backup og meta

ကလေးတွေကို အော်ဂဲနစ် အစားအသောက်တွေကျွေးခြင်းနှင့် သိစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို အော်ဂဲနစ် အစားအသောက်တွေကျွေးခြင်းနှင့် သိစရာများ

    လူအများအပြားကတော့ အော်ဂဲနစ်အစားအစာတွေရဲ့ မြင့်မားတဲ့ ဈေးနှုန်းကို ဂရုမထားပဲ သားသမီးတွေကို ကျွေးဖို့ အကြံပြုကြပါတယ်။ ပိုးသတ်ဆေး မပါဝင်တာကြောင့်အော်ဂဲနစ်အစားအစာတွေက ကလေးတွေအတွက် ကောင်းတယ်လို့ယုံကြည်ပါတယ်။ သင်အော်ဂဲနစ်အစားအစာကို ပိုက်ဆံပိုပေးဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်၊မသင့်ကို အောက်ကဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။

    ကလေးရဲ့ အစားအစာထဲမှာ ပိုးသတ်ဆေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ဖြစ်သင့်ပါသလား

    ပြောနေစရာတောင် မလိုပါဘူး။ ပိုးသတ်ဆေးတွေကို အထူးသဖြင့်လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နှင့် သစ်သီးများထဲတွင်အများဆုံး တွေ့နေကြပါတယ်။ ပိုးသတ်ဆေးတွေက စိုက်ခင်းကိုဖျက်စီးတတ်တဲ့ မှို၊ အင်းဆက်ပိုးမွှားများနှင့်ရောဂါများမဖြစ်အောင် ကောက်ပဲသီးနှံများကိုကာကွယ်စောင့်ရှောက်ကူညီပေးပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပိုးသတ်ဆေးတွေက လူ့ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိပါတယ်။ ဒီဓာတုပစ္စည်းတွေက ကင်ဆာ၊ အဆုတ်ရောဂါ၊ မျိုးဆက်ပွားပြဿနာများနှင့် endocrine စနစ်များမမှန်ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အမူအကျင့်မမှန်ခြင်း၊ သင်ယူမှုစွမ်းရည်ကျခြင်းများနှင့် ဦးနှောက်နှင့်အာရုံကြောစနစ်ပင် ရေရှည်ပျက်စီးမှုဖြစ်နိုင်ပါတယ်။

    ပိုးသတ်ဆေးနှင့်ထိတွေ့မှု ရှည်လျားသည်ဖြစ်စေ တိုသည်ဖြစ်စေ သင့်ကလေး၏ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တကယ်တော့တချို့ဆိုးကျိုးတွေကလည်း ချက်ချင်း မပေါ်တတ်သေးပါဘူး။

    ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေထက် ပိုးသတ်ဆေးဒဏ်ပိုခံရပါသလား

    ကလေးတွေက အစားအစာ အရေအတွက်ကိုကန့်သတ်ပြီး စားတတ်တဲ့အတွက် ပိုးသတ်ဆေးတွေပါတဲ့ အစားအသောက်တွေ ပိုစားမိဖို့ အလားအလာရှိပါတယ်။ ဒါ့ပြင် သူတို့က လူကြီးများထက် သူတို့ရဲ့ခန္ဓာကိုယ်အလေးချိန်ထက် ပိုပြီး အစားအစာကိုစားကြပါတယ်။

    ကလေးများက ပိုမိုလွယ်ကူစွာ ပိုးသတ်ဆေးကိုစုပ်ယူနိုင်ပါတယ်။ သူတို့ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းက ဖွံ့ဖြိုးဆဲဖြစ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်ကို မချေဖျက်နိုင်ပါဘူး။ နောက်ဆုံးအနေနဲ့ ပိုးသတ်ဆေးဟာ သူတို့တွေရဲ့ ကျန်းမာတိုးတက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အာဟာရစုပ်ယူရာမှာ ဟန့်တားနိုင်ပါတယ်။

    သင်သိထားဖို့လိုတာက ပိုးသတ်ဆေးနဲ့ ထိတွေ့နိင်ချေရှိတဲ့နည်းက အစားအစာတစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာပါပဲ။ သောက်ရေမှတဆင့်လည်း ထိတွေ့နိုင်ပါသေးတယ်။

    ပိုးသတ်ဆေးတွေကို သင်၏အိမ်သို့မဟုတ်ခြံမှာ သုံးထားတယ်ဆိုရင် သင်ကလေးနဲ့ ထိတွေ့ဖို့ မြင့်မားသောအခွင့်အလမ်းရှိပါတယ်။ သင်တောင် သင့်ရဲ့ဖိနပ်ကနေ အိမ်ကို ပိုးသတ်ဆေးတွေ ကပ်ပါလာနိုင်တယ်။ အဲ့အခါ ကလေးက ကြမ်းပြင်ပေါ်မှာကစားရင်းနဲ့ ဓာတုပစ္စည်းတွေ မျိုချမိတာ သို့မဟုတ် ကြမ်းပြင်ကနေတစ်ခုခုကိုပါးစပ်ထဲ ထည့်လိုက်တာတွေ ဖြစ်တတ်ပါတယ်။

    အော်ဂဲနစ်အစားအစာတွေက ကုန်ကျစရိတ်ထပ်ပိုပေးရလောက်အောင် ထိုက်တန်သလား

    အဖြေကတော့ တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပါတယ်။ မကြာသေးခင်က သုတေသန၂ခုကို ပြန်လည်သုံးသပ်ရာမှာ အော်ဂဲနစ်အစားအစာများက ဒီတိုင်း ဆေးတွေနဲ့ စိုက်ပျိုးတဲ့ အစားအစာများထက်အာဟာရပိုကောင်းတယ်ဆိုတဲ့ သက်သေအထောက်အထားများတွေ့ရှိခဲ့ခြင်း မရှိပါဘူး။ အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးထားတဲ့ အစားအစာများစားသုံးခြင်းက ပိုးသတ်ဆေးနဲ့ သင့်ထိတွေ့မှုလျှော့ချပေးနိုင် ပေမဲ့သူတို့ကသူတို့သမားရိုးကျ စီပွားဖြစ် စိုက်ပျိုးတာတွေနဲ့ တူညီတဲ့ အာဟာရတန်ဖိုးပဲ ရှိပါတယ်။ ဒါ့အပြင် (ဝက်သားကဲ့သို့) အချို့သောအော်ဂဲနစ်အသားတွေက ဘက်တီးရီးယားကြီးထွားမှု လျော့နည်းစေတဲ့ antibacterial ဂုဏ်သတ္တိတွေလည်း ရှိမနေပါဘူး။

    သင့်မှာ စိုက်စရာခြံတွေဝန်းတွေ ရှိရင် သင့်ကိုယ်ပိုင်အော်ဂဲနစ်အသီးအနှံနှင့်ဟင်းသီးဟင်းရွက်အချို့စိုက်ဖို့ စဉ်းစားပါ။ ဥယျာဉ်စိုက်တာက အစာအာဟာရနှင့် ပတ်သက်ပြီး သင့်ကလေးကိုသင်ပေးဖို့ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။

    ကလေးတစ်ယောက်ပျိုးထောင်ရတယ်ဆိုတာ စိတ်ရှည်မှု၊အလေ့အကျင့်နဲ့ အတွေ့အကြုံများစွာလိုတဲ့အတွက် မလွယ်ပါဘူး။ မတူညီတဲ့ နည်းလမ်းတွေကနေ အကောင်းဆုံးတစ်ခုကို သင့်ကလေးအတွက်ရွေးပေးရမှာကလည်း မိဘတွေတာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်သာ တတ်နိုင်တယ်ဆိုရင် ကလေးနဲ့ပိုးသတ်ဆေးတွေထိတွေ့မှုနည်းစေဖို့ အော်ဂဲနစ်အစားအသောက်တွေ ဝယ်ယူတာ စိုက်ပျိုးတာတွေ လုပ်သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement