backup og meta

ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် Sport Toys တွေရဲ့ သက်ရောက်မှု

ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် Sport Toys တွေရဲ့ သက်ရောက်မှု

ကလေးတစ်ယောက်အတွက် လူကြီးတွေလို လုပ်စရာတာဝန်တွေက များများစားစားမရှိပါဘူး။ များသောအားဖြင့် သူတို့လုပ်တဲ့နေကျအလုပ်တွေက အိပ်မယ်၊ စားမယ်၊ ကစားမယ်ပေါ့။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးကို လူမှုဆက်ဆံရေး၊ အသိဉာဏ်ပညာဆိုင်ရာ၊ ဘာသာစကားစွမ်းရည်နဲ့ပြဿနာြေဖရှင်းနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ အရုပ်လေးတွေနဲ့ပေးကစားတာက ကလေးရဲ့ ကြွက်သားတွေကို သန်စွမ်းစေနိုင်သလို ကလေးငယ်ကို ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေပါတယ်။ အရုပ်တွေနဲ့ လွတ်လပ်စွာပေးဆော့တာက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

ဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ်၊ ဘိုးလင်းလိုမျိုး အားကစားပစ္စည်းတွေနဲ့ပေးဆော့တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းမှုကိုတော်တော်လေးထိရောက်မှုရှိစေပါတယ်။ ဒီကစားစရာတွေက ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးစေနိုင်သလို စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းကောင်းမွန်စေပြီး ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးလေးတွေကို ၃ နှစ်အရွယ်လောက်ကတည်းကဘောလုံးပေးဆော့တာမျိုးလုပ်လို့ရပါတယ်။ ၅နှစ် ကနေ ၁၄ အရွယ်ကလေးလေးတွေကိုတော့ စက်ဘီးစီးတာ၊ ဘတ်စကတ်ဘောကစားတာ၊ဘောလုံးကန်တာ၊ ဘိုးလင်းပစ်တာ၊ တင်းနစ်ရိုက်တာ၊ ကြက်တောင်ရိုက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေမယ့် အားကစားနည်းတွေကိုပေးဆော့လို့ရပါတယ်။

ကလေးကို Sport Toys နဲ့ပေးဆော့ရင် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

ကလေးတွေကို အဝမလွန်အောင်ကာကွယ်ပေးနိုင်မယ်

လေ့လာချက်စစ်တမ်းတွေအရ အသက် ၆ နှစ်ကနေ ၁၁ နှစ်အရွယ်ကလေးငယ် အယောက် ၅၀ မှာ ၉ယောက်ဟာ အဝလွန်ေနတယ်လို့ သိရပါတယ်။ ဆယ်စုနှစ် ၃ ခုလောက်အတွင်း ကမ္ဘာ့ကလေးငယ်တွေရဲ့ ၇ ရာခိုင်နှုန်းလောက်အထိအဝလွန်လာကြတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီလိုဖြစ်လာရတဲ့ အဓိကပြဿနာတစ်ခုက ကလေးတွေဟာ အရင်ကလိုလှုပ်လှုပ်ရှားရှား မကစားကြတော့ဘဲ ဖုန်းထဲက ဂိမ်းတွေ၊ ကွန်ပျူတာဂိမ်းတွေဆော့တာနဲ့ ရုပ်ရှင်အကြည့်များတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာတွေကြောင့်ပါ။ ဒါကြောင့်ကလေးကို ရာသီဥတု သာယာတဲ့အချိန်မျိုးမှာ အိမ်အပြင်ထွက်ပြီးဘောလုံးကန်စေတာမျိုး၊ ဘတ်စကတ်ဘောပေးကစားတာမျိုးနဲ့ အခြားသော ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေကို ကစားခိုင်းပါ။ ဒီလိုပေးကစားတာက ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်စေပြီး ကြီးထွားဖွံ့ဖြိုးမှုကိုကောင်းမွန်စေသလို ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်တိုးတက်မှုတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်။

ကြွက်သားတွေကို သန်စွမ်းစေနိုင်ပါတယ်

ဘတ်စကတ်ဘောကစားတာ၊ စက်ဘီးစီးတာတွေက ကလေးရဲ့ လှုပ်ရှားမှုတွေကိုတိုးတက်ကောင်းမွန်စေပြီး ခန္ဓါကိုယ်ကို ဟန်ချက်ညီစေနိုင်သလို အရိုးတွေနဲ့ ကြွက်သားတွေ သန်စွမ်းစေဖို့အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေတဲ့ အားကစားနည်းတွေကိုပေးဆော့တာက ကလေးရဲ့ လေ့လာသင်ယူမှုအပေါ်မှာပါ အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးလေးတစ်ယောက်အဖြစ်ကြီးထွားဖွံ့ဖြိုးလာစေဖို့ Sport Toysတွေနဲ့ပေးကစားတာမျိုးလုပ်ပေးပါ။

သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တယ်

ကလေးကို Sport Toysတွေနဲ့ပေးကစားတဲ့အခါ ကလေးကို စဉ်းစားချင့်ချိန်နိုင်စွမ်းတိုးတက်စေနိုင်သလိုပြဿနာဖြေရှင်းနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေဖို့အတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ အခက်အခဲတစ်ခုခု ကြုံတဲ့အခါဖြေရှင်းဖို့နည်းလမ်းကို စဉ်းစားမိအောင် အထောက်အပံ့ပေးနိုင်ပါတယ်။ နားလည်လွယ်အောင်ပြောပြရရင် ကလေးကဘောလုံး ကန်ရင်ဖြစ်ဖြစ် ဘတ်စကတ်ဘောကစားရင်ဖြစ်ဖြစ် ဂိုးဝင်အောင် ဘယ်လိုကစားရမယ့်လည်း ဘယ်လောက်အားသုံးပြီးဘောလုံးကို ဂိုးထဲရောက်အောင်လုပ်ရမလဲ၊ပြိုင်ပွဲကို ဘယ်လိုနည်းနဲ့ အနိုင်ရအောင် ကစားရမလဲဆိုတာကိုကောင်းကောင်းနားလည်ထားတာကြောင့်ပြဿနာဖြစ်လာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလေ့ကျင့်ပြီးသားဖြစ်နေတော့တာပါ။

လူမှုဆက်ဆံရေးကောင်းလာမယ်

အားကစားတစ်ခုခုလုပ်တဲ့အခါ တစ်ယောက်တည်း ကစားတာထက် သူငယ်ချင်းတွေ၊မောင်နှမတွေနဲ့ပိုကစားဖြစ်တာကြောင့် ကလေးက အသင်းအဖွဲ့နဲ့ လုပ်တတ်လာပါလိမ့်မယ်။ ရလဒ်ကတော့ ကလေးရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတိုးတက်လာတာပါ။ ကလေးကအခြားအရွယ်တူကလေးတွေနဲ့အဆင်ပြေအောင် ဘယ်လိုကစားရမလဲဆိုတာကို နားလည်လာပါလိမ့်မယ်။ ဒီလိုကနေတဆင့် လူတွေနဲ့ အဆင်ပြေပြေနေနိုင်မယ့် နည်းလမ်းတွေကို သိမြင်လာပြီးဘေဘီလေးကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ အဖြစ်ကြီးပြင်းလာပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာမယ်

Sport Toysတွေနဲ့ကစားတဲ့အခါ ကလေးတွေက တစ်ယောက်တည်း မစားဘဲ အရွယ်တူသူငယ်ချင်းတွေနဲ့ကစားကြမှာ အသေအချာပါ။ ဒီလိုကစားတဲ့အခါ ကိုယ်က ရှုံးတာဖြစ်နိုင်သလို ကိုယ်အနိုင်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလိုကစားတာကြောင့် ကလေးကအောင်မြင်လို့ရရှိတဲ့ပျော်ရွှင်မှုကို ခံစားမိပြီး ပိုကြိုးစားလာနိုင်သလို ရှုံးနိမ့်မှုကိုလည်း ခံနိုင်ရည်ရှိလာပါလိမ့်မယ်။ အရာရာဟာ နိုင်တစ်လှည့် ရှုံးတစ်ခါရှိနိုင်တဲ့ဆိုတဲ့ သဘောတရားကိုနားလည်ပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာပါလိမ့်မယ်။

ဒါကြောင့် သားသားမီးမီးလေးတွေကိုဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ်၊ ကြက်တောင်၊ ဘိုလင်းလိုမျိုး ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေနဲ့ပေးကစားပေးရင်း ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေအဖြစ် ပျိုးထောင်ပေးလိုက်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How playing with toys can benefit your child’s developmenthttps://www.livingandloving.co.za/child/playing-toys-can-benefit-childs-development Accessed Date 30 July 2018

The Benefits of Playtime for Babieshttps://www.parents.com/baby/development/intellectual/the-benefits-of-playtime-for-babies/ Accessed Date 30 July 2018

BENEFITS OF SPORTS EQUIPMENT AND TOYS FOR KIDShttp://www.plan.gs/benefits-of-sports-equipment-and-toys-for-kids/ Accessd Date 30 July 2018

Keeping Kids Safe in Sportshttps://www.webmd.com/fitness-exercise/features/keeping-kids-safe-in-sports#1 Accessed Date 30 July 2018

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရုပ်သေနတ်က သင့်ကလေးစိတ်ကို ကြမ်းတမ်းစေသလား

ဘေဘီလေးတွေ သေးခံလောင်တဲ့အခါ



Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement