backup og meta

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။

အရင်က ဘေဘီလေးတွေက ဆလတ်ရွက် စားလို့ရတယ် မရဘူးဆိုတာကို သိပ်အရေးစိုက်စရာ မလိုဘဲ အခုနောက်ပိုင်း ဘေဘီလေးတွေက ဆူရှီတွေ ရေဘဝဲလုံးကြော်လို စားစရာမျိုးတွေကို စားတတ်လာချိန်မှာတော့ ဘေဘီလေးကို ဆလတ်ရွက် ကျွေးလို့ရလားဆိုတာက မေမေတိုင်း သိချင်မယ့် မေးခွန်းလေး တစ်ခု ဖြစ်တာပြီ ထင်ပါတယ်။

ဆလတ်ရွက်က ဘာဂါ၊ ထမင်းလိပ်တွေ ထဲမှာ အများဆုံးပါတတ်ပြီး ဘေဘီလေးတွေ  အကြိုက်ဖြစ်တဲ့ မရောနိစ်လေးနဲ့ တို့စားရင် အတော်လေး စားလို့ ကောင်းပါတယ်။ ဒါကြောင့် ဘေဘီလေးနဲ့ ဆလတ်ရွက်က တည့်လား…. ဘေဘီလေးက ဘယ်အရွယ်ရောက်ရင် ဆလတ်ရွက် စားလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

ဆလတ်ရွက် ဆိုတာ

ဆလတ်ရွက်ဆိုတာ အရွက် အနားတွန့်ဖားဖားလေးနဲ့ အစိမ်းနုရောင် အရွက်လေးပါ။ ရိုးတံလေးက ဖြူုဖြူကြွပ်ကြွပ်လေးပါ။ စားရင် နည်းနည်းလေး ခါးသက်သက်ဖြစ်ပေမယ့် မယောနိစ်လေးနဲ့ တို့စားရင် အတော်လေး စားလို့ ကောင်းပါတယ်။

ဆလတ်ရွက်ကပေးတဲ့ အာဟာရ

စားလို့ကောင်းတဲ့ ဆလတ်ရွက်မှာ

ဘေဘီလေးကို ဆလတ်ရွက် ကျွေးလို့ ရလား

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။

အသက် ၆ လ ပြည့်လို့ solid food စစားလို့ရတဲ့အချိန်မှာဆို ဖြည့်စွက်စာထဲမှာ ပြုတ်ကျွေး၊ ပေါင်းကျွေးလို့ရပါပြီ။ ဒါပေမယ့် ကလေးမနင်အောင်တော့ သတိထားဖို့ လိုပါတယ်။ ဘေဘီလေးက အသက် ၉ လကျော်ပြီဆိုရင် အစိမ်းအတိုင်း နည်းနည်းချင်း စကျွေးလို့ ရပါပြီ။ အသက် ၁၂ လဆိုရင်တော့ သေချာကို ကျွေးလို့ ရပါပြီ။

ဒီလို ကျွေးတဲ့အခါ ဘေဘီလေးကို ဆလတ်ရွက် နုနုလေး၊ အစိမ်းရောင်ကိုပဲ ကျွေးရပါမယ်။ အနီရောင် ဆလတ်ရွက်၊ အနံ့ပြင်း၊ အရသာပြင်းတာမျိုး မကျွေးပါနဲ့။

နောက်ထပ် သတိထားရမှာ တစ်ခုက ရေကို သေချာလေး စင်အောင် ဆေးကြောဖို့ပါ။ ဆလတ်ရွက်မှာပါတဲ့ ပိုးသတ်ဆေးတွေ၊ ဘက်တီးရီးယားတွေ မစင်ဘူးဆိုရင် ဘေဘီလေးရဲ့ အစာခြေစနစ်ကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဘေဘီလေးကို ဖြစ်နိုင်ရင် ဆလတ်ရွက်ကို ပေါင်းခံပြီး ကျွေးစေချင်ပါတယ်။ အစာနင်တာမျိုး မဖြစ်စေဖို့အတွက်လည်း အရွယ်တော်လေး ဖဲ့ပြီး ကျွေးပေးဖို့ လိုပါမယ်။

ဘေဘီလေးက ဆလတ်ရွက် စားတဲ့အခါ

ဘေဘီလေးအတွက် ဆလတ်ရွက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရွက် တစ်မျိုးပါ။ အရိုးနဲ့ သွားတွေ၊ တစ်ရှူးတွေ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်သလို သွေးအားကောင်းစေဖို့နဲ့ သွေးသန့်စေဖို့လည်း ထောက်ကူပေးပါတယ်။

အမျှင်ဓာတ်က ဘေဘီလေးကို ဝမ်းချုပ်မှု ကင်းစေပြီး အူလမ်းကြောင်းတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် A ပါဝင်တာကြောင့် အမြင်အာရုံ ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင် K က ခန္ဓာကိုယ်အတွက် ပရိုတင်း ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရေဓာတ် ကြွယ်ဝတာကြောင့် ဘေဘီလေးကို အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကဲ ……. ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။ ဆိုတာကို သိသွားပြီဆိုတော့  ထမင်းလိပ်မှာပဲ ပါပါ၊ ဘာဂါမှာပဲ ပါပါ ဆလတ်ရွက် ပါလာမယ်ဆိုရင် အနံ့အရသာ မပြင်းဘူးဆိုရင် ဘေဘီလေးကို ကျွေးလို့ ရပါတယ်နော်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can Babies Eat Lettuce? https://canbabieseat.com/lettuce/ Accessed Date 7 March 2022

CAN BABY EAT LETTUCE? https://mutsy.com/can-baby-eat-lettuce Accessed Date 7 March 2022

ယခုပုံစံ

25/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ငရုတ်ကောင်း ကျွေးလို့ရလား .......

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement