတွင်းမှာ လှည့်ရတဲ့အနေအထားတွေလည်း ရှိခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒါတွေကတော့ ကလေးကို ထိခိုက်စေတယ်ဆိုတာ မရှိသလောက်ပါပဲ။ မွေးဖွားချိန်မှာ ကလေးရဲ့ နှလုံးခုန်နှုန်းဟာ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ ဖိအားကို ဖြေလျော့ဖို့အတွက် နှေးသွားပါတယ်။
ဒါဟာ ခန့်မှန်းလို့ရနိုင်ပြီး အန္တရာယ်ရှိတဲ့ကိစ္စမဟုတ်ပါဘူး။ တကယ်လို့သင့်မှာ မေးခွန်းတွေရှိနေခဲ့မယ်ဆိုရင် သင့်ဆရာဝန်ကိုမေးပါ။ သူက သေချာရှင်းပြပေးနိုင်ပါလိမ့်မယ်။
[embed-health-tool-pregnancy-weight-gain]