သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်လိုပြုလုပ်မလဲ

    ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်လိုပြုလုပ်မလဲ

    ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်လိုပြုလုပ်မလဲ။

    ကိုယ်ဝန်ဆောင်နှိပ်နယ်ခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒီလိုနှိပ်နယ်မှုဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို များစွာသော နာကျင်မှုတွေ၊ ကြွက်သား၊ အဆစ်၊ အာရုံကြော တင်းကျပ်မှုတွေကို ကူညီပေးပါတယ်။

    ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

    ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲမှုရှိတာကြောင့် အမျိုးသမီးတွေဟာ နာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုကို ခံစားရနိုင်ပါတယ်။

    ကလေးမမွေးခင် နှိပ်နယ်ခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

    • ကြွက်သားပျော့ပြောင်းစေခြင်း
    • တင်းကျပ်မှုလျော့ကျစေခြင်း
    • ကိုယ်ခန္ဓာအနှံ့သွေးစီးဆင်းမှုကို တိုးတက်စေခြင်း
    • ဟော်မုန်း ထိန်းချုပ်ခြင်း
    • ရောင်ရမ်းမှုကိုလျော့ကျစေခြင်း
    • အာရုံကြောနာကျင်မှုကို လျော့ကျစေခြင်း
    • အဆစ်တွေ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေခြင်း
    • အိပ်စက်မှု အရည်အသွေးကို တိုးတက်စေခြင်း
    • ပြန်ရည်ကြောစနစ်ကို တိုးတက်စေခြင်း

    ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို နှစ်သက်တဲ့အမျိုးသမီးတွေဟာ ကလေးမွေးစဉ်မှာ နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ယုံကြည်ကြပါတယ်။

    ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းရဲ့ လုံခြုံစိတ်ချရမှု

    နှိပ်နယ်မှုမပြုလုပ်စဉ် ကျွမ်းကျင်သူရော ကိုယ်ဝန်ဆောင်အမျိုးသမီးပါ လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။ မိခင်တွေဟာ ကိုယ်နေပုံစံတွေနဲ့ ဖိအားနေရာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ကျွမ်းကျင်သူက သေချာလေ့ကျင့်ထားဖို့နဲ့ လက်မှတ်ရှိဖို့ လိုအပ်ပါတယ်။

    ကိုယ်နေဟန်ထားဟာ နှိပ်နယ်စဉ်မှာလုံခြုံစိတ်ချရဖို့အတွက် အရေးကြီးပါတယ်။ ကုသမှုလုပ်နေစဉ် အကောင်းဆုံး ပုံစံကတော့ ဘေးတစ်စောင်းလဲလျောင်းနေခြင်းပဲ ဖြစ်ပါတယ်။

    လက်ကောက်ဝတ်နဲ့ ခြေခြင်းဝတ်မှာ ဖိအားသက်ရောက်တဲ့နေရာတွေရှိပါတယ်။ ဒီနေရာတွေဟာ တင်ပါးဆုံကြွက်သားတွေနဲ့ သားအိမ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သားအိမ်ညှစ်ခြင်းကို ခံစားနေရတဲ့ အမျိုးသမီးတွေဟာ နှိပ်နယ်စဉ်မှာ ဒီနေရာတွေကို ရှောင်ကြဉ်နိုင်အောင်လို့ နှိပ်နယ်တဲ့ ကျွမ်းကျင်သူကို တိုင်ပင်သင့်ပါတယ်။

    ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ဘယ်သူတွေ မခံသင့်ဘူးလဲ။

    အမျိုးသမီးတွေ အကုန်လုံးဟာ ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်း ကို မခံယူသင့်ပါဘူး။ အထူးသဖြင့် အောက်ပါအခြေအနေ တစ်ခု (သို့) တစ်ခုထက်ပိုပြီး ရှိတယ်ဆိုရင် နှိပ်နယ်ခြင်း မလုပ်သင့်တော့ပါဘူး။

    • အန္တရာယ်ရှိတဲ့ ကိုယ်ဝန်
    • ကိုယ်ဝန်ဆိပ်တက်ခြင်း
    • မကြာသေးမီက ကလေးမွေးဖူးခြင်း
    • အရင်က အချိန်မတိုင်ခင် ပြဿနာတွေ ရှိခြင်း
    • ပြင်းထန်စွာ ရောင်ရမ်းခြင်း
    • သွေးပေါင်တက်ခြင်း
    • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

    ကိုယ်ဝန်ဆောင် နှိပ်နယ်ခြင်းကို ကိုယ်ဝန်ဆောင်နေစဉ် သင်ကြိုက်တဲ့အချိန်မှာ လုပ်နိုင်ပေမယ့် အချို့ ကျွမ်းကျင်သူတွေက ပထမ သုံးလပတ်မှာ နှိပ်နယ်ပေးဖို့ကို ငြင်းဆန်နိုင်ပါတယ်။ ပထမသုံးလပတ်မှာ ကလေးပျက်ကျနှုန်းများတာကြောင့် ဖြစ်ပါတယ်။

    ကောင်းမွန်တဲ့ နှိပ်နယ်မှုကို ကြုံတွေ့ရဖို့ အောက်ပါအချက်တွေ ရှိပါတယ်။

    ၁။ အထူးသဖြင့် တကယ်လို့ သင့်ကလေးရဲ့ လှုပ်ရှားမှုကို ခံစားရနိုင်တယ်ဆိုရင် ဒုတိယသုံးလပတ်ရဲ့ အလယ်ကနေ အဆုံးအထိမှာ စတင်နိုင်ပါတယ်။

    ၂။ အိပ်ရာပေါ် (သို့) ထိုင်ခုံပေါ် ထိုင်နေပီး နောက်ကျာ်မှာ ခေါင်းအုံးနှစ်ခုကို ခံထားသင့်ပါတယ်။

    ၃။ လိုးရှင်းတွေဟာ လျင်မြန်စွာ ခြောက်သွားနိုင်တာကြောင့် အဆီကို အသုံးပြုသင့်ပါတယ်။ Stretch marks တွေကိုလည်း သက်သာစေပါတယ်။

    ၄။ ဖိအားကို အနည်းငယ်သာ အသုံးပြုပြီး သက်တောင့်သက်သာ ရှိတဲ့နေရာမှာ ပြုလုပ်သင့်ပါတယ်။

    health-tool-icon

    မွေးဖွားမယ့်ရက် တွက်ချက်ခြင်း

    ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။

    ရာသီစက်ဝန်း ကြာချိန်

    28 ရက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Pregnancy Massage. http://www.pregnancycorner.com/being-pregnant/stress-anxiety/massage.html. Accessed November 7, 2016.
    How to massage your pregnant belly. http://mymommymanual.com/how-to-massage-your-pregnant-belly/. Accessed November 7, 2016.

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 13/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။