backup og meta

ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား

အရသာလေးက ချိုချိုလေးနဲ့ အနံ့လေးလည်း မွှေးတဲ့ ပိန္နဲသီးကို ချိုချိုအီအီ အရသာကို နှစ်ခြိုက်တတ်တဲ့ ဘေဘီလေးတွေ သဘောကျမယ်ဆိုတာကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ဒီလို ချိုအီမွှေးနေတဲ့ ပိန္နဲသီး စားနေရင်း ဘေဘီလေးက နည်းနည်းလို့ လာတောင်းရင် ဘယ်လို လုပ်ရမယ်မသိဘူး ဖြစ်မနေရလေအောင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား …… ဘယ်လို အချက်တွေ သတိထားဖို့ လိုမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။

ပိန္နဲသီး ဆိုတာ

အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။

ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်များ

စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ

ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား

ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား

ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား …… ဆိုတော့ ဘေဘီလေးက အသက် ၁ နှစ်ကနေ ၁ နှစ်ခွဲလောက် ရှိပြီဆိုရင်တော့ ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရပါပြီ။ အစေ့ကို ထုတ်ပြီး အသားလွှာလေးတွေကို အရွယ်တော်တုံးလို့ ပြင်ဆင်ပေးဖို့ လိုပါမယ်။ ပိန္နဲသီးကျွေးတဲ့အခါ မနင်အောင် အတုံးသေးသေးကျွေးဖို့ လိုပါတယ်။ ကျွေးနေချိန်မှာ ကလေးနင်နေလားဆိုတာ စောင့်ကြည့်နေဖို့ လိုပါတယ်။

သဘာဝအတိုင်း မှည့်ပြီး လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ ပိန္နဲသီးကို ကျွေးပေးဖို့ လိုပါမယ်။ တကယ်လို့ ဘေဘီလေးက ဝတ်မှုန် ဓာတ်မတည့်တာ၊ သားရေနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်ဖူးမယ်။ သွေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် မကျွေးသင့်ပါဘူး။ ဒီကလေးတွေကိုတော့ ကလေးဆရာဝန် သို့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။

ဘေဘီလေးကို ပိန္နဲသီး ကျွေးပေးတဲ့အခါ

ကျန်းမာရေး အကျိုးကျေးဇူးတွေ များတဲ့ ပိန္နဲသီးက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အကြောင်းကတော့ ပိန္နဲသီးမှာ ဘေဘီလေးတွေ ကျန်းမာဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ electrolytes၊ phytonutrients၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ အဆီ နဲ့ ပရိုတင်းတို့ ပါဝင်နေလို့ပါ။

ဘေဘီလေးကို ပိန္နဲသီး ကျွေးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ပိန္နဲသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေး ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝမှုက ဘေဘီလေးကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

မျိုးဗီဇဆဲလ်တွေနဲ့ ဆဲလ်အမြှေးပါးတွေကို ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကင်ဆာ အပါအဝင် ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘေဘီလေးကို ချောင်းဆိုးတာ၊ အအေးမိ၊ တုပ်ကွေး ဖြစ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝအောင် ကျွေးပေးဖို့ လိုပါမယ်။

အင်အားပြည့်ဝစေတယ်

ပိန္နဲသီးမှာ ကာဗိုဟိုက်ဒရိတ် နဲ့ ကယ်လ်လိုရီတွေ ပါဝင်နေသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏထက် မပိုတဲ့ သကြားဓာတ်လည်း ပါဝင်နေပါတယ်။ ဒီလို အာဟာရပြည့်ဝမှုက ဘေဘီလေးကို အင်အားပြည့်ဝနေစေဖို့ ထောက်ကူပေးပါတယ်။ ပိန္နဲသီးက အစာကြေလွယ်သေသပြီး ကလေးကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။

အစာကြေစေတယ်

ပိန္နဲသီးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပြီး ဘေဘီလေးကို ဝမ်းချုပ်တဲ့ ပြဿနာ ကင်းစေမှာပါ။ ဘေဘီလေးကို ကျန်းမာပြီး အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ဆိုရင် ပိန္နဲသီး ကျွေးပေးလို့ ရပါတယ်။

အစာခြေစနစ် ကျန်းမာမှ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

မျက်လုံးကျန်းမာစေတယ်

ပိန္နဲသီးမှာ ဗီတာမင် A နဲ့ ဘီတာကယ်လ်ရိုတင်း၊ Lutein Zeaxanthinတို့ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် A က ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိပြီး ဘေဘီလေးရဲ့ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျက်လုံးလေးတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

မျက်လုံးထဲက အစိတ်အပိုင်းတစ်ခုစီကို ကျန်းမာစေဖို့ ထောက်ကူပေးပြီး မျက်လုံးကို ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယား ကူးစက်မှုတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။

အရိုးတွေ သန်မာစေတယ်

ပိန္နဲသီးမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာက ဘေဘီလေးရဲ့ အရိုးတွေကို သန်မာကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးတေံ သန်မာစေပြီး အရိုးကျန်းမာရေးပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ပိုတက်ဆီယမ် ပါဝင်မှုကလည်း ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ် ဆုံးရှုံးမှု နည်းစေဖို့ ထောက်ကူပေးပါတယ်။ အရိုးသိပ်သည်းဆ ကောင်းမွန်စေပြီး အရိုးနဲ့ သွားတွေ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးပါတယ်။

သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်

ဘေဘီလေးတွေကို သွေးအားနည်းရောဂါ မဖြစ်စေဖို့ဆိုရင် ပိန္နဲသီး ကျွေးပေးလို့ ရပါတယ်။ ပိန္နဲသီးမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကလည်း ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

ပိန္နဲသီးမှာ copper နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကလည်း သွေးအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။

ဘေဘီလေးကို ပိန္နဲသီး ကျွေးပေးတဲ့အခါ

ကျန်းမာရေး အကျိုးကျေးဇူးတွေ များတဲ့ ပိန္နဲသီးက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
  • ကိုယ်ခံအား ကောင်းစေတယ်
  • အင်အားပြည့်ဝစေတယ်
  • အစာကြေစေတယ်
  • မျက်လုံးကျန်းမာစေတယ်
  • အရိုးတွေ သန်မာစေတယ်
  • သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I give my Baby Jackfruit? https://www.mylittlemoppet.com/can-i-give-my-baby-jackfruit/ Accessed Date 28 June 2022

When can babies eat jackfruit? https://solidstarts.com/foods/jackfruit/#:~:text=When%20can%20babies%20eat%20jackfruit,around%206%20months%20of%20age. Accessed Date 28 June 2022

Health Benefits of Jackfruit for Babies https://parentinghealthybabies.com/health-benefits-jackfruit-babies/ Accessed Date 28 June 2022

Jackfruit- The Forbidden Fruit https://mommywize.com/article/jackfruit-the-forbidden-fruit/ Accessed Date 28 June 2022

Can Babies Eat Jackfruit? https://canbabieseat.com/jackfruit/ Accessed Date 28 June 2022

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။

ကိုယ်ဝန်ဆောင်မေမေ ပိန္နဲသီး စားလို့ရမလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement