backup og meta

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ အသိများကြမယ်ထင်ပါတယ်။ အအေးမိတာဖျားနာတာ ကင်းဖို့ဆိုရင် ဗီတာမင် C များများကျွေးပေးလေဆိုတာကကြားနေကျ စကားလေး တစ်ခွန်းပါ။ ဘာလို့ ကလေးကျန်းမာဖို့ ဗီတာမင် C များမျာကျွေးလို့ ပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C ဆိုတာ ဘာလဲ………

ဗီတာမင် C က ascorbic acid ပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ ဘယ်ရီသီးအာလူး၊ ငရုတ်ပွ စတာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် တစ်မျိုးပေါ့။

ဗီတာမင် C က ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ………..

ဗီတာမင် C က ဘေဘီလေးကို

ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ ကိုယ်ခံအားကိုအကောင်းဆုံး အားဖြည့်ပေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးပါတယ်။

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဘေဘီလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပြည့်ဝစွာ ပါဝင်စေဖို့ အလွယ်ကူဆုံး ပြင်ဆင်ပေးလို့ ရမယ့် အစားအစာလေးတွေကတော့

ကလေးက အချိုကြိုက်တယ်၊ အချိုရည်တွေ သောက်မယ်ဆိုတဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ ဒီတော့ အလွယ်ကူဆုံးလည်း ဖြစ်မယ်။ ဗီတာမင် C လည်း ကြွယ်ဝဖို့ဆိုရင် ကလေးကို လိမ္မော်သီးလေးတွကို အမွှာလိုက်လေးတွေ ခွာထုတ်ထားတဲ့ အသီးဖတ်လေးတွေနဲ့ လိမ္မော်သီး ဖျော်ရည်လေး ဖျော်ပေးတာပါ။ အလုံးလိုက် အစေ့ထုတ်ပြီးလည်း ကျွေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်းကို ထောပတ်နဲ့ ကြက်သွန်ဖြူ ကြိတ်ထားတာလေး သုတ်ပေးပြီး မီးအေးအေးလေးမှာ ကင်ကျွေးတာကလည်း ကလေးကို ဗီတာမင် C ပြည့်ဝစေပြီး ခံတွင်းတွေ့စေမှာပါ။ လွယ်လွယ်ကူကူ ပေါင်းပြီး ဆီလေးစမ်းကျွေးလည်း ရပါတယ်။

စတော်ဘယ်ရီသီးကို နွားနို့လေးနဲ့ ခေါက်ပြီး ဖျော်ရည်လုပ်တိုက်တာကလည်း လွယ်ကူရိုးစင်းပြီး ကလေးကို ဗီတာမင် C ပြည့်ဝစေမယ့် နည်းလမ်းကောင်းပါ။

ပြုတ်ထားတဲ့ ကြက်သားလေးတွေကို ခပ်သေးသေးလေး တုံးပြီး ပြုတ်ထားတဲ့ အာလူးလေးကို ကြိတ်ခြေလို့ ရောနယ်ပြီး အရွယ်တော်လေးတွေ ကြော်ပေးတာက ကလေးကို အကြိုက်တွေ့စေမယ့် ဗီတာမင် C ကြွယ်ဝတဲ့ စားစရာတစ်ခုပေါ့။

ကလေးအများစု စကားသင်စမှာတင် ပြောတတ်တဲ့ apple ပန်းသီးလေးက ရင်သွေးလေးအတွက် ဗီတာမင် C ပြည့်ဝစေမယ့် အစားအစာတစ်မျိုးပါ။ ပန်းသီးလေးကို ရေစင်အောင်ဆေးပြီး အရွယ်တော်လေးတွေ တုံးပေးလို့ ပြင်ဆင်ပေးလို့ ရပါသေးတယ်။

မေမေ့ ရင်သွေးလေး ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ဆိုရင် အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါတွေက ကလေးတွေလည်း အကြိုက်တွေ့မှာဖြစ်ပြီး လုပ်ပေးရတာလည်း လွယ်ကူပါတယ်။

ဒါ​ကြောင့် ဘေဘီလေးကို ရောဂါမျိုးစုံက ကာကွယ်ပေးဖို့  ဗီတာမင် C ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tasty ways to dose up on Vitamin C https://www.kidspot.com.au/kitchen/galleries/family-recipes-extra-dose-vitamin-c/xwri0t6n Accessed Date 14 December 2020

3 Vitamin C-rich foods that kids will love https://www.gmanetwork.com/news/lifestyle/familyandrelationships/593484/3-vitamin-c-rich-foods-that-kids-will-love/story/ Accessed Date 14 December 2020

ယခုပုံစံ

12/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ