backup og meta

ကလေးကို ဘယ်အချိန်မှာနွားနို့စတိုက်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ဘယ်အချိန်မှာနွားနို့စတိုက်ကြမလဲ

    မနက်ခင်းအေးအေးလေးမှာ နွားနို့ပူပူလေးတစ်ခွက်ကိုသောက်လိုက်ရတာတော်တော်လေးအရသာရှိတယ်နော်။ နွားနို့လို့ပြောလိုက်ရင်ကို သူ့ရဲ့ ချိုစိမ့်စိမ့်အရသာလေးကိုခံစားမိလာပါတယ်။ ဒါကတော့မေမေတွေက ငယ်စဉ်ကတည်းက တိုက်လာခဲ့လို့လေ။ အာဟာရပြည့်တဲ့ အစားအစာကို အရသာရှိရှိလေးစားတတ်အောင် အလေ့အကျင့်လုပ်ပေးခဲ့တာကိုး။ နွားနို့ကသောက်လို့ကောင်းတာသိပေမယ့် ကိုယ်တိုင်မေမေဖြစ်လာတော့ ဘယ်အချိန်မှာ ကလေးကိုနွားနို့တိုက်ရမလဲဆိုတာကိုသေချာမသိပြန်ဘူးနော်။ ဒီပြဿနာလေးကို အခုဆောင်းပါလေးကနေဖြေရှင်းပေးပါရစေ။

    ကလေးကို ဘယ်အချိန်မှာ နွားနို့တိုက်မလဲ

    ကလေးကမွေးစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်။ မိခင်နို့မနိုင်မှဘဲ တတ်သိနားလည်သူတွေနဲ့တိုင်ပင်ပြီး နို့မှုန့်တိုက်ပေးရမှာပါ။ ကလေးက ၆ လကျော်လာပြီဆိုရင်တော့ မိခင်နို့ နဲ့ နွားနို့၊ဆိတ်နို့တို့ကို အချိုးကျလေးတိုက်လို့ရပါပြီ။ ကလေးကို မိခင်နို့ ၂ ဆ နွားနို့ ၁ ဆလောက်ရောပြီး စတိုက်ကြည့်ပေါ့။ ဒီလိုကနေမှ ကလေးက နွားနို့ကို ခံတွင်းတွေ့မယ်ဆိုရင် ကလေးကို တစ်နေ့ကို နွားနို့ ၂ ခွက်ကနေ ၃ခွက်လောက်အထိတိုက်ပေးလို့ရပါတယ်။ နို့ဗူးအစား နွားနို့ကို အစားထိုးတိုက်ပေးလို့လည်းရပါတယ်။ နွားနို့က ပိုးသတ်ဆေးမသုံးထားတဲ့ သဘာဝနွားနို့ လတ်လတ်ဆတ်ဆတ်ဖြစ်ဖို့တော့လိုပါမယ်။

    ဒါပေမယ့် သတိထားရမှာက ကလေးကို အဆီပြည့်ဝတဲ့နို့တိုက်ပေးဖို့ပါ။ ကလေးက ကြီးထွားဖွံ့ဖြိုးဖို့ အစပျိုးနေတဲ့ အရွယ်ဖြစ်တာကြောင့် နွားနို့မှာပါတဲ့ အဆီတွေက ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အထောက်အပံ့ပေးနိုင်မှာပါ။ ဒီတော့ ကလေးကို အသက် ၆ လလောက်ရောက်လာပြီဆိုရင် နွားနို့ကို နည်းနည်းချင်းတိုက်သွားပေးပါ။

    ဘာကြောင့် ကလေးကိုနွားနို့တိုက်ပေးသင့်တာလဲ

    နွားနို့က ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် အရိုး နဲ့ သွားတွေကြံ့ခိုင်သန်စွမ်းစေသလိုသွေးခဲတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကြွက်သားတွေကို သန်စွမ်းစေပြီး ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုပေးပါတယ်။ နွားနို့မှာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်လှုပ်ရှားဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုဖြစ်ပေါ်စေတဲ့ ကာဗိုဟိုက်ဒရိတ်ကိုလည်းထောက်ပံ့ပေးပါတယ်။ ကလေးက ငယ်ရွယ်စဉ်မှာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏ ကြွယ်ဝစွာရရှိမှလည်း ကလေးကကောင်းကောင်းမွန်မွန်ကြီးထွားဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ကလေးကိုနွားနို့တိုက်ကျွေးပေးမယ်ဆိုရင် အသက်အရွယ်ရလာတဲ့အခါသွေးတိုးတာ၊လေဖြတ်တာအူမကြီးကင်ဆာ နဲ့ အရိုးပွတာတွေခံစားရနိုင်ခြေနည်းစေမှာပါ။

    ဘယ်လောက်ပမာဏလောက်တိုက်ပေးရမလဲ

    • ကလေးက အသက် ၁ နှစ်အရွယ်ဆိုရင် တစ်နေ့ကို နွားနို့ ၈အောင် စကနေ ၁၂အောင်စ တိုက်ပေးရုံနဲ့ လုံလောက်ပါတယ်။ နွားနို့ တစ်နေ့ကို တစ်ခွက် ကနေ ၁ ခွက်ခွဲလောက်ဆိုရင် ကလေးအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ကိုရရှိစေမှာပါ။
    • ကလေးက အသက် ၂ နှစ်ဆိုရင်တော့ တစ်နေ့ကို နွားနို့ ၁၆အောင်စ နှစ်ခွက်တိုက်ပေးရင်လုံလောက်ပါတယ်။
    • ကလေးက နှစ်နှစ်ကျော်ပြီဆိုရင်တော့ နွားနို့ကို တစ်နေ့ကို ၄ ခွက်လောက်အထိတိုက်ပေးလို့ရပါတယ်။ ဒါ့အပြင်နို့ထွက်ပစ္စည်းတွေကျွးပေးလို့လည်းရပါတယ်။

    ဒီလိုလက္ခဏာတွေရှိရင် မတိုက်ပါနဲ့

    အချို့ကလေးတွေက နွားနို့နဲ့ ဓါတ်မတည့်တာမျိုးဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ခြေကတော်တော်လေးနည်းပါတယ်။ ကလေးအယောက် ၁၀၀ မှာ ၂ယောက် ၃ယောက်လောက်ပဲဖြစ်တတ်တာပါ။ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့် ကိုယ့်ကလေးက ဒီလူနည်းစုတွေထဲမှာပါနေနိုင်တာကြောင့် အခုလိုလက္ခဏာမျိုးတွေဖြစ်မယ်ဆိုရင် ကလေးကို နွားနို့မတိုက်ပါနဲ့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement