backup og meta

ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။

ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေပြောင်းလဲနိုင်ပါတယ်။ အကြောပြတ်ရာတွေ အပါအဝင် အသားခြောက်တာ၊ အသားတွေ ယားယံတာ၊ အဆီပြန်တာဆိုပြီး အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

အသားအရေကို ထိခိုက်မှာ စိုးတဲ့သူတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အသားအရေလေး လှမြဲတိုင်း လှနေစေဖို့ ဘာတွေစားရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ တူတူကြည့်လိုက်ရအောင်လား………

ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ နေ့စဉ် ကျန်းမာအောင် စားသောက်တာက ခန္ဓာကိုယ်ကို အားပြည့်စေသလို ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ မှန်ကန်မျှတတဲ့ စားသုံးမှုက ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အရေပြား ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးပါသေးတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့  ဒါလေးတွေ စားပေးပါ။

ဗီတာမင် C

ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ ကျန်းမာစေဖို့ဆိုရင် ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို အထိရောက်ဆုံး ပြုပြင်ပေးတဲ့ ဗီတာမင် C ကို ချန်ထားလို့ မဖြစ်ပါဘူး။ ဗီတာမင် C က အသားအရေ ကျန်းမာစေသလို ကိုယ်ခံအား ကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။ အရွယ်တင် နုပျိုစေသလို အစက်အပြောက်ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

ဒီတော့ ဗီတာမင် C ကြွယ်ဝတဲ့

ဗီတာမင် A

နောက်ထပ် အာဟာရတစ်မျိုးကတော့ အရေပြားကို အားဖြည့်ပေးပြီး အရေပြား ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို ဘေ​ဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ ဗီတာမင် A ပါ။ ဗီတာမင် A က ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ဒီတော့ ဗီတာမင် A ကြွယ်ဝတဲ့

ဗီတာမင် E

ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ လှပကျန်းမာနေစေဖို့ စားပေးသင့်တဲ့ နောက်ထပ် အာဟာရတစ်မျိုးကတော့ အရေပြားရဲ့ ဗီတာမင်လို့ ဆိုရမယ့် ဗီတာမင် E ပါ။ ဗီတာမင် E က နေရောင်ကြောင့် အသားအရေ ပျက်စီးတာ။ အရေပြားမှာ ဖြစ်တဲ့ နေလောင်ကွက်၊ အမဲစက်၊ ဝက်ခြံ စတာတွေကို သက်သာစေပါတယ်။

ဒီတေ့ ဗီတာမင် E ကြွယ်ဝတဲ့

  • ထောပတ်သီး
  • ဟင်းနုနွယ်
  • ပန်းဂေါ်ဖီစိမ်း
  • အစေ့အဆန်
  • အခွံမာသီး
  • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် စတာတွေကို စားသုံးပေးပါ။

ဒီလို အာဟာရ ပြည့်ဝမျှတစွာ စားသုံးမှုက ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေလှပစေမှာ ဖြစ်သလို ကျန်းမာတဲ့ အသားအရေကိုလည်း ပိုင်ဆိုင်နိုင်စေမှာပါ။ ကဲ …. ဘေဘီလေးကို ကိုယ်ဝန်ဆောင်နေချိန်မှာ အသားအရေ လှပနေစေဖို့ စားသုံးပေးနော်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What to Eat for Beautiful Skin During Pregnancy https://www.whattoexpect.com/pregnancy/pregnancy-health/the-food-skin-connection-with-dr-wu/ Accessed Date 10 September 2020

Pregnancy Beauty: Best Foods For Your Skin https://mom.com/pregnancy/13320-pregnancy-beauty-best-foods-your-skin Accessed Date 10 September 2020

ယခုပုံစံ

01/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ စိတ်ခံစားမှု ကောင်းစေဖို့

ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ခံအား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement