ဘေဘီလေးတွေ အော့အန်ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကလေးကအော့အန်နေမယ်ဆိုရင် မိဘတွေအနေနဲ့ အတွေးအမျိုးမျိုးတွေးလို့ စိတ်ပူနေမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။ ကိုယ်ခံစားရတဲ့ဝေဒနာကိုပြောမပြနိုင်သေးတဲ့အရွယ်မို့ သူတို့ရဲ့ အမူအရာလေးတွေကိုကြည့်ပြီး ဆုံးဖြတ်ရတာလည်းတော်တော်လေးခက်ပါတယ်။ ကလေးကအော့အန်နေရင် နေများမကောင်းတာလား၊ အစာများမကြေတာလား၊ မတည့်တာတွေများကျွေးမိလို့များလားဆိုတဲ့လား ပေါင်းများစွာတွေးနေမိကြတယ်နော်။ နို့စို့အရွယ်လေးက အန်နေရင်လည်း အဖျားရှိနေတာလား၊ နို့တွေများ အစာမကြေတာလား၊ ကိုယ်များမတည့်တာစားမိလို့ ကလေးက ဒီလိုအန်နေတာလားဆိုပြီး အတွေးတွေများစွာတွေးမိတယ်မဟုတ်လားမေမေတို့ရေ… ဒီပြဿနာတွေနဲ့စိုးရိမ်မှုတွေကို ဒီဆောင်းပါးလေးကနေတဆင့် ကူညီဖြေရှင်းပေးပါရစေ။

ကလေးငယ်နဲ့အော့အန်ခြင်း

ကလေးငယ်လေးတွေမှာအော့အန်တာက ပုံမှန်ဖြစ်နေကျဖြစ်စဉ်တစ်ခုပါ။ များသောအားဖြင့်ကတော့ ကလေးတွေဟာပြင်းထန်တဲ့ လက္ခဏာတစ်စုံတရာမရှိဘဲနဲ့ကို တစ်ရက်၊ နှစ်ရက်လောက်ဆက်တိုက် အန်တတ်ပါတယ်။

ကလေးတွေဟာမွေးဖွားပြီးချိန်ကနေ ရက်သတ္တပတ်အတွင်း သောက်သုံးလိုက်တဲ့ နို့ရည်တွေကိုကောင်းကောင်းမစီမံနိုင်သေးတာကြောင့် ဒါမှမဟုတ် သူတို့ခန္ဓါကိုယ်ကကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် မကြာခဏဆိုသလိုအော့အန်နေတာပါ။ အစာအိမ်က အစပျိုးချိန်မို့လည်း ကလးကအော့အန်တာပါ။ ကလေးအနေနဲ့ ကားမူးတာ၊လေယာဉ်မူးတာလိုမျိုးဝေဒနာတွေကို ခံစားရချိန်၊ အချိန်ကြာမြင့်စွာ ငိုပြီးချိန်လိုမျိုး အချိန်တွေမှာလည်းအော့အန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကတော့ စိုးရိမ်စရာမရှိတဲ့ အခြေအနေတွေပေါ့။ ကလေးက တစ်နှစ်၊ နှစ်နှစ် အရွယ်မှာ မကြာခဏဆိုသလိုအော့အန်နိုင်ပါတယ်။

ဘယ်လိုအခြေအနေက စိုးရိမ်ရတာလဲ

အပေါ်ကပြောခဲ့တဲ့ အခြေအနေတွေကြောင့် အန်တာဆိုရင်တော့ ကလေးအော့အန်တာက စိုးရိမ်စရာမလိုပေမယ့် အခုအခြေအနေတွေကြောင့်ဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ။

တကယ်လို့ကလေးမှာဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်

  • ရေဓါတ်ခမ်းခြောက်လာမယ် ( ပါးစပ်တွေခြောက်နေမယ်၊ ငိုရင်မျက်ရည်မထွက်တော့ဘူး၊ ဆီးသွားနည်းလာမယ်)
  • အဖျားတက်မယ်
  • နို့မသောက်ဘဲနေမယ်
  • ဆက်တိုက်အန်နေမယ်
  • ကလေးက အိပ်မပျော်ဖြစ်နေမယ်
  • အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်
  • ဗိုက်ကဖောင်းနေမယ်
  • အန်တဲ့အထဲမှာသွေးစလေးတွေ၊ ဒါမှမဟုတ် အစိမ်းရောင်သည်းခြေရည်တွေပါနေမယ်ဆိုရင်
  • စားပြီးတိုင်းပြန်အန်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပေးဖို့လိုပါမယ်။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

ပုံမှန်အော့အန်မှုက ကလေးတိုင်းမှာဖြစ်နေကျဖြစ်ပြီး စိုးရိမ်စရာတော့မရှိပါဘူး။ သိပ်မကြာခင်မှာပြန်ကောင်းသွားတတ်ပါတယ်။ ကလေးက စိုးရိမ်ရတဲ့အခြေအနေတစ်ခုခုကြောင့်အော့အန်နေတာမဟုတ်ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို သုံးပြီး သက်သာအောင်လုပ်ပေးလို့ရပါတယ်။

ကလေးကိုရေဓါတ်ဖြည့်ပေးပါ – ကလေးကအော့အန်ရတာကြောင့် ကိုယ်တွင်းကရေဓါတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုဖြည့်တင်းပေးဖို့အတွက် ကလေးကိုရေဓါတ်ဖြည့်ပေးပါ။ နို့စို့အရွယ်ဆိုရင်တော့ နို့များများတိုက်ပေးပါ။

ကလေးကို မတ်မတ်လေးထားပေးပါ – ကလေးကို နို့စို့ပြီးရင်ဖြစ်ဖြစ်၊ အစားစားပြီးရင်ဖြစ်ဖြစ် နာရီဝက်လောက် ခပ်မတ်မတ်လေးထားပေးပါ။

သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ – ကလေးကို အစားစားပြီးချိန်၊နို့စို့ပြီးချိန်တွေမှာ ဗိုက်ကိုဖိမိတဲ့အနေအထားမျိုးမဖြစ်ပါစေနဲ့။ သက်တောင့်သက်သာ အနေအထားမျိုးမှာထားပေးပါ။

လေထုတ်ပေးပါ – ကလေးငယ်လေးတွေမှာတော့ နို့စို့ပြီးချိန်မှာပဲဖြစ်ဖြစ်၊ အစားတစ်ခုခုစားပြီးချိန်မှာပဲဖြစ်ဖြစ် ပုံမှန်လေထုတ်ပေးရပါတယ်။ ဒါမှ ကလေးကစားပြီးတဲ့ အစာတွေကိုပြန်မအန်မှာဖြစ်ပါတယ်။

ကလေးကိုပုံမှန်အတိုင်း အစားကျွေးပေးပါ – ကလေးက ဆက်တိုက်အန်နေတာမျိုးမဟုတ်ဘူးဆိုရင် ပုံမှန်ကျွေးနေကျအတိုင်းပဲ အစားအစာတွေကိုကျွေးမွေးပေးပါ။ကျွေးတဲ့အစားအစာတွေက အစာကြေလွယ်ဖို့နဲ့ရေဓါတ်ပါဝင်မှုများဖို့ကို အထူးသတိပြုရပါမယ်။

အနားယူခိုင်းပါအိပ်စက်မှုက ကလေးကိုအော့အန်မှုကနေ သက်သာစေမှာပါ။ ဒါကြောင့် ကလေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့လုပ်ပေးပါ။ အနားယူတာက ကလေးကို အားပြည့်စေနိုင်သလိုအော့အန်တာကိုလည်း သက်သာစေဖို့ အထောက်အကူပြုနိုင်မှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း (၅) သွယ်

မေမေတွေရဲ့နေ့စဉ် ဆုတောင်းမှုတွေထဲက တစ်ခုက သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာဖို့ဟုတ်။ဒီဆန္ဒကို ကိုယ်တိုင်အကောင်အထည်ဖော်လိုက်စို့လား မေမေ..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးက တိတ်တိတ်လေး သွေးအားနည်းနေနိုင်တာကို မေမေတို့ သတိထားမိရဲ့လား

မေမေတို့ ဂရုစိုက်နေတဲ့ ကြားကနေ ကလေးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကို မေမေတို့ ဘယ်လိုသိနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ်

စိတ်ရောကိုယ်ပါကျန်းမာမှပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။   စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကိုမေ့ထားလို့မဖြစ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

အစားလျှော့ပြီး ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာများလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ တားဆီးနေတာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 2 mins read