backup og meta

ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

    ကလေးကို အကောင်းဆုံးသော အရာတွေကို ပေးချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒ ပြည့်ဝဖို့ကိုလည်း မိဘတိုင်းက အကောင်အထည်ဖော်နိုင်ပါတယ်။ကလေးရဲ့ အနာဂတ် လှပဖို့ ဖန်တီးပေးနိုင်မယ့် လက်တစ်စုံကလည်း ဖေဖေမေမေတို့ ကိုယ်တိုင်ပဲဆိုတာ မမေ့စေချင်ပါဘူး။

    ဒီတစ်ခေါက်တော့ ကိုယ်ချစ်ရတဲ့ သားသားမီးမီးတို့ရဲ့ အနာဂတ်လေးတွေ လှပစေဖို့ မေမေဖေဖေတိုင်း မသိလို့မဖြစ်တဲ့ အချက်လေးတစ်ခုအကြောင်း ပြောပြပေးသွားမှာပါ။

    ကလေးတစ်ယောက် ကျန်းမာစွာ ကြီးပြင်းလာစေဖို့ မေမေတို့ မေ့နေနိုင်တဲ့အရာတစ်ခု

    ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေဖို့ အာဟာရ ပြည့်အောင် ဂရုစိုက်ပါလို့ ပြောလိုက်ရင် ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို အရင် ပြေးမြင်နိုင်ပါတယ်။ တချို့ကလည်း အားရှိဖို့လိုတယ်ဆိုတာတော့ သိပေမဲ့ ဘယ်အစိတ်အပိုင်းအတွက် ဘာအာဟာရဓာတ်ကို အဓိကလိုတယ်…ဘယ်လိုပြည့်ဝအောင် ကလေးကို ကျွေးမွေးရမယ်ဆိုတာကို တိတိကျကျမသိနေတာလည်း ဖြစ်တတ်ပါတယ်။

    ဒါပေမယ့် ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ ပံ့ပိုးပေးနေတဲ့ အာဟာရဓာတ်လေး တစ်ခုကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါလေးကတော့ DHA ပါ။ အခုနောက်ပိုင်းတော့ ရုပ်သံတွေကနေတဆင့် ဒီအာဟာရလေးရဲ့ နာမည်ကို ကြားဖူးလာကြမယ်ထင်ပါတယ်။

    DHA  ဆိုတာက

    DHA  ဆိုတာက omega-3 fatty acid တစ်မျိုးပါ။ Docosahexaenoic acid ဆိုပြီးလည်း ခေါ်ကြပါတယ်။ ဒီအာဟာရဓာတ်လေးက ကလေးတစ်ယောက်ရဲ့ ဦးနှောက် ၈၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးနေတဲ့ အသက် ၅ နှစ် မတိုင်ခင်မှာ မဖြစ်မနေ လိုအပ်ပါတယ်။

    ဦးနှောက်အတွက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ဆဲလ်တိုင်းအတွက် အရေးပါတာပါ။ DHA ပြည့်ဝမှ ကလေးက ဉာဏ်ရည်ထက်မြက်မယ်။ ကျန်းမာပျော်ရွှင်မယ်။ မျက်လုံး အကောင်းဆုံးဖွံ့ဖြိုးမယ်။ သင်ယူနိုင်စွမ်းကောင်းမယ် စတဲ့ အနာဂတ်လှပအောင် တည်ဆောက်ဖို့ လိုအပ်မယ့် အခြေခံ အုတ်မြစ်တွေ ပြည့်စုံမှာပါ။

    သားသားမီးမီးတို့ရဲ့ လှပတဲ့ အနာဂတ်အတွက် DHA က ချပေးတဲ့ အခြေခံ အုတ်မြစ်

    သားသားမီးမီးတို့ကို ငယ်စဉ်မှာ DHA ပြည့်ဝအောင် ထောက်ပံ့ပေးတာက

  • သင်ယူမှုလွယ်ကူစေတယ်။
  • ဦးနှောက်နဲ့ အမြင်အာရုံကို အကောင်းဆုံး ဖွံ့ဖြိုးစေတယ်။
  • မှတ်ဉာဏ်တည်ဆောက်ဖို့ အားဖြည့်ပေးတယ်။ အမြင်အာရုံ စူးရှစေတယ်။
  • ဉာဏ်ရည် ထက်မြက်စေတယ်။
  • ဘာသာစကား၊ စကားလုံးစတာတွေကို သင်ယူတတ်မြောက်လွယ်တယ်။
  • ဘာသာစကားစွမ်းရည်ကောင်းစေတယ်။
  • ကိန်းဂဏန်း တွက်ချက်နိုင်စွမ်း ကောင်းစေတယ်။
  • ဦးနှောက် နဲ့ ခန္ဓာကိုယ် ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေတယ်။
  • ကိုယ်ခံအား ကောင်းစေတယ်။
  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်။
  • နှလုံး ကျန်းမာစေတယ်။
  • ပန်းနာရင်ကျပ် ကင်းစေတယ်။
  • စိတ်ခံစားမှု ကောင်းစေတယ်။
  • အာရုံစူးစိုက်ရခက်တဲ့ ပြဿနာ ကင်းစေတယ်။
  • သွေးတွင်းကိုလက်စထရောကို ကျစေတယ်။
  • သားသားမီးမီး DHA ပြည့်ဝစေဖို့

    သားသားမီးမီးတို့ကို DHA လုံလောက် ပြည့်ဝစွာ ရရှိပြီး ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းလာစေဖို့ဆိုရင် တစ်နေ့တာမှာ DHA နဲ့ EPAတို့ကို ၂၀၀၀ မိလီဂရမ်ပါအောင် ကျွေးပေးရပါမယ်။ ဒီတော့ သားသားမီးမီးတို့အတွက်

    ကလေးတစ်ယောက်ဟာ ငယ်စဉ်မှာ DHA ကို ပြည့်ဝ လုံလောက်စွာ ရရှိမယ်ဆိုရင် ဉာဏ်ရည် ထက်မြက်ပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာမှာပါ။ IQ ရော EQ ပါ ကောင်းစေချင်ရင်တော့ ကလေးကို ငယ်ငယ်ကတည်း DHA ပြည့်ဝအောင် စီမံပေးပြီး အအနာဂတ်လေးတွေ လှပအောင် အကောင်းဆုံး အုတ်မြစ်ချလိုက်ပါ မေမေဖေဖေတို့ရေ………………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement