backup og meta

ကလေးအတွက်ကျန်းမာပြီး အာဟာရပြည့်ဝတဲ့စားစရာတစ်ခုဖြစ်ဖို့

ကလေးအတွက်ကျန်းမာပြီး အာဟာရပြည့်ဝတဲ့စားစရာတစ်ခုဖြစ်ဖို့

အရွယ်ရောက်လာတဲ့အချိန်မှာ ကျန်းမာဖျတ်လတ်မှုအပြည့်နဲ့ တက်ကြွစွာလှုပ်ရှားနေကြတဲ့ လူငယ်တွေဟာ ငယ်ငယ်မှာ အာဟာရပြည့်ဝစွာ စားသုံးခွင့်ရခဲ့တဲ့သူတွေလို့ဆိုရပါမယ်။ အကြောင်းကတော့ ကလေးတွေဟာ မွေးစကနေ ၅ နှစ်အတွင်းမှာ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုရဲ့ ထက်ဝက်ကျော်ကိုတည်ဆောက်ခဲ့ကြတာမို့ပါ။ ဒါကြောင့် ငယ်စဉ်အရွယ်မှာကတည်းက ကလေးကို အာဟာရပြည့်ဝအောင်ပြင်ဆင်ပေးဖို့က မိဘတိုင်းအတွက် မေ့ထားလို့မရတဲ့ အချက်တစ်ခုပေါ့။

ကျန်းမာပြီးအာဟာရပြည့်ဝတဲ့ စားစရာတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်မလဲ……………

ကျန်းမာပြီး အာဟာရနဲ့ပြည့်ဝတဲ့အစားအစာတစ်ခုဖြစ်စေဖို့အတွက် ဒီအချက်လေးတွေနဲ့ပြည့်စုံဖို့လိုအပ်ပါမယ်။

ပရိုတင်း

ကြွက်သား နဲ့ ခန္ဓာကိုယ်ကတစ်ရှူးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

သံဓာတ်

သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ကလေးကြီးထွားဖို့အတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ ကိုယ်တွင်းမှာ အောက်ဆီဂျင်ရောက်ရှိစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် D

ဖွံ့ဖြိုးမှု စတင်နေတဲ့ ကလေးတစ်ယောက်အတွက် အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။

ကယ်လ်ဆီယမ်

အရိုး နဲ့ သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့အတွက် အရေးပါပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ (Omega – 3 Fatty Acid)

အဆီဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီက ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောတွေဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်တွေကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့၊ ဇီဝတွင်းဖြစ်စဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေဖို့အတွက်၊ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။

ဗီတာမင် C

ကလေးရဲ့ ဦးနှောက်နဲ့ကိုယ်ခံအားစနစ်ကောင်းစေဖို့ ထောက်ပံ့ပေးပါတယ်။ အနာကျက်စေနိုင်သလို ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူနိုင်စေဖို့အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

Prebiotics (အကျိုးပြုဘက်တီးရီးယားအာဟာရ

အစာခြေစနစ်ကျန်းမာမှုက ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့အချက်တစ်ခုပေါ့။ ဒီအစာခြေစနစ်ကို ဟန်ချက်ညီအောင် ထိန်းပေးတာက အကျိုးပြုဘက်တီးရီးယား (Probiotics)၊ သူတို့ကို အကောင်းဆုံးစွမ်းဆောင်ရည်ရအောင် ပံ့ပိုးပေးတာက အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) ပါ။ Prebioticsတွေက အူထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးစုပ်ယူပေးနိုင်အောင် အထောက်အပံ့ပေးလို့ ကလေးကို စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာဖွံ့ဖြိုးစေနိုင်မှာပါ။

ဖောလိတ်

ကလေးရဲ့ဆဲလ် ကျန်းမာစွာနဲ့ဖွံ့ဖြိုးလာစေဖို့ အရေးပါပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ သွေးအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

အမျှင်ဓာတ်

ဝမ်းမှန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝအောင်ကျွေးပေးတာက ကလေးကို အသက်ကြီးလာတဲ့အခါ ကလေးကို နှလုံးရောဂါ နဲ့ ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။

အခြားဂရုစိုက်သင့်တဲ့ အချက်တွေကရောဘာတွေများလဲ……….

ကလေးကို ပြင်ဆင်ပေးရင်ဖြစ်ဖြစ် စားစရာဝယ်ပေးရင်ဖြစ်ဖြစ် အခုပြောခဲ့တဲ့ အာဟာရတွေပါဝင်အောင်ပြင်ဆင်ပေးဖို့လိုသလို ဒီအချက်တွေကိုလည်း ဂရုစိုက်ဖို့လိုပါမယ်။

  • ထိုက်သင့်တဲ့ပမာဏစားမိရဲ့လား
  • သန့်ရှင်းလတ်ဆတ်မှုရှိရဲ့လား
  • ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေစားရဲ့လား
  • ကုန်ဆုံးရက်နီးနေလား
  • ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေပါဝင်နေလား
  • ဆိုးဆေးတွေပါနေလား
  • အချိုကဲနေလား
  • အငန်ကဲနေလား ဆိုတာတွေကိုပါသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ အသင့်စားလို့လွယ်အောင် ပြုပြင်ထားတဲ့ အစားအစာတွေကိုလည်း တတ်နိုင်သမျှရှောင်ကျွေးဖို့လည်း သတိပေးလိုက်ပါရစေ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Five Important Characteristics of Healthy Eating https://healthyeating.sfgate.com/five-important-characteristics-healthy-eating-5892.html Accessed Date 5 December 2019

Healthy Eating https://kidshealth.org/en/parents/habits.html Accessed Date 5 December 2019

Healthy eating – school lunches https://www.betterhealth.vic.gov.au/health/HealthyLiving/healthy-eating-school-lunches Accessed Date 5 December 2019

ယခုပုံစံ

23/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် ။ ။

သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ



Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement