backup og meta

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ

စပါးလင် က အနံ့မွှေးသလို ခံတွင်းရှင်းစေနိုင်တဲ့ ပူရှိန်းရှိန်း အရသာ ရှိပါတယ်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးများပါတယ်။ ဒီတစ်ခေါက်တော့ စပါးလင်ပါတဲ့ ဟင်းရည်တွေ၊ စပါးလင်နိုင်နိုင်နဲ့ ချက်ထားတဲ့​ ဟင်းတွေကို ဘေဘီလေးတွေ စားလို့ ရမလား …. ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား ……

ဘေဘီလေး ဘယ်အရွယ်ဆို စပါးလင်ကျွေးလို့ရမလဲ …….

ဘေဘီလေးက အသက် ၆ လဆိုရင် အစာမာတွေကို စစားနိုင်မှာ ဆိုပေမယ့် ဘေဘီလေးက အသက် ၁၂ လ (၁ နှစ်) ပြည့်မှ စပါးလင်ကို နည်းနည်း ချင်း စကျွေးလို့ ရပါမယ်။

ကျွေးတဲ့အခါမှာလည်း သေချာလေး ကြိတ်ခြေပြီးမှာ ဟင်းထဲထည့်ချက်တာက အဆင်အပြေဆုံး ဖြစ်မှာပါ။ စကျွေးတဲ့အခါ ဘေဘီလေးကို နည်းနည်း စမ်းကျွေးတာမျိုး လုပ်ပေးရပါမယ်။ တစ်ခုရှိတာက မုန့်ဟင်းခါးက စပါးလင်ပါတယ်ဆိုပေမယ့် အငန်ဓာတ်များတာကြောင့် ဘေဘီလေးကို မကျွေးသင့်သေးပါဘူး။ တခြားဟင်းတွေကိုလည်း လူကြီးစားတဲ့ထဲက မကျွေးသင့်ပါဘူး။ ကလေးအတွက် သီးသန့်ချက်ပေးရပါမယ်။

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ

ဘေဘီလေးကို စပါးလင်ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

ကိုယ်တွင်း အဆိပ်အတောက် ကင်းစေတယ်

ဆီးလမ်းကြောင်း ပိုးဝင်တာက ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ စပါးလင်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာကြောင့် ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ဝမ်းဗိုက်လေး ကျန်းမာမှ ဘေဘီလေးက ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ ဘေဘီလေးမှာ ရင်ပြည့်တာ၊ အစာမကြေတာတွေ ခံစားနေရရင် သက်သာစေဖို့နဲ့ ဘေဘီလေးကို အစာခြေ စနစ်ပြဿနာ ကင်းစေပြီး ကျန်းမာပျော်ရွှင်နေစေဖို့ စပါးလင်လေးက ထောက်ကူပေးပါတယ်။

လေထတာ၊ လေနာတာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ လေထိုးလေအောင့် ကင်းစေဖို့လည်း ကူညီပေးနိုင်ပါသေးတယ်။

အရောင်ကျစေနိုင်တယ်

ဘေဘီလေးက လှုပ်လှုပ်ရှားရှား ဆော့ကစားရင်း ထိခိုက်မိတာကြောင့် ရောင်ရမ်းတာ၊ အဆစ်တွေ နာကျင်တာ၊ ကြွက်သားတွေ ကိုက်ခဲတာမျိုး ဖြစ်တာကို သက်သာစေဖို့ဆိုရင်လည်း စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။ ပိုးမွှားတွေ ကိုက်တာကြောင့် ဖြစ်တဲ့ အရေပြား ရောင်ရမ်းတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ကျန်းမာစေနိုင်တယ်

ဘေဘီလေးမှာ ခံစားရနိုင်တဲ့ နို့ပွေးကစလို့ အသားခြောက်တာ၊ ပိုးဝင်တာတွေကို သက်သာစေဖို့အတွက် စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရည်ကြိတ်ပြီး ရေသန့်သန့်လေးနဲ့ ရောပြီး လိမ်းပေးလို့ ရသလို ပြုတ်ရည် အဆီ စတာတွေကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာကင်းပြီး ကျန်းမာစေဖို့လည်း စပါးလင်လေးက ထောက်ကူပေးနိုင်ပါသေးတယ်။ အရွယ်ရောက်လာချိန်မှာ အရေပြားပြဿနာ ကင်းစေဖို့ပါ ကူညီပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးတယ်

ဘေဘီလေးကို ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုစေဖို့နဲ့ အဝမလွန်စေဖို့အတွက် စပါးလင်ကို အသုံးပြုပေးလို့ ရပါတယ်။ ကိုယ်တွင်း အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပုံမှန်လေး ပြင်ဆင်ပေးတာက ဘေဘီလေးကို အဝမလွန်အောင် ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

ကဲ ….. ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health Benefits of Lemongrass for Kids and Toddlers https://parentinghealthybabies.com/health-benefits-of-lemongrass-for-kids-and-toddlers/ Accessed Date 30 December 2021

Health Benefits of Lemongrass for Kids https://www.indiaparenting.com/health-benefits-of-lemongrass-for-kids.html Accessed Date 30 December 2021

ယခုပုံစံ

04/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ငရုတ်ကောင်း ကျွေးလို့ရလား .......

စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement