backup og meta

ကလေးကို Solid Food စပြီးမိတ်ဆက်ပေးတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို Solid Food စပြီးမိတ်ဆက်ပေးတော့မယ်ဆိုရင်

    ကလေးတစ်ယောက်ကောင်းကောင်းကြီးပြင်းလာအောင် ပျိုးထောင်ရတာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့်ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ ပင်ပန်းခက်ခဲတဲ့ ခရီးပေါ့။ ဘယ်လောက်ပင်ပန်းပင်ပန်း ရင်သွေးကကျန်းကျန်းမာမာကြီးပြင်းလာတယ်ဆိုရင်ကို ပင်ပန်းတာတွေက အကုန်ပျောက်ကုန်တာလေ။ ကလေးရဲ့နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့တိုးတက်မှုတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရတာလည်းပြန်မရနိုင်တဲ့ အခိုက်အတန့်လေးတွေပါနော်။ ဒီအခိုက်အတန့်လေးတွေထဲမှာ ကလေးအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး မိဘတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ရှိပါတယ်။ ဒါကဘယ်အချိန်ဖြစ်မယ်ထင်လဲ၊ စကားစပြောတဲ့အချိန်လား၊ မတ်တတ်စမ်းတဲ့အချိန်လား၊ အစားစစားတဲ့အချိန်လား။ အစားစစားတဲ့အချိန်ပါနော်။

    ကလေးတစ်ယောက်ကို ဘယ်အချိန်မှာ အစားစကျွေးမလဲ

    ကလေးတစ်ယောက်ကို မိခင်နို့လိုမျိုး အရည်ပဲတိုက်နေရင်းကနေ အစားစကျွေးရတာက ကလေးအတွက်ရော မိဘအတွက်ရောတော်တော်လေး စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ပါ။ ဒီအခိုက်အတန့်ကို ဘယ်အချိန်မှာ ကြုံရမလဲဆိုတော့ ကလေးအသက် ၆ လရောက်လာတဲ့အချိန်မှာပါ။ ဒီအချိန်မှာမှ ကလေးက အစာခြေစနစ် အပြည့်အဝဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ခန္ဓါကိုယ်ကြီးထွားလာမှုနဲ့အမျှ လိုအပ်တဲ့ အာဟာရပမာဏကလည်း တိုးလာပါပြီ။ ကလေးတွေကို အသက် ၆ လရောက်တဲ့အခါ အစားစကျွေးရမှာဖြစ်ပြီး ၆ လထက်နောက်မကျတာက အကောင်းဆုံးဖြစ်မှာပါ။

    ကလေးက အစားစစားဖို့အဆင်သင့်ဖြစ်ပြီလား

    • ကလေးကခေါင်းကိုမတ်မတ်ထားနိုင်ပြီ။
    • အစားအစာတွေကို စပ်စုတတ်လာပြီ။
    • အစာကိုမျိုချနိုင်ပြီ။
    • နို့လုံလောက်အောင်တိုက်ပေမယ့် ကလေးကိုကြည့်ရတာ ဗိုက်ဆာနေတဲ့ ပုံပေါက်နေတယ်၊ ဆိုရင် ကလေးက အစားစစားဖို့အသင့်ဖြစ်နေပါပြီနော်။

    ကလေးကို Solid Food ဘယ်လိုစကျွေးမလဲ

    ကလေးက ၆ လပြည့်ပြီဆိုရင် အစားစစားဖို့အသင့်ဖြစ်ပြီဖြစ်တာကြောင့် ကလေးကို အစားစကျွေးရပါတော့မယ်။ ဘယ်လိုစကျွေးရမလဲ မသိဘူးလို့များဖြစ်နေတာလား။ မစိုးရိမ်ပါနဲ့။ပြောပြမှာပါ။

    ကလေးကို ဇွန်းနဲ့ခွံ့ရပါမယ် အစားစစားမယ့်ကလေးတစ်ယောက်ကို သစ်သားဇွန်း ဒါမှမဟုတ်ကြွေဇွန်းလေးနဲ့ နည်းနည်းချင်းခွံ့ပေးရပါမယ်။ အချိန်ပေးပြီး နည်းနည်းချင်းနဲ့ဖြည်းဖြည်းချင်းစီခွံရမှာပါ။

    ဖြည်းဖြည်းချင်းကနေစပါမယ် –ကလေးက တစ်ခါမှမစားဘူးသေးတာကို ပထမဆုံးအကြိမ်စစားမှာဆိုတော့ စမ်းသပ်တဲ့အခိုက်အတန့်ဖြစ်နေတာကြောင့်ဖြည်းဖြည်းချင်းကနေ စပေးရပါမယ်။ ကလေးကို တစ်နေ့တစ်ကြိမ်လောက်ကျွေးတာကနေ စရပါမယ်။

    တစ်ကြိမ်ထက်ပိုပြီးကျွေးရပါမယ် – ကလေးက ပထမဆုံးအရသာကိုခံစားမှာဖြစ်တာကြောင့် ကလေးက အစားတစ်ခုကိုကြိုက်လား၊ မကြိုက်ဘူးလားဆိုတာကိုသိနိုင်ဖို့ အနည်းဆုံး အကြိမ် ၂၀လောက် စမ်းသပ်ကျွေးရပါမယ်။

    အစားအစာတစ်ခုကို အချိန် ၃ ရက်ပေးပါ – ကလေးကို အစားစအာတစ်ခုခုကျွေးတဲ့အခါတိုင်း ကလေးက စားချင်သည်ဖြစ်စေ၊ မစားချင်သည်ဖြစ်စေ ၃ ရက်ဆက်တိုက်ကျွေးရပါမယ်။ ဒါမှ ကိုယ်ကျွေးလိုက်တဲ့ အစားအစာက ကလေးနဲ့ တည့်ရဲ့လားဆိုတာကို သိရမှာပါ။

    ပုံစံအမျိုးမျိုးပြင်ဆင်ပေးပါ – ကလေးက ငယ်ပေမယ့် တစ်ပုံစံတည်းစားချင်မှာ မဟုတ်တာတော့ လူကြီးတွေလိုပါပဲ။ ဒါကြောင့် ကလေးကို အစားအသောက်ကိုနေ့စဉ် တစ်ပုံစံတည်းပြင်ဆင်ပေးတာမျိုးမလုပ်ပါနဲ့။

    ကလေးကို ဘာတွေကျွေးမလဲ

    ကလေးကို အစားစကျွေးစမှာတော့ကျွေးမယ့်အစားအစာတွေထဲကို မိခင်နို့ထည့်ပြီးကျွေးပေးလို့ရပါတယ်။

    ၆ လအရွယ်

    ၉ လအရွယ်

    အပေါ်မှာပြောခဲ့တဲ့အစားအစာတွေအပြင် ဒါတွေပါထပ်တိုးပြီးစားလို့ရပါပြီ။

  • ငါး
  • အသား
  • ဟင်းသီးဟင်းရွက်
  • ကြက်သား တို့ကို နုတ်နုတ်စဉ်းထားတာမျိုးတွေပါ။
  • ၁၂ လ (၁နှစ်) အရွယ်

    ဒါလေးတွေထပ်တိုးစားခွင့်ရပါပြီ။

    • အဖြူထည်ချက်ထားတဲ့ ဟင်းတွေ ကိုပါစားလို့ရပါပြီ။

    အသက် ၄ နှစ်အရွယ်

    • ပြောင်းဖူး
    • အချိုနည်းတဲ့ပြောင်းဖူးပေါက်ပေါက်
    • အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ
    • သံလွင်သီး
    • ပန်းသီး
    • အသားကြော်၊ ကြက်သားကြော်
    • ချိစ်
    • နို့
    • ဒိန်ချဉ် တို့ကိုစားသုံးလို့ရပါပြီ။

    ကလေးဗိုက်ဝပြီ

    ကလေးတစ်ယောက်နဲ့တစ်ယောက်က အစားစားတဲ့ပမာဏချင်းမတူနိုင်ပါဘူး။ ဒါပေမယ့် ဗိုက်ပြည့်သွားတဲ့အခါ ကလေးတွေလုပ်တတ်တဲ့ အလေ့အထလေးတွေကတော့ ဆင်တူကြပါတယ်။ ကလေးက

    • ခုံကို မှီပြီးထိုင်မယ်
    • နောက်ကိုယို့ထိုင်မယ်
    • ခွံ့ကျွေးတာကို မျက်နှာလွှဲမယ်
    • ဇွန်းနဲ့မစားဘဲ ကစားနေမယ်
    • အစားပေါ်မှာ အာရုံမရှိတော့ဘူးဖြစ်နေမယ်
    • ခွံ့တဲ့အခါ ပါးစပ်ကို ပိတ်ထားမယ်ဆိုရင်တော့ ကလေးက ဗိုက်ပြည့်နေပါပြီနော်။

    ကဲ ကလေးကို အစားစကျွေးဖို့ခေါင်းခဲနေသေးလား။ ဒီဆောင်းပါးလေးထဲကအတိုင်းဖြေရှင်းကြည့်လိုက်ပါနော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement