backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း

    ကြက်သွန်ဖြူ က အအေးမိဖျားနာတာကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ ဒီလို ဆေးဖက်ဝင်မှုတွေကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ဆေးဝါးအဖြစ်ရော၊ စားစရာအဖြစ်ပါ စားသုံးလာခဲ့ကြတဲ့ ကြက်သွန်ဖြူက ကိုယ်ဝန်​ဆောင်မိခင်တွေကိုလည်း ကျန်းမာရေး ထောက်ကူပေးပါသတဲ့။ ဘယ်လိုတွေများ ထောက်ကူပေးသလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်းက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ကြက်သွန်ဖြူ ဆိုတာ

    ကြက်သွန်ဖြူ ဆိုတာကို ထွေထွေထူးထူး ပြောပြစရာ မလိုအောင်ကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ကြက်သွန်ဖြူက အာရှတိုက်မှာ အဓိကပေါက်ရောက်ရှင်သန်တာဖြစ်ပြီး ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့နဲ့ မျိုးရင်းအတူတူပါ။ အပေါ်ခွံက အဖြူရောင်ရှိပြီး အမြွှာလေးတွေ အများကြီးပါပါတယ်။

    ဥတစ်လုံးဆိုပြီး ကြက်သွန်ဖြူ တစ်ဥတည်းလေးတွေလည်း ရှိပါတယ်။ ကြက်သွန်ဖြူက ဆေးဖက်ဝင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက အီဂျစ်မှာ ဟင်းချက်ဖို့အတွက်ရော ဆေးဝါးအနေနဲ့ပါ အသုံးပြုခဲ့ကြပါတယ်။

    ကြက်သွန်ဖြူမှာပါတဲ့ အာဟာရဓာတ်တွေ

    ဆေးဖက်ဝင်တဲ့ ကြက်သွန်ဖြူမှာ

  • ကယ်လ်လိုရီ
  • ဆိုဒီယမ်
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • ပရိုတင်း
  • ဗီတာမင် C တို့ ပါဝင်နေပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူစားတာ ဘေးကင်းရဲ့လား

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူကို သင့်တင့်တဲ့ ပမာဏလောက် စားပေးတာက ဘေးကင်းပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလကစပြီး ကြက်သွန်ဖြူကို စားပေးလို့ ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန် တတိယ သုံးလပတ်ထဲရောက်လာပြီး မွေးဖွားခါနီးပြီဆိုရင်တော့ သွေးပေါင်ကျတာ၊ သွေးကျဲတာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဖို့ လိုပါတယ်။ ရင်ပူပြီး စားချဉ့်ပြန်ရောဂါရှိရင်လည်း ဆင်ခြင်ဖို့ လိုပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်သွန်ဖြူ အရွယ်တော် ၂ မြွှာကနေ ၄ မြွှာလောက်အထိ စားပေးလို့ ရပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း က ဘာတွေများလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးတာက မေမေရော ဘေဘီလေးကိုပါ အခုလို ကျန်းမာစေပါတယ်။

    ကိုယ်ဝန်ဆိပ်တက်နိုင်ခြေကို လျှော့ချပေးတယ်

    ကိုယ်ဝန်ဆိပ်တက်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာတွေက မေမေရော ဘေဘီလေးအတွက်ပါ အန္တရာယ်များပါတယ်။ ကြက်သွန်ဖြူက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို ဆီးထဲက ပရိုတင်းပမာဏကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ကိုယ်ဝန်ဆိပ်တက်တာကိုရော ကိုယ်ဝန်ဆောင်သွေးတိုးကိုပါ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။

    ဘေဘီလေးရဲ့ ကိုယ်အလေးချိန် တိုးစေတယ်

    ကိုယ်ဝန်ဆောင်မေမေ ကြက်သွန်ဖြူ စားပေးတာက ဗိုက်ထဲက ဘေဘီလေး ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးနိုင်သလို ကလေးညှက်တာ၊ လမစေ့ဘဲ မွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ကြက်သွန်ဖြူက ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရော ကျဆင်းစေပြီး နှလုံး ကျန်းမာစေတယ်

    ကြက်သွန်ဖြူမှာ ပါတဲ့ allicinက သွေးတွင်းကိုလက်စထရော ကျဆင်းအောင် ထောက်ကူပေးပြီး သွေးကျဲစေတာကြောင့် ရုတ်တရက် နှလုံးရပ်တာ လေဖြတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကင်ဆာ ကာကွယ်ပေးတယ်

    ကြက်သွန်ဖြူ စားပေးတာက အူမကြီး ကင်ဆာ အပါအဝင် ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ အစာရေမျိုနဲ့ အစာအိမ်ကင်ဆာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးတာက အစာခြေစနစ် ကျန်းမာစေပြီး လေထတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    ကူးစက်ရောဂါတွေ ကာကွယ်ပေးတယ်

    ကြက်သွန်ဖြူက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယား ပေါက်ဖွားတာကို ဟန့်တားပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပြီး ကူးစက်ရောဂါတွေ အန္တရာယ်က​နေ ကာကွယ်ပေးပါတယ်။ အအေးမိတာ နဲ့ တုပ်ကွေးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    မှိုပိုးကူးစက်တာကို ကာကွယ်ပေးတယ်

    ကြက်သွန်ဖြူမှာပါတဲ့ Allicin က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ မိန်းမကိုယ် မှိုပိုးဝင်တာ အပါအဝင် အရေပြားမှိုပိုး နဲ့ ခြေသည်းလက်သည်းမှိုစွဲတာတွေကို သက်သာစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူကို သင့်တင့်တဲ့ ပမာဏလောက် စားပေးတာက
    • ကိုယ်ဝန်ဆိပ်တက်နိုင်ခြေကို လျှော့ချပေးတယ်
    • ဘေဘီလေးရဲ့ ကိုယ်အလေးချိန် တိုးစေတယ်
    • သွေးတွင်းကိုလက်စထရော ကျဆင်းစေပြီး နှလုံး ကျန်းမာစေတယ်
    • ကင်ဆာ ကာကွယ်ပေးတယ်
    • ကူးစက်ရောဂါတွေ ကာကွယ်ပေးတယ်
    • မှိုပိုးကူးစက်တာကို ကာကွယ်ပေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement