backup og meta

ကလေးဖျားနာမှု ကင်းဝေးစေဖို့

မိဘတိုင်းမမက်ချင်တဲ့ အိပ်မက်ဆိုးကြီးတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးဖျားတာနာတာပါပဲ။ လူတိုင်းက ဖျားနာမှုနဲ့ မကင်းတာကို နားလည်ပေမယ့် ကလေးဖျားရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ရောလေ။ ကလေးဖျားနေတာထက် ကလေးက ကျန်းကျန်းမာမာနဲ့ သောင်းကျန်းနေတာကိုပဲ မြင်ချင်တယ်ဟုတ်။ သူ့အစားကိုယ်တိုင် ဝင်ဖျားလိုက်ချင်တဲ့စိတ် မေမေဖေဖေတိုင်း ဖြစ်ဖူးမှာပါ။ ဒီပြဿနာကနေ ကင်းဝေးစေမယ့် နည်းလေးတွေ ဒီဆောင်းပါးထဲမှာ ပြောပြပေးထားတယ်နော်။

ကလေးဖျားနာမှု ကင်းဝေးစေဖို့

ကလေးဖျားနာမှု ကင်းဝေးစေဖို့ နည်းလမ်းကောင်းအချို့

ကလေးဖျားနာမှု ကင်းဝေးစေဖို့

ကလေးကို လူထူတဲ့နေရာတွေခေါ်မသွားပါနဲ့

ကလေးမွေးချိန်ကစလို့ နှစ်လကျော်ကျော်လောက်ကို အပြင်သေချာမသွားရလို့ သွားချင်နေမှာ ဆိုပေမယ့် ကလေးဆိုတာမျိုးက လူကြီးတွေလောက် ကိုယ်ခံအားမကောင်းကြပါဘူး။ ဒါကြောင့် ကလေးကို အပြင်သိပ်ခေါ်မသွားပါနဲ့။ အထူးသဖြင့် လူထူတဲ့ နေရာတွေကိုပါ။ ကလေးကိုအပြင်မဖြစ်မနေခေါ်သွားမှဖြစ်မယ်ဆိုရင်လည်း အပေါ်ကနေထပ်ခြုံပေးသွားဖို့ ခြုံထည် ခပ်ပါးပါးလေး တစ်ထည် ခြုံသွားပေးပါ။ရောဂါပိုးတွေကို အပြည့်အဝ မဟုတ်ပေမယ့် အထိုက်အလျောက်တော့ ကာကွယ်ပြီးသားဖြစ်မှာပါ။

သွားလေရာကိုရေမလိုလက်သန့်ဆေး ဒါမှမဟုတ် wet tissueတွေယူသွားပေးပါ

ရောဂါပိုးတွေကပြင်ပလေထုထဲမှာ အချိန် ၅ နာရီလောက်ရှင်သန်နေထိုင်နေနိုင်ကြပါတယ်။ ဒါကြောင့် မတော်တဆရောဂါပိုးတွေကိုထိမိနိုင်ခြေကတော်တော်လေးများနေတာပါ။ ဒါကြောင့် ကလေးကို မထိတွေ့ခင်မှာ လက်ဆေးတာကအကောင်းဆုံးဖြစ်မှာပါ။ အိမ်မှာဆိုကိစ္စမရှိပေမယ့် အပြင်မှာ လက်ဆေးနိုင်ဖို့ကသိပ်တော့မလွယ်ဘူးလေ။ ဒီလိုအခြေအနေမျိုးမှာ လက်ကရောဂါပိုးတွေကို သန့်စင်ဖို့အတွက်ရေမလိုလက်သန့်ဆေးရည် ဒါမှမဟုတ် wet tissueလေးတွေဆောင်သွားပေးပါ။

လက်ပုံမှန်ဆေးပေးပါ

လက်ချောင်းလေးတွေက တာဝန်တော်တော်များများကိုလုပ်သလို ရောဂါပိုးတွေကလည်း တော်တော်များပါတယ်။ ဒီလိုလက်တွေကို မဆေးကြောဘဲ ကလေးကို ချီမယ်၊ ကိုင်တွယ်ထိတွေ့မယ်ဆိုရင် ရောဂါပိုးတွေ ကလေးဆီ ပို့ပေးသလိုတောင်ဖြစ်ဦးမယ်။ ဒီလိုရောဂါပိုးတွေနဲ့ထိတွေ့မိတာက ကလေးတွေကိုဖျားနာစေနိုင်ပါတယ်။ ဒါကြောင့်မေမေဖေဖေတို့အနေနဲ့ ကလေးကို မကိုင်ခင်မှာ လက်ကိုအရင်ဆုံးသန့်စင်ဆေးကြောပါနော်။

ကလေးကိုအာဟာရပြည့်ဝအောင်ဂရုစိုက်ပါ

ကလေးက နို့မပြတ်သေးတဲ့အရွယ်ဆိုရင် မေမေတို့အနေနဲ့ အာဟာရဖြစ်မယ့်အစားအစာတွေကို ရွေးချယ်စားသုံးပြီး ကလေးကို အာဟာရပြည့်ဝတဲ့ နို့ချိုတိုက်ကျွေးပေးပါ။ ကလေးက အစားစစားနိုင်ပြီဆိုရင်လည်း ကလေးကို ကြက်စွပ်ပြုတ် ငါးအသား၊ ပဲ၊ဥအမျိုးမျိုးတို့လိုမျိုး အာဟာရပြည့်ဝစေမယ့် အစားအစာတွေကို သေချာဂရုစိုက်ကျွေးမွေးပေးပါ။ အာဟာရပြည့်ဝမှ ကိုယ်ခံအားကောင်းပြီးရောဂါတွေကို ကာကွယ်နိုင်မှာပါ။

ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ

လူတစ်ယောက်ကျန်းမာဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက တော်တော်လေး အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းဂရုစိုက်ပေးပါ။ ရေပုံမှန်ချိုးပေးတာ၊ အဝတ်အစားတွေ သန့်သန့်ပြန့်ပြန့်ဝတ်ပေးတာ၊ ခြေသည်းလက်သည်းတွေ ညှပ်ပေးတာလိုမျိုး လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို ဂရုစိုက်ပါ။

ကလေးကို လူတိုင်းကို ပေးမနမ်းပါနဲ့

ကလေး ဆိုတာက အပြစ်အကင်းဆုံးလူသားတွေ ဖြစ်သလို မြင်တဲ့လူတိုင်း မချစ်ဘဲမနေနိုင်တဲ့ သက်ရှိလေးတွေပေါ့။ ကလေးမြင်ရင်ချစ်လွန်းလို့ချီချင်ပွေ့ချင် နမ်းရှုံ့ချင်တဲ့သူတွေအများကြီးပါ။ ကလေးကို ချစ်ကြတာက ဝမ်းသာစရာဆိုပေမယ့်တွေ့ကရာလူကိုပေးချီမယ်။ နမ်းရှုံ့ခွင့်ပေးမယ်ဆိုရင် ကလေးကို မလိုလားအပ်ဘဲရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို မလိုအပ်ဘဲ ဖျားနာမှုတွေမဖြစ်စေချင်ဘူးဆိုရင်တွေ့ကရာလူချီတာ နမ်းတာရှုံ့တာကိုခွင့်မပြုပါနဲ့။

ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ

ပတ်ဝန်းကျင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါပိုးတွေက ထောင်နဲ့ချီပြီးရှိနေနိုင်ပါတယ်။ ဒါကြောင့် ကလေးနေထိုင်ရာ ပတ်ဝန်းကျင်၊ အသုံးအဆောင်တွေနဲ့ အဝတ်အစားတွေကိုသေချာသန့်စင်အောင်ထားပေးဖို့ မမေ့ပါနဲ့။ ကလေးနေထိုင်ရာကို သပ်ရပ်သန့်ရှင်းပြီး အနံ့အသက်ကင်းစင်စေဖို့ သေချာဂရုစိုက်လုပ်ဆောင်ပေးပါ။

ကလေးဖျားနာမှု ကင်းဝေးစေဖို့ ဒီနည်းလမ်းလေးတွေသုံးပြီး မိမိရဲ့ အဖိုးတန် ကလေးတွေကို အမြဲကျန်းမာနေအောင် လုပ်ဆောင်ပေးနိုင်ကြပါစေကြောင်း……

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Easy Ways Newborns Get Sick (And 5 Ways To Prevent It)https://www.babygaga.com/10-easy-ways-newborns-get-sick-and-5-ways-to-prevent-it/ Accessed Date 8 November 2018

Protecting Your Baby From Other People’s Germshttps://www.webmd.com/parenting/features/protecting-baby#1 Accessed Date 8 November 2018

6 Ways to Keep Baby Healthyhttps://www.thebump.com/a/keep-baby-healthy Accessed Date 8 October 2018

ယခုပုံစံ

26/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ မိဘတွေသိသင့်တဲ့ အချက် ၅ ချက်

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ