backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူရခက် လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ ။ ။

ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတော်တော်များများသိကြမှာပါ။ ကိုယ်ဝန်ရင့်လာလေလေ ကိုယ်ခန္ဓာပေါ်က တချို့အရာတွေ ပြောင်းလဲလာလေလေဆိုတာမျိုးကို။ ကိုယ်အလေးချိန်၊ မိန်းမကိုယ်က အဖြူဆင်းတာတွေ၊ ခြေထောက်ဖောရောင်တာတွေ အပြင် အသက်ရှူရခက် တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။

ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူရခက် လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ ။ ။

ဒီလို အသက်ရှူရခက်တာ ဘာကြောင့်ဖြစ်ရတာလဲ။ စိုးရိမ်ရလား ။

ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အသက်ရှူရခက်တာ ပုံမှန် ဖြစ်နေကျ အရာတစ်ခုပါ။

  • ကြီးလာတဲ့ ဗိုက်ထဲက ရင်သွေးလေးက အသက်ရှူတဲ့နေရာ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရင်ဝမ်းခြား အမြှေး diaphragm ကို သွားဖိတဲ့အခါ အသက်ရှူုရခက်သလို
  • ကိုယ်ဝန်ဆောင်ချိန် ထွက်နေတတ်တဲ့ ပရိုဂျက်စတုန်းဟော်မုန်းကြောင့်လည်း အသက်ရှူရ ကြပ်တတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ရင့်လာတဲ့အခါ ဖြစ်နေကျဆိုရမယ့် ပြဿနာတွေပါ။

ကိုယ်ဝန်ရင့်လာတဲ့အခါ အသက်ရှူခက် တာ ပုံမှန် ပြဿနာတစ်ခုဆိုပေမယ့် ခုပြောပြမယ့် ပြဿနာတွေရှိရင်တော့ စိုးရိမ်စရာရှိပါတယ်။

နဂိုပန်းနာရင်ကြပ်ရောဂါ ရှိတဲ့သူတွေ

ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေတာကြောင့် ကိုယ်ဝန်ရင့်လို့ ပုံမှန် အသက်ရှူကြပ်တာလား၊ ပန်းနာရင်ကြပ်ပြန်ထတာလားဆိုတာကို သေချာ ခွဲသိဖို့ ဆရာဝန်ဆီ သွားပြဖို့ လိုပါတယ်။

ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူရခက် လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ ။ ။

သွေးအားနည်းခြင်း

သွေးအားနည်းတယ်ဆိုတဲ့နေရာမှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို အဓိက ပြောချင်တာပါ။ ဒီ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင်တွေမှာ အများဆုံးဖြစ်တတ်ပြီး အသက်ရှူရခက်တာ၊ နုန်းနေတာ ၊ခေါင်းကိုက်ပြီး မောပန်းလွယ်တာတွေကို ဖြစ်စေပါတယ်။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေတာကို သိဖို့ ဆရာဝန်က သွေးတွင်း သံဓာတ် ပမာဏကို စစ်ဆေးမှာဖြစ်ပြီး နည်းနေတာသေချာရင် သံဓာတ်ဖြည့် အားဆေး ပိုတိုက်မှာ ဖြစ်ပါတယ်။

အသက်ရှူလိုက်တိုင်း အောင့်နေတာ ( ဒါမှမဟုတ် ) အဆက်မပြတ်ချောင်းဆိုးတာ 

အသက်ကို ရှိုက်ရှူလိုက်တဲ့အခါ ရင်ဘတ်အောင့်သွားတာ၊ အသက်ရှူမဝလို့ အသက်မြန်မြန်ရှူနေရတာနဲ့ သွေးခုန်နှုန်းတွေ မြန်လာတာ၊ ချောင်းအဆတ်မပြတ်ဆိုးနေတာမျိုးဆို အဆုတ်ထဲ သွေးခဲရောက်သွားတဲ့ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြီး အဖြေရှာ ကုသသင့်ပါတယ်။

ဒီလို ကိုယ်ဝန်ရင့်တဲအ့ခါ အသက်ရှူရခက် တာက ပုံမှန်ဖြစ်တတ်တဲ့ ပြဿနာတစ်ခုဆိုတော့ ဘယ်လို သက်သာအောင် နေရမလဲ။

အသက်ရှူရခက်တဲ့ ပြဿနာတစ်ခုဟာ ပုံမှန်လူတွေအတွက်တောင် နေရထိုင်ရတာ သက်သောင့်သက်သာမရှိတာ ကိုယ်ဝန်ဆောင်တွေအတွက်ဆို ပိုဆိုးတာပေါ့။ ဒါပေမယ့်လည်း သက်သာအောင် လုပ်လို့ရတဲ့ နည်းတွေ အများကြီးပါ။ ။

ကိုယ်ဟန်အနေအထားကိုပြင်ပါ။

ထိုင်နေရင်ပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်ပဲဖြစ်ဖြစ် ရင်ဘတ်ကော့ထားတဲ့ ပုံစံမျိုးနဲ့ ကျောကို မတ်မတ်ထားပါ။ ဒါမှ ရင်ဘတ်ကျယ်သွားသလိုဖြစ်ပြီး အဆုတ်အလုပ်လုပ်ရတာ ပိုလွယ်ကူမှာပါ။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

ယောဂလိုမျိုး အငြိမ်တစ်လိုင်း လေ့ကျင့်ခန်းတွေ ကိုယ်ဝန်ဆောင်တွေ လုပ်ပေးလို့ရပါတယ်။ ယောဂလေ့ကျင့်ခန်း အချုပ်က အသက်ရှူလေ့ကျင့်ခန်းနဲ့ အကြောတွေ ပြေလျော့အောင်လုပ်တာဖြစ်တာကြောင့် ကိုယ်ဝန်သည်တွေရဲ့ အကြောတွေ ပြေလျော့ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းနဲ့ ကိုယ်နဲ့သင့်တော်သလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။

ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူရခက် လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ ။ ။

စိတ်ကို အေးအေးထားပါ။

အသက်ရှူရခက် နေလို့ဆိုပြီး အစိုးရိမ်မလွန်ပါနဲ့။ ပိုပြီး စိုးရိမ်လေလေ အသက်ရှူရပိုကြပ်လေလေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ကို အေးအေးထားပါ။ အသက်ကိုဖြည်းဖြည်းချင်း လေ့ကျင့်ရှူပါ။

မွေးရမယ့်ရက် နီးလာလေလေ အသက်ရှူရခက်တဲ့ ပြဿနာ တဖြည်းဖြည်း နည်းလာလေလေဖြစ်မှာပါ။ မွေးခါနီးတော့ ကလေးက မွေးလမ်းကြောင်းထဲ ဆင်းလာတဲ့အတွက်ကြောင့် ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်တို့အတွက် နေရာပြန်ရသွားပြီး အသက်ရှူရတာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ် ။ ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pregnancy/third-trimester-shortness-breath-edema#managing-shortness-of-breath

Accessed Date 7.5.2019

https://kidshealth.org/en/parents/breathing.html

Accessed Date 7.5.2019

ယခုပုံစံ

07/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်တွေ မသောက်သင့်တဲ့ ဖြည့်စွက်အားဆေး တွေက ဘာတွေလဲ။

ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ