backup og meta

ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ၂နှစ်အထက် ကလေးတွေမှာ အာဟာရဓာတ်တွေ လုံလောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ၂နှစ်အထက် ကလေးတွေမှာ အာဟာရဓာတ်တွေ လုံလောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

    ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ၂နှစ်အထက် ကလေးတွေမှာ အာဟာရဓာတ်တွေ လုံလောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ ….  ကလေး အသက် ၂နှစ်အထက်ကနေ စတင်တဲ့ ကာလဟာ သူတို့လေးတွေရဲ့ နောက်ပိုင်း ကျန်းမာဖွံ့ဖြိုးမှုအတွက် သိပ်အရေးကြီးပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုး ထက်မြက်မှု၊ ကြံ့ခိုင်သွက်လက်မှု တွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ ကာလ လို့ ဆိုနိုင်ပါတယ်။

    ကလေးရဲ့ အသက်၂နှစ်အထက်ကာလ

    ကလေးရဲ့ ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်တဲ့ ၂နှစ်အထက်ကနေ နောက်ပိုင်းကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပါတယ်။

    အဲဒီကာလအပိုင်းအခြားအတွင်းက ဘာသာစကား သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း အပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာ ဖွံ့ဖြိုးလာပါမယ်။ ဒါကြောင့် အာဟာရပြည့်ဝဖို့ဟာ  ဒီလို အပိုင်းအခြားကာလအတွက် အရေးကြီးဆုံး နံပါတ်တစ်ဖြစ်လာပါတယ်။

    ဒီအချိန်က နုနယ်တဲ့ ဦးနှောက် နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု ကာလလည်းဖြစ်ပါတယ်။ ကလေးတွေရဲ့ဦးနှောက်က ငါးနှစ်မပြည့်ခင်ကာလအတွင်းမှာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပြီး အရွယ်အစားထုထည်က ၅ နှစ်ပြည့်တဲ့ချိန်မှာ အရွယ်ရောက်ပြီးသူ ဦးနှောက်ရဲ့ ၉၀ရာခိုင်နှုန်းကို ရောက်ရှိနေပါပြီ။

    ကလေးအသက်ငါးနှစ်အတွင်း DHA ကို လုံလောက်အောင်ရရှိခဲ့တဲ့ကလေးတွေဟာ IQ လည်းမြင့်တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ စာဖတ်နိုင်အားကောင်းတယ်၊ အမြင်အာရုံစူးရှတယ်လို့ သုတေသနတွေက သက်သေပြထားပါတယ်။

    ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ၂နှစ်အထက် ကလေးတွေမှာ အာဟာရဓာတ်တွေ လုံလောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

    ဒီကာလမှာ ဦးနှောက်က အမြင့်ဆုံး အရှိန်နှုန်းနဲ့ ဖွံ့ဖြိုးလာလို့ပါပဲ။ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ၅နှစ်တာ ကာလအတွင်းမှာ အထူးသဖြင့် ဒီအာဟာရဓာတ်တွေကို မရှိမဖြစ် လိုအပ်ပါတယ်။

    ဗီတာမင် A

    ကလေးတွေရဲ့ အမြင်အာရုံ အတွက် အဓိက လိုအပ်တဲ့ ဗီတာမင်ဖြစ်ပြီး အသားအရေကိုလည်း ကျန်းမာစိုပြည်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်းတစ်ရှူးတွေ ကိုလည်း ပြုပြင်ပေးနိုင်တယ်။

    ဗီတာမင် B complex

    ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့B2 ၊ B3၊ B6၊ B12, ဖောလိတ် တို့က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုတယ်၊ သွေးလည်ပတ်မှု ကောင်းစေတယ်၊ အာရုံကြောစနစ်ကို အားကောင်းစေတယ် စတဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

    DHA

    အကျိုးပြုအဆီဓာတ်(Omega-3 fatty acids) တစ်မျိုးဖြစ်တဲ့ DHA ဟာ မျက်စိ၊ ဦးနှောက်နဲ့ အာရုံကြောစနစ် အတွင်း ဖွဲ့စည်းတည်ဆောက်မှု အတွက် အရေးပါတဲ့နေရာက ပါဝင်ပံ့ပိုးပေးပါတယ်။

    Probiotics (အကျိုးပြုဘက်တီးရီးယား)

    အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ကောင်းကောင်းအလုပ်လုပ်တဲ့အခါ  ကလေးဟာ ကိုယ်ခံအားစနစ် ပိုအားကောင်းနိုင်ပါတယ်။ ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်း အနေနဲ့ အာဟာရတွေကို စုပ်ယူမှုအားပိုကောင်း စေနိုင်တဲ့အတွက် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ အပြင် အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

    ဒီ အကျိုးပြုဘက်တီးရီးယားလေးတွေ ကောင်းမွန်သန်မာပြီး ကိုယ့်ကလေးရဲ့ ခန္ဓာကိုယ်အတွက် အလုပ် ကောင်းကောင်းလုပ်ပေးနေနိုင်ဖို့အတွက် သူတို့လေးတွေမှာလည်း အာဟာရဓာတ် (Prebiotics) လိုအပ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ရော သူတို့အတွက် လိုအပ်တဲ့အာဟာရဓာတ် (Prebiotics) ရော ပြည့်စုံနေမှ ကလေးရဲ့ အရေးအကြီးဆုံး ပထမ သုံးနှစ်တာ ဖွံ့ဖြိုးမှုက အားကောင်းနိုင်မှာပါ။

    ငယ်စဉ်မှာ အာဟာရမပြည့်ဝတဲ့ကလေးတွေဟာ သင်ယူနိုင်စွမ်း အားနည်းတာ၊ အာရုံစူးစိုက်နိုင်စွမ်း နည်းတာလိုမျိုးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

    ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ အာဟာရတွေကို ကလေးတစ်ယောက် နေ့စဉ် စားသုံးနေကျ အစားအစာတွေဖြစ်တဲ့ ထမင်း၊ အသား၊ ငါး (ဆယ်လ်မွန်ငါး)၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး တို့ကနေ ရရှိစေဖို့ ကျွေးမွေးပေးနိုင်ပါတယ်။

    ဒီလို အာဟာရဓာတ်တွေ ကောင်းကောင်းရရှိတဲ့ ကလေးဟာ ဉာဏ်ရည်ပိုင်းတင်မကဘဲ ခန္ဓာကိုယ် ကြီးထွားမှုပိုင်းပါ ဖွံ့ဖြိုးမှုက သူများထက် သာနေမှာ သေချာပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement