ကလေးကို ကလိထိုးသင့်ရဲ့လား…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ဘေဘီလေးကို ချစ်လို့ ခိုးခိုးခစ်ခစ်ရယ်တဲ့ အသံလေးကို ချစ်လိုက်တာဆိုပြီး ကျီးဖြူကျီးမဲ ဆော့ရင်း ကလိထိုးနေမိလား…….. မေမေဖေဖေတို့ရေ။ ဒါဆိုရင်တော့ ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ရယ်တာလား……. ဘာကြောင့် ရယ်တာလဲ ဆိုတာကို သေသေချာချာသိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ကလိထိုးတဲ့အခါ ဘေဘီလေးက ရယ်တာ ပျော်လို့လား………….

ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ မဟုတ်ပါဘူး။ ကလိထိုးလို့ ကသိကအောင့် ဖြစ်နေတာကို ရပ်ပါလို့ ပြောရခက်နေတာကြောင့်ပါ။

ကလိထိုးလို့ ကသိကအောင့် ဖြစ်တယ်ဆိုရင် ကလေးက ဘာလို့ မငိုတာလဲလို့ မေးစရာရှိနေနိုင်ပါတယ်။ ကလိထိုးတဲ့အခါ ရယ်တာက အလိုလျောက်ဖြစ်လာတဲ့ တုံ့ပြန်မှု တစ်ရပ်ပါ။ ကလေးကတော့ ကလိထိုး မရပ်သရွေ့ ရယ်နေမှာပါပဲ။ ဒါကြောင့် ကလေးက ရယ်တယ်ဆိုပြီး တောက်လျောက် ကလိထိုး မနေဖို့ ပြောချင်ပါတယ်။

ကိုယ်တိုင် ကြုံဖူးမယ် ထင်ပါတယ်။ ကလိထိုးတာကို အကြာကြီး ဖြစ်နေမယ်ဆိုရင် ရယ်ရင်း အရမ်း ပင်ပန်းလာတာမျိုးတွေလေ။ ကလေးတွေဆိုရင် လူကြီးတွေထက်တောင် ခံနိုင်ရည် နည်းပါဦးမယ်။ ကလေးက ကြောက်လန့်ရင်း ရယ်ရတဲ့အခါ စိတ်ရော ကိုယ်ပါ ပင်ပန်းပါတယ်။ ဒါကြောင့် ကလေးကို ရယ်တာပဲဆိုပြီး ကလိ မထိုးစေချင်ပါဘူး။ ကလိထိုးတဲ့အခါ ကလေး ပျော်လို့ ရယ်နေတာ မဟုတ်ဘဲ အလိုလျောက် တုံ့ပြန်နေတာသာ ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

မိဘတွေ သားသမီးကို ဘာကြောင့် ကလိထိုးကြတာလဲ…………

မိဘတွေက ဘေဘီလေးတွေကို ချစ်ကြသလို ဘေဘီလေးတွေနဲ့ ရင်းနှီးပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီတော့ ရယ်မောပျော်ရွှင်စေတာက နည်းလမ်းကောင်း တစ်ခုလို့ ယူဆပြီး ကလေးကို ကလိထိုးတာ၊ စနောက်တာတွေကို လုပ်ကြပါတယ်။

တကယ်တော့ သားသားမီးမီးတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့က ကလိထိုးတာ မဟုတ်ဘဲ စာအတူတူ ဖတ်တာ၊ အတူတူ ဈေးဝယ်ထွက်တာ၊ လေ့ကျင့်ခန်း အတူတူလုပ်တာ၊ အတူတူ ချက်ပြုတ်ပြင်ဆင်တာတွေ လုပ်လို့ ရပါတယ်။

သီချင်းအတူတူဖွင့်ပြီး အတူတူလိုက်ဆိုတာ ကခုန်တာကလည်း မိဘနဲ့သားသမီးကြားမှာ ချစ်ခြင်းမေတ္တာ တိုးစေနိုင်ပါတယ်။ ကလိထိုးမယ့်အစား ကလေးနဲ့ တူဝါးဆော့တာ၊ What time is it Mr. Wolf လိုမျိုး ကစားနည်းတွေ ဆော့ပေးလို့ရပါတယ်။

ကလိထိုးတာကြောင့် ဘေဘီလေးမှာ ဘာထိခိုက်နိုင်လို့လဲ

ဘေဘီလေးနဲ့ မိဘကြားမှာ ချစ်ခြင်းမေတ္တာ တိုးချင်တယ်ဆိုရင် ကလိမထိုးဘဲ ချစ်တယ်ဆိုတာကို နှုတ်ကနေပဲ ပြောလိုက်ပါ။ ကလေးကို ခါးနားကို ကလိထိုးတာ၊ ချိုင်းကြားကိုကလိထိုးတာ၊  ခြေဖဝါးကို ကလိထိုးတာတွေက အသေးစား ညှင်းပန်းနှိပ်စက်မှုပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကလေးကို ကလိထိုးတာက

ဒါကြောင့် ဖွံ့ဖြိုးဖို့ စိတ်ရောကိုယ်ပါ အရှိန်ယူနေတဲ့ ဘေဘီလေးကို ကိုယ့်လက်နဲ့မနှိပ်စက်မိစေဖို့ ကလိမထိုးကြဖို့ ပြောပါရစေ။ ကလိထိုးတာက ကလေးကို ပျော်ရွှင်မှု မပေးနိုင်ဘဲ စိတ်ရောကိုယ်ပါ ပင်ပန်းစေနိုင်တယ်ဆိုတာကိုသတိထားစေချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

Gym လေ့ကျင့်ခန်း Zumba ကိုယ်အလေးချိန် ကြွက်သားတွေ နှလုံးကျန်းမာရေး ခန္ဓာကိုယ်ရဲ့ အနေအထား သွေးတိုး ကျန်းမာတဲ့ နေထိုင်မှု ပုံစံ အသက်ရှူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေး ဆံပင်ရိတ်ပေးရင် ကတုံးတုံး ကျန်းမာရေး မေမေဖေဖေ ဆံပင်ပါး အာဟာရ ဘေဘီလေး ခန္ဓာကိုယ်အပူချိန် ကလေး ကျန်းမာရေး ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား

ကီတို Diet ဝိတ်ချ ကိုယ်အလေးချိန် အစားအသောက် အဆီ ကြွက်သား လေ့ကျင့်ခန်း အသီအရွက် သကြား အချို အငန် အရသာ အစာမကြေ ဝမ်းပျက်ဝမ်းလျှော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

ကီတိုDiet ကျန်းမာရေးကောင်းကျိုး ကိုယ်အလေးချိန် ဝိတ်ကျ ကစီဓာတ် အသားဓာတ် အဆီဓာတ် အစားအစာ ကြက်ဥ အစာအာဟာရ ဟင်းသီးဟင်းရွက် လေ့ကျင့်ခန်း ဆီးချို သကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 3 ဖတ်ရန် ကြာချိန်