backup og meta

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

အရွယ်မရွေး ခြင်ကိုက်ခံရ နိုင်ပါတယ်။ လူကြီးတွေ အတွက်က ခြင်ကိုက်တာ အမှုမဲ့ အမှတ်မဲ့ ဆိုပေမယ့် ဘေဘီလေးတွေ မှာတော့ ခြင်ကိုက်တဲ့အခါ နီနေတာ၊ အရေပြားမှာ အပိမ့်တွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေကို ဘယ်လိုများ အကောင်းဆုံး ဖြေရှင်းမယ် စိတ်ကူးလဲ မေမေ ….. နည်းလမ်းကောင်းလေး ဝေမျှ ပါရစေ။

ဘေဘီလေးတွေ ခြင်ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ခြင်ကိုက်တာက ကာကွယ်လို့ ရတယ် ဆိုပေမယ့် အမြဲ ကာကွယ်ဖို့ကျ မဖြစ်နိုင် ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံး ကာကွယ်ဖို့ မဖြစ်တဲ့ အခြေအနေမှာ ခြင်ကိုက်ခံလာရရင် သက်သာအောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေး ပါရစေ။

ရေခဲကပ်ပါ

ရေခဲတုံးလေးတွေကို တဘက်စ သန့်သန့်လေးထဲ ထည့်ပြီး ခြင်ကိုက်ခံရတဲ့ နေရာမှာ ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက ခြင်ကိုက်ခံရ တာကြောင့် ယားယံတာကိုရော ရောင်ရမ်းတာကိုပါ သက်သာစေနိုင် ပါတယ်။

မကုတ်ပါနဲ့

ခြင်ကိုက်ခံရတဲ့အခါ ယားယံနိုင် ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကုတ်မိတာက ဖြစ်နိုင်ခြေ အများဆုံးပါ။ ကုတ်တဲ့အခါ အရေပြား ပွန်းပဲ့တာနဲ့ အဖုအပိမ့် ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကုတ်ဖဲ့ပါနဲ့။ အဝတ်စ နုနုလေးနဲ့ပဲ ခပ်ဖွဖွလေး ပွတ်ပေးပါ။

Lotion လိမ်းပါ

ဘေဘီလေးရဲ့ ခြင်ကိုက်ဖု နေရာကို ဘေဘီ lotion လေး ခပ်ဖွဖွ လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကို သက်သာစေနိုင် ပါတယ်။ သဘာဝ အသီးတွေက ထုတ်ထားတာမျိုးဆို ပိုကောင်း ပါတယ်။

သံပုရာရည်

ရေနွေးနွေးထဲကို သံပုရာရည် တစ်စိတ်စာလောက် ထည့်ပြီး မွှေပါ။ အအေးခံပြီး ဘေဘီလေးရဲ့ ခြင်ကိုက်ဖုမှာ ပွတ်လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကြောင့် ယားယံတာကိုရော ခြင်ကိုက်ဖုကိုပါ သက်သာစေမှာပါ။

ပျားရည်

ခြင်ကိုက်ခံ ရတဲ့အခါ ခြင်ကိုက်ဖုပေါ်မှာ ပျားရည် ခပ်ပါးပါးလေး ပွတ်လိမ်းပေးတာ ကလည်း ခြင်ကိုက်ဖုကို သက်သာ စေမှာပါ။

ဆားရည်

ရေနွေးနွေးလေး ထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး မွှေပါ။ အအေးခံပြီးရင် ဂွမ်းစလေးနဲ့ယူပြီး ခြင်ကိုက်ဖု နေရာကို တို့သုတ်ပေးပါ။ ခြင်ကိုက်ဖုကြောင့် ယားယံတာကိုရော ရောင်ရမ်းတာကိုပါ သက်သာစေမှာပါ။

အုတ်ဂျုံ

အုတ်ဂျုံကို ရေနွေးထဲ ထည့်စိမ်ပါ။ ပွလာပြီဆိုရင် အဖတ်တွေကို ဆယ်ယူပြီး ခြင်ကိုက်ဖု ပေါ်မှာ အုံထားပေးပါ။ ဒီလို လုပ်ပေးတာက ခြင်ကိုက်ဖုကြောင့် အရေပြား ယားယံမှုကို သက်သာစေသလို အရေပြားမှာ အဖုအပိမ့်တွေ ဖြစ်တာကိုပါ သက်သာစေနိုင်ပါတယ်။

ကဲ… မေမေတို့ရေ ဒီနည်းလမ်းလေးတွေ သုံးလို့ ဘေဘီလေးတွေ ခြင်ကိုက်ခံရရင် သက်သာအောင် လုပ်ပေးလိုက်စို့နော်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Mosquito Bites on Babies – Causes and Treatment https://parenting.firstcry.com/articles/mosquito-bites-in-babies-causes-and-remedies/ Accessed Date 9 July 2020

How To Treat And Prevent Mosquito Bites In Babies? https://www.momjunction.com/articles/mosquito-bites-in-babies_00364241/ Accessed Date 9 July 2020

ယခုပုံစံ

08/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement