backup og meta

တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ

တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ

ကလေးဖျားရင် ဗျာများရတာ ဖေဖေရောမေမေရောပါ။ အလုပ်တွေလည်းပျက်၊စိတ်တွေလည်းပူလို့လေ။ ငါသာဖြစ်လိုက်ချင်တယ်ဆိုတဲ့ စိတ်ကလည်း အကြိမ်ကြိမ်ဖြစ်မိတယ်ဟုတ်။ ဒီပြဿနာကို ရာသီအကူးအပြောင်းတိုင်း ကြုံရမယ်ဆိုရင် မလွယ်ကူတာတော့ အမှန်ပါ။ ဒီတော့ အခုလိုမျိုး မိုးလေးဖွဲဖွဲစရွာနေချိန်မှာ ကိုယ့်ရဲ့ ကလေးကို တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ

တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာတွေကျွေးမွေးရမလဲဆိုတာကို မပြောခင် ကိုယ်ခံအား အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

ကိုယ်ခံအားဆိုတာ

ကိုယ်ခံအား ဆိုတာက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်လာအောင် တိုက်ထုတ်ပေးတဲ့ အရာပေါ့။ ခန္ဓါကိုယ်အတွက် ခံတပ်ကြီးဆိုလည်း မမှားပါဘူး။နေ့တိုင်းလိုလိုကျန်းမာပျော်ရွှင်စွာလှုပ်ရှားနေနိုင်တာက ကိုယ်ခံအားက အကောင်းဆုံးအလုပ်လုပ်ဆောင်နေလို့ပါ။

ကိုယ်ခံအားက ကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးဆိုရင် ခန္ဓါကိုယ်ထဲကို ရောဂါတွေက ကျူးကျော်ချင်တိုင်း ကျူးကျော်ပြီး ဖျားနာတာ၊ နှာစေးတာအအေးမိတာ၊ချောင်းဆိုးတာတွေ၊ အစာခြေစနစ် မကျန်းမာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အနာကျက်နှေးတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။

တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေမယ့် အစားအသောက်တွေ

ကိုယ်ခံအားစနစ် တည်ဆောက်ဆဲ ကလေးတစ်ယောက်ကို ဖျားနာမှုကင်းစေဖို့ ဆိုရင် ဒီအစားအစာလေးတွေကို ပါအောင်ကျွေးမွေးသင့်ပါတယ်။

  • ဒိန်ချဉ် – အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို အူတွေကပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ ကူညီပေးပါတယ်။
  • သစ်ကြားသီး – ကျန်းမာရေးနဲ့ညီညွတ်တဲ့omega-3 fatty acids ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ဖျားနာမှုကင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ တုပ်ကွေးလိုမျိုး အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
  • သစ်သီးတွေ – ကိုယ်ခံအား ကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ စတော်ဘယ်ရီ၊ စပျစ်သီး၊ လိမ္မော်သီး၊ ကီဝီသီးစတာတွေစားပေးလို့ရပါတယ်။
  • အဆီမပါတဲ့ အသား – ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် အဆီမပါတဲ့ အနီရောင်အသား၊ ဒါမှမဟုတ် အရေပြားဖယ်ထားတဲ့ ကြက်သားတို့ကို ချက်ပြုတ်ပြီးကျွေးလို့ရပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းပြည့်ဝစွာရရှိမှုကြောင့် ကိုယ်ခံအားကောင်းစေမှာ အသေအချာပါ။ အဆီမပါတဲ့ အနီရောင်အသားတွေက ဇင့်ဓါတ်ကြွယ်ဝတာကြောင့်သွေးဖြူဥဆဲလ်တွေကိုရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
  • ဆယ်လ်မွန်ငါး – ဆယ်လ်မွန်မှာomega-3 fatty acids ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေသလို ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အဆုတ်တွေကိကျန်းမာစေပြီး အအေးမိ၊ဖျားနာမှုတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ကိုယ်ခံအား ဆဲလ်တွေကို သူတို့ရဲ့တာဝန်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
  • ဥအမျိုးမျိုး – ခန္ဓါကိုယ်မှာ ဗီတာမင် D နည်းတဲ့အခါ အလွယ်တကူ ဖျားနာနိုင်ပါတယ်။ ဗီတာမင် D ကို ရရှိစေနိုင်တဲ့ အစားအစာက ဥအမျိုးမျိုးပါ။ ဥအမျိုးမျိုးမှာ ဗီတာမင် D အပြင် ကိုယ်ခံအား ကောင်းစေတဲ့ ဗီတာမင် B နဲ့ ဆီလီနီယမ်ဓါတ်တွေ ပါဝင်နေပါသေးတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကလေးကို ကြက်ဥပြုတ်ကျွေးတာကလည်းကောင်းမွန်တဲ့ ဓါတ်စာ တစ်ခုပါ။
  • ပန်းဂေါ်ဖီစိမ်း – အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E တို့ပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
  • ကန်စွန်းဥ – ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့်သွေးဖြူဥ အရေအတွကို တိုးစေနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအား စနစ်ကို တိုးစေမယ်ဆိုတာ အသေအချာပါ။

တုပ်ကွေးရာသီမှာ ကလေးမဖျားစေဖို့ အခုပြောခဲ့တဲ့ စားစရာလေးတွေကိုသေချာလေးဂရုစိုက်လို့ပြင်ဆင်ကျွေးပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement