ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကလေးယူဖို့က အချိန်ယူရသလို အစီအစဉ်သေချာချရပါတယ်။ ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ရပါတယ်။ ဘေဘီလေး ရရှိစေမယ့် ကိစ္စကနေ စလို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ ကိုယ်ဝန်ရရှိနိုင်ခြေကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

ကိုယ်ဝန်ဆောင်ကာလ ဆိုတာ လေဒီလေးတိုင်းအတွက် အလှပဆုံး အခိုက်အတန့်ပါ။ ကောင်းမွန်ခြင်းတွေ၊ ပျော်ရွှင်မှုတွေနဲ့ မျှော်လင့်ချက်တွေကို မွေးဖွားစေတဲ့ ကာလပေါ့။ ဒီလီုဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတိုင်းက ပျော်ရွှင်ကြတယ်တော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲမှုကြောင့် ကိုယ်ဝန်ဆောင်လေဒီလေးတွေဟာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို ခံစားရတာ များပါတယ်။ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို အများဆုံး ခံစားမိတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျော်ပျော်နေပါ ကိုယ်ဝန်ဆောင်ချိန်မှာ စိုးရိမ်စိတ် များလွန်းတာက မေမေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေကို ထိခိုက်စေနိုင်သလို ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်နေဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်အောင်နေထိုင်တာက ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာစေနိုင်သလို ရောဂါဘယကင်းတဲ့ […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ဆောင်ကာလ ကို ရှာဖွေမည်။

မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုစားမယ်ကြံတိုင်း အရင်လို စားလို့ရပါ့မလား။ ကလေးကို ထိခိုက်နိုင်မလားဆိုပြီး တွေးမိတာ မေမေတိုင်းလိုလိုပါ။ အထူးသဖြင့် ကိုယ်အရင်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တာတွေကို စားချင်စိတ်ပေါ်လာရင်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ သူများတွေ အကင်တွေ ပူပူလောလော စားကြတဲ့အခါ ကိုယ်လည်း စားချင်တာပေါ့။ ဒီအခါ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ မေးခွန်းက ခေါင်းထဲ ဝင်လာပြန်ရော။ ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရပါတယ်။ ဒါပေမဲ့ သတိထားရမယ့်အချက်တွေတော့ ရှိတာပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ခုခံအား နည်းနေတဲ့အချိန်ဖြစ်တာကြောင့် အစားအသောက်ကနေ ပါလာနိုင်တဲ့ ပိုးမွှားတွေကို အထူးသတိထားဖို့ လိုပါတယ်။ ပိုးမွှားတွေက အစာအဆိပ်သင့်တာကို ဖြစ်စေပြီး မိခင်ကို နေမကောင်းဖြစ်စေတာ ဒါမှမဟုတ် ပိုဆိုးတဲ့အခြေအနေမှာ ကလေးကို ထိခိုက်တာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အလွယ်ပြောရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အကင်စားမယ်ဆိုရင် ကျက်နေအောင် ကင်ဖို့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]


မမွေးဖွားခင်ကာလ ကိုယ်ဝန်စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

မီဆိုဟင်းရည်ကို လူတော်တော်များများ သိထားပြီးဖြစ်မှာပါ။ အထူးသဖြင့် ဂျပန်စာ ကြိုက်သူလေးတွေပေါ့။ ခံတွင်းရှင်းစေပြီး စားရတာ ခံတွင်းတွေ့လှတဲ့ မီဆိုဟင်းရည်ကို ပုံမှန်စားဖြစ်နေတဲ့မေမေ တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော ဆက်သောက်လို့ရမလား! ကိုယ်ဝန်ဆောင် မေမေ မီဆိုသောက်ရင် ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မီဆို ဟင်းရည်ဆိုတာ မီဆိုဟင်းရည်ဆိုတာက အချဉ်ဖောက်ထားတဲ့ ပဲပိစပ်ကို အနှစ်လုပ်ပြီး ပြင်ဆင်ရတဲ့ ဟင်းရည် တစ်မျိုးပါ။ မီဆိုဟင်းရည်ထဲမှာ ပဲပြား၊ တို့ဟူး၊ ရေညှိ၊ ကြက်သွန်မြိတ်စတာတွေကို ထည့်သွင်းပြင်ဆင်လေ့ ရှိကြပါတယ်။  မီဆိုက အာဟာရပြည့်ဝပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်တယ်လို့ လူသိများကြပါတယ်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား! ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား! ဆိုတော့ ရပါတယ်။ တစ်ခုတော့ သတိထားရမှာကတော့ ဆား […]

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ

မီးနေသည်တွေ မိုးရေ မထိရဘူး။ မိုးရေထိရင် အဆစ်တွေ နာတတ်တယ်။ နောက်ပိုင်းကျရင် ဒဏ်ဖြစ်ပြီး ခံရတတ်တယ်လို့ ပြောကြတယ်။ ဒါက တကယ်ပဲလား။ မီးနေသည်တွေ မိုးရေကိုင် ရင်  ဘာဖြစ်တတ်သလဲ။ မိုးရေက အဆိပ်သင့်စေလား။ မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ ပါနိုင်ပေမယ့် သေချာသန့်စင်ပြီး ချိုးရေ၊ သုံးရေအနေနဲ့ သုံးနိုင်ပါတယ်။ ရေရှားတဲ့ ဒေသတွေမှာဆို ရေသန့်စက်နဲ့ သန့်ပြီး သောက်ရေအဖြစ်တောင် သုံးလို့ရပါတယ်။ ဒါကြောင့် မိုးရေက သာမန်လူတွေကိုရော ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကိုပါ ထိတွေ့မိရုံနဲ့ အဆိပ်မသင့်စေပါဘူး။ မီးနေသည်များနဲ့ ရေပြဿနာ လူကြီးတွေက မီးနေသည်တွေကို မိုးရေတင်မကပါဘူး။ မီးတွင်းမှာ ရေမကိုင်ရဘူးတို့၊ ဆပ်ပြာမကိုင်ရဘူးတို့ပါ တားတတ်ကြပါတယ်။ ဘာကြောင့်လဲလို့ မေးလိုက်ရင် ခြေလက်တွေ ထုံတတ်တယ်။ အဆစ်တွေ နာတတ်တယ်ဆိုပြီး ပြောကြပါတယ်။ မီးနေသည်တွေ မိုးရေကိုင် ရင် […]


ကြိုတင်ပြင်ဆင်ခြင်း

ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့

ဗိုက်ထဲမှာ ဘေဘီလေး ရှိတဲ့ မေမေတိုင်းရဲ့ ပထမဆန္ဒက ကျန်းမာတဲ့ ကလေးလေး မွေးဖွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ လွယ်ကူစွာ ဖွားမြင်နိုင်ဖို့ ဖြစ်ပါမယ်။ ဘေဘီလေးကို မွေးဖွားရမယ့်ရက် နီးလာလေလေ ကလေးကို အဆင်ပြေပြေမှ မီးဖွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်က တော်တော်လေးများလာလေလေပါ။ ကလေးမွေးဖွားတယ်ဆိုတာက မိခင်တစ်ယောက်ရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုပေါ့။ ဒီလို မှတ်တိုင်ကို ခက်ခဲမှု ကင်းကင်းနဲ့ စိုက်ထူနိုင်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ကဲ ..... ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ [embed-health-tool-due-date] ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ ကတော့ ကိုယ်အလေးချိန် ထိန်းပါ ကိုယ်ဝန်ဆောင်ချိန်မှာ အစားတွေ အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ကိုယ်အလေးချိန်တွေ တိုးလာပါတယ်။ […]


ကလေးမွေးဖွားခြင်းအကြောင်း

ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေး လို့ ရ၊ မရ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။ ရိုးရိုးပြန်မွေး ရန်  စမ်းသပ်ခြင်း အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း