backup og meta

မွေးရာပါဆီးချိုရှိတဲ့ကလေးတွေအတွက် စားသောက်ပုံအာဟာရ

မွေးရာပါဆီးချိုရှိတဲ့ကလေးတွေအတွက် စားသောက်ပုံအာဟာရ

ဆီးချိုေရာဂါကို ကြိုတင်ကာကွယ်ခွင့်မရနိုင်တဲ့ကံကြမ္မာနဲ့မွေးဖွားလာတဲ့ကလေးအတွက် မိဘတွေ စိတ်မကောင်းဖြစ်ကြမှာပါ။ ဒါပေမယ့် ဆင်ခြင်ထိန်းညှိနေထိုင်သွားမယ်ဆိုရင် သက်ရှည်ကျန်းမာစွာနေထိုင်သွားနိုင်လိမ့်မယ်ဆိုတာလေး သတိရပါ။ အမျိုးအစား ၁ ဆီးချိုေသွးချိုဆိုတာ ကလေးတွေရဲ့ခန္ဓါကိုယ်က အင်ဆူလင်မထုတ်ပေးနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့သွေးတွင်းသကြားဓါတ်၊ စားသောက်ပုံနဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်ပေးဖို့၊ လိုအပ်လာရင် အင်ဆူလင်ထိုးပေးဖို့လိုပါတယ်။

တခြားကလေးတွေလိုပဲ ဆီးချိုရှိတဲ့ကလေးတွေဟာလည်း ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရဓါတ်ကြွယ်ဝတဲ့အစားအသောက်တွေလိုအပ်ပါတယ်။ တစ်နေ့တာမှာ ပရိုတင်းဓါတ်၊ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်ေတွလုံလောက်အောင်ရရှိသင့်ပါတယ်။

အာဟာရပြည့်အောင် ဘယ်လိုကျွေးရမလဲ

ဆီးချိုမရှိတဲ့ကလေးတစ်ယောက်ကို အစားအသောက်စီစဉ်ပေးရတာကတောင် မေမေတို့အတွက် အတော်ခေါင်းစားရတဲ့ကိစ္စပါ။ သူတို့က စားချင်တဲ့အခါစားတယ်၊နောက်တစ်ခါ ဒီအစားအစာပဲထပ်ကျွေးတဲ့အခါ မစားတော့တာမျိုး အကြိုက်တွေ၊အစားစားချင်စိတ်တွေကပြောင်းလဲတတ်တဲ့ အရွယ်ပါ။ ဆီးချိုရောဂါရှိနေရင်တော့ ပိုဂရုစိုက်ရမယ်၊နောက်ဆက်တွဲပြဿနာတွေကိုလည်းထည့်တွက်ရမယ်။ ဒါပေမယ့် သွေးတွင်းသကြားဓါတ်ကိုထိန်းဖို့ရယ် အာဟာရပြည့်ဖို့ရယ်က ဟန်ချက်ညီဖို့နည်းနည်းခက်နိုင်ပါတယ်။ ကလေးကို လိုအပ်တဲ့ အာဟာရဓါတ်တွေလည်းရအောင် ဆီးချိုလည်းထိန်းနိုင်အောင် ဒီအချက်လေးတွေ အကြံပေးပါရစေ။

  • ကလေးဆိုတော့ရေထက် အချိုရည်ကိုပိုတောင့်တနေတယ်ဆိုရင် အရည်ရွှမ်းတဲ့ အသီးကျွေးပါ ဒါမှမဟုတ် အသီးဖျော်ရည်(သကြားမပါ) ကို ပမာဏချင့်ချိန်ပြီးတိုက်ပါ။
  • ကလေးက နွားနို့မကြိုက်ဘူးဆိုရင် အချိုမပါတဲ့ နို့မှုန့် သို့မဟုတ် ချိစ်၊ အချိုမပါတဲ့ဒိန်ချဉ်(အသီးလေးနဲ့ရောပေးလို့ရ)၊ သကြားမပါတဲ့ ပူတင်း တို့လို ကယ်လ်စီယမ်ကြွယ်ဝတဲ့စားစရာတွေကျွေးပါ။
  • အသီးအရွက်သိပ်မကြိုက်ဘူးဆိုရင်လည်း မကျွေးဘဲမနေပါနဲ့ဦး။ အသီးအရွက်တွေကကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီးသွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှုနည်းပါတယ်။ မုန်လာဥနီ၊ အာလူး၊ ကန်စွန်းဥတို့ဟာ ကလေးအာဟာရမှာနည်းအမျိုးမျိုးနဲ့ ထည့်ကျွေးလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။
  • ကလေးက အသီးအနှံလည်းမစားဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးနဲ့သင့်တော်မယ့် အားဆေးတစ်မျိုးမျိုး ဝယ်တိုက်ရပါမယ်။
  • ကလေးက ထမင်းကုန်အောင်မစားဘူးဆိုရင် အတင်းဖိအားပေး မစားခိုင်းပါနဲ့။ အားဖြည့်ပေးမယ့်သောက်စရာတစ်ခုခု တိုက်ပါ။ ဥပမာ နွားနို့ မှာ ကာဗိုဟိုက်ဒရိတ်နဲ့ပရိုတင်းတွေပါဝင်ပါတယ်။
  • အစားသိပ်မစားချင်တဲ့ပုံစံဖြစ်နေမယ်ဆိုရင်ကျွေးတဲ့အစားအစာတွေကိုပြောင်းလဲပေးပါ။ တစ်မျိုးတည်းထပ်ထပ်ပြီးမကျွေးပါနဲ့။ ဒီနေ့ ပူတင်းကျွေးရင်နောက်နေ့ကွေကာ၊နောက်နေ့အသားပေါင်း စသည်ဖြင့် အပြောင်းအလဲလေးလုပ်ပေးပါ။
  • ကလေးက အချိုပါတဲ့စားစရာတွေကို စားချင်နေတယ်ဆို သူ့မြင်ကွင်းမှာ အဲဒီစားစရာတွေကိုမရှိအောင် သိမ်းဆည်းထားပါ။ အချိုမပါတဲ့ ဗားရှင်းတွေကို မုန့်ကိုယ်တိုင်လုပ်ကျွေးတာဖြစ်ဖြစ်၊ ဆီးချိုအတွက်ထုတ်တဲ့အစားအသောက်တွေနဲ့ အရင်မိတ်ဆက်ထားတာဖြစ်ဖြစ် စီမံလို့ရပါတယ်။ အရေးကြီးတာက အချိုများတဲ့စားစရာတွေကို စမ်းမစားမိစေဖို့၊ အရသာမသိသွားစေဖို့ ကလေးကိုသတိထားထိန်းပါ။ စားမိသွားရင် ဆီးချိုနဲ့တည့်မယ့်အစားအသောက်တွေကို သူစားနိင်တော့မှာမဟုတ်ပါဘူး။
  • အချိုချည်းပဲရှောင်ရမှာမဟုတ်ပါဘူး။ အငန်ကိုလည်းလျှော့ကျွေးပါ။ ဆီးချိုနဲ့ဆက်နွှယ်နေတဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေကရှိနေရတဲ့ကြားထဲ အငန်များများစားခြင်းက အန္တရာယ်ပိုများစေပါတယ်။
  • ဆီးချိုရှိတဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေလည်းပိုများပါတယ်။ ဒါ့ကြောင့်ပဲ အဆီများတဲ့စားစရာေတွလည်း သိပ်မကျွေးပါနဲ့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://kidshealth.org/en/kids/meal-plans-diabetes.html

Accessed Dec 4, 2018.

https://www.webmd.com/diabetes/type-1-child-16/diabetes-meals-children

Accessed Dec 4, 2018.

https://www.verywellhealth.com/five-basics-of-diabetes-management-for-kids-with-type-1-1087045

Accessed Dec 4, 2018.

https://www.urmc.rochester.edu/childrens-hospital/nutrition/diabetes-toddlers.aspx

Accessed Dec 4, 2018.

https://www.mydr.com.au/kids-teens-health/diabetes-tips-for-children

Accessed Dec 4, 2018.

ယခုပုံစံ

12/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အချိုစားသုံးမှုများတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအန္တရာယ်

ကလေးကို ဒီနည်းလေးတွေသုံးပြီး အစားအစာအသစ်တွေမိတ်ဆက်ပေးပါ



Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement