ကလေးကိုဓါတ်မတည့်မှုကင်းစေဖို့
ကလေးကိုဓါတ်မတည့်မှုကင်းစေဖို့အတွက် ကေးအသက် ၄ လခွဲလောက်ကနေ ၆ လအတွင်းမှာ Solid food စတင်မိတ်ဆက်ပေးရပါမယ်။ ကလေးက မတ်မတ်လေးထိုင်နိုင်ပြီ။ ဇက်နိုင်ပြီ၊ခေါင်းကို မတ်မတ်လေးထားနိုင်ပြီ၊ လျှာနဲနှုတ်ခမ်းကို အစားစားဖို့ကောင်းကောင်းအသုံးပြုတတ်ပြီ၊ အစာတွေကို မျိုချတတ်နေပြီ၊ အစားအစာတွေကို စိတ်ဝင်စားနေပြီဆိုရင် အစားစကျွေးလို့ရပါပြီ။ ဒီအချိန်မှာ ကလေးကို သူစားလို့ရမယ့် အစားအစာတွေကို စတင်ကျွေးရပါမယ်။ အရင်က လက်ခံထားကြတာက ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို ကလေးကိုစောစောမကျွေးရဘူး။ နည်းနည်းလေးအရွယ်ရလာမှကျွေးရမယ်လို့ပေါ့။
ကြက်ဥဆိုရင်တောင် ကြက်ဥအကာကို ကလေးအသက် ၁ နှစ်ပြည့်မှကျွေးမယ်။ ကြက်ဥအနှစ်ကိုတော့ ကလေးကို ၇ လလောက်ရောက်မှကျွေးမယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကို နှစ်နှစ်ပြည့်မှကျွေးမယ်။မြေပဲ နဲ့ အခွံမာသီးတွေကိုတော့ ၃ နှစ်ပြည့်မှစားရမယ် စသဖြင့်ကြားဖူးမှာပေါ့။ အခုနောက်ပိုင်းလေ့လာမှုတွေအရကတော့ ကလေးကို အစားစောစောကျွေးတာက ဓါတ်မတည့်မှုခံစားရနိုင်ခြေကို နည်းစေတယ်ဆိုတဲ့အချက်ပါ။ ဓါတ်မတည့်မှုဖြစ်စေနိုင်ပါတယ်ဆိုတဲ့ အစားအစာတွေကို ကလေးကိုစောစောလေးကျွေးပေးလေလေ ကလေးမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေက နည်းလေလေပါတဲ့။ ကလေးကို ဓါတ်မတည့်မှုဖြစ်တေယ်ဆိုတဲ့ အစားအစာတွေကို တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက်ကျွေးရပါမယ်။
ကလေးကို အစာစကျွေးတာနောက်ကျလေလေ ဓါတ်မတည့်မှုခံစားရနိုင်ခြေက များလေလေပါ။ ဒါကြောင့် ကလေးကို အစားစစားနိုင်ပြီဆိုကတည်းက အစားအစာတွေကို စကျွေးရပါမယ်။ စကျွေးတဲ့အချိန်မှာလည်း ဘာကတော့ဖြင့် ကလေးနဲ့ ဓါတ်မတည့်လို့ရှောင်ကျွေးမယ်ဆိုတာမျိုးမလုပ်ဖို့လိုပါမယ်။ ကလေးမှာ ဓါတ်မတည့်မှုနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ လက္ခဏာတစ်စုံတရာမတွေ့ရဘူးဆိုရင် ဆက်ကျွေးလို့ရပါတယ်။ အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ရပါမယ်။နောက်ထပ်လုပ်လို့ရတဲ့နည်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကလေးကိုနို့တိုက်နေချိန်မှာမေမေက ဓါတ်မတည့်တာဖြစ်စေနိုင်တယ်ဆိုတဲ့ အစားစအာတွေကိုစားပေးတာပါ။ အမေရိကန်ဆေးတက္ကသိုလ်က ကလေးဆရာဝန်တွေကတော့ ကလေကို အစာစောစောကျွေးတာက ဓါတ်မတည့်မှုဖြစ်နိုင်ခြေကိုနည်းစေနိုင်တယ်၊လို့ပြောကြားထားကြပါတယ်။ ကလေးကိုမြေပဲထောပတ်ငယ်ငယ်ကတည်းကကျွေးမယ်ဆိုရင် ကလေးကမြေပဲဓါတ်မတည့်မှုခံစားရနိုင်ခြေတော်တော်လေးနည်းသွားမှာပါ။
လေ့လာမှုတွေအရတော့ ကလေးကို အစာစောစောကျွေးမယ် ဓါတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုတဲ့ အစားအစာတွေကို မကြခဏဆိုသလိုကျွေးပေးမယ်ဆိုရင်ကလေးက အစားဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းသွားတယ်လို့သိရပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးကို နို့တိုက်စဉ်ကတည်းကရော အစားစစားနိုင်ချိန်မှာပါ အချို့သောအစားအစာတွေကို မိတ်ဆက်ပေးလို့ရပါကြောင်း…….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။