backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်ဆိုတာက ကလေးအရွယ်ကနေ သက်လတ်ပိုင်းအရွယ်ကို ကူးပြောင်းတဲ့ အချိန်ကာလတစ်ခုပါ။ မိဘတွေကို မှီခိုနေတဲ့ အနေအထားကနေ အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးတဲ့ အခြေအနေကို ပြောင်းလဲလာတဲ့ အနေအထားတစ်ရပ်ပါ။ ဒီ ဆယ်ကျော်သက်အရွယ် ဆိုတာက အသက် ၁၀ နှစ် ကနေ အသက် ၂၀ အစောပိုင်း ကာလအတွင်းပါ။ ဒီကာလမှာ ကလေးတွေအနေနနဲ့ အပြောင်းအလဲ များစွာကို ​ကြုံတွေ့ရတဲ့ အခြေအနေပါ။

ဆယ်ကျော်သက်အရွယ် မှာ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာရော အသိဉာဏ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာသလို စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာပါတယ်။ ဒီကာလမှာ ကလေးတွေနဲ့ မိဘတွေအတွက် အထောက်အကူပြုစေမယ့် အကြောင်းအရာလေးတွေကို ဆောင်းပါးထဲမှာ ဖော်ပြပေးထားပါတယ်။

ဆယ်ကျော်သက် ဆိုတာ

ဆယ်ကျော်သက်ဆိုတာက အပေါ်မှာ ပြောခဲ့သလို ကလေးလေး အဖြစ်ကနေ လူကြီးလေးအဖြစ် ပြောင်းလဲလာတဲ့ ဖြစ်စဉ် ဖြစ်ပေါ်တဲ့ အသက်အပိုင်းအခြားပါ။ ဆယ်ကျော်သက်အရွယ်မှာ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်​ဖြစ် ဒီကာလမှာ မတူတဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို ရင်ဆိုင်ရမှာပါ။

လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာမျိုးတွေပါ။ ဒီဘက်ခေတ်မှာ လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာက အရင်ကထက် ပိုစောလာပါတယ။

ဆယ်ကျော်သက်အရွယ် မှာ ကြုံတွေ့ရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

ဆယ်ကျော်သက်အရွယ် မှာ ကြုံတွေ့ရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက အဓိကအားဖြင့် ၃ ချက်ရှိနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ် မှာ ကြုံတွေ့ရနိုင်တဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

ဆယ်ကျော်သက်အရွယ်မှာ တွေးခေါ်ပုံတွေက ကလေးတုန်းကနဲ့မတူဘဲ ပြောင်းလဲမှုတွေ အများကြီး ရှိလာနိုင်ပါတယ်။  ကလေးတုန်းကထက် တွေးခေါ်နိုင်စွမ်း မြင့်လာမယ်။ နည်းစနစ်တကျ တွေးခေါ်တတ်လာမယ်။ အမှား၊ အမှန် ခွဲခြားနိုင်စွမ်းတွေ ပိုကောင်းလာမယ်။

ဖြစ်တန်စွမ်းတွေကို သေချာ သိရှိလာမယ်။ တွေးခေါ်ပုံတွေက ပိုအသေးစိတ်ပြီး ပိုမိုကောင်းမွန်တဲ့ စိတ်ကူးတွေ ရှိလာမှာပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

ဆယ်ကျော်သက်အရွယ်မှာ လူမှုဆက်ဆံရေး ပိုကောင်းလာသလို စိတ်ခံစားမှုပိုင်းကလည်း ပိုတိုးလာပါတယ်။ လွတ်လပ်မှုကို ပိုခုံမင်လာမှာဖြစ်သလို ကိုယ့်အားကိုယ်ကိုးလိုစိတ် ပိုများလာပါတယ်။

မိဘတွေဘက်က ဘယ်လို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးမလဲ

မိဘတွေဘက်က ဘယ်လို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးမလဲ

သားသမီးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ကလေးဘက်ကရော မိဘဘက်ကပါ နားလည်မှုရှိမှ မိဘနဲ့ ကလေးကြာားက မလိုလားအပ်တဲ့ ရန်ပွ​ြတွေကို ကျော်လွှားနိုင်မှာပါ။ ဒီကာလမှာ ကလေးအရွယ်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။

ဆယ်ကျော်သက်အရွယ်မှာ အကောင်းဆုံး ပျိုးထောင်နိုင်မှုက ကလေးကို လူမှုပေါင်းသင်းဆက်ဆံရေးရော ဉာဏ်ရည်ဉာဏ်သွေးပါ ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။

  • ကလေးက ပြောပြလာတာတွေကို သေချာ ဂရုတစိုက် နားထောင်ပေးပါ။ ကလေးက စကားပြောတဲ့အချိန်မှာ အခြား အလုပ်တွေ လုပ်ရန်း နားထောင်တာမျိုး မလုပ်ပါနဲ့။ ဥပမာ တီဗွီကြည့်နေတာ၊ သတင်းစာ ဖတ်နေတာ၊ လုပ်စရာ ကိစ္စတွေကို လုပ်ဆောင်နေရင်း နားထောင်တာမျိုး မလုပ်ပါနဲ့။
  • ကလေးပြောချင်တဲ့အချက်ကို သေချာသိစေဖို့ အားရုံစိုက် နားထောင်ပေးပါ။
  • ကလေးကို သံသယဖြစ်တဲ့ လေသံမျိုး၊ မေးခွန်းထုတ်တဲ့ လေသံမျိုးနဲ့ မမေးပါနဲ့။ ရင်းရင်းနှီးနှီးပြောဆိုပါ။
  • ကလေးရဲက ခံစားချက်ကို နားလည်ပေးပါ။ အပြုအမူကို ကြည့်ပြီး ဆုံးဖြတ်တာမျိုး၊ မသင်္ကာသလို စောင့်ကြည့်တာမျိုး မလုပ်ပါနဲ့။
  • ကလေးကို ချစ်ကြောင်း ယုံကြည်မှု ရှိကြောင်း ပြသပးပါ။
  • အပြန်အလှန် နားလည်မှု တည်ဆောက်ပါ။
  • ကလေးရဲ့ ကောင်းမွန်တဲ့ အရာများအတွက်  စိတ်အားထက်သန်မှုတိုင်းကို အားပေးပါ။
  • ကလေးအနေနဲ့ ကြုံတွေ့နေရတဲ့ ဆယ်ကျော်သက်ကာလ စိန်ခေါ်မှုတွေကို အတူကျော်လွှားဖို့ အသင့်ရှိနေပေးပါ။

ဆယ်ကျော်သက်တွေကရော ဘာတွေ လိုက်နာဖို့ လိုမလဲ

ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်လွှားဖို့ဆိုရင် ဆယ်ကျော်သက်တွေအနေနဲ့လည်း အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

  • မိဘတွေကိုရန်သူတွေလို့ မမြင်ပါနဲ့။ မိဘတွေက အချစ်နိုင်ဆုံး သူတွေဖြစ်ပြီး ကိုယ့်ကို လမ်းမှန်ရောက်အောင် သွန်သင်ပေးခဲ့တဲ့သူတွေ အမြဲသွန်သင်ပေးနေမယ့် သူတွေဆိုတာကို သတိရပါ။
  • မိဘတွေကို ချစ်​ကြောင်း ပြသဖို့ မမေ့ပါနဲ့။
  • မိဘတွေမှာ ခံစားနေရတဲ့ စိတ်မလုံခြုံမှုတွေ၊ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို နားလည်ပေးပါ။
  • မိဘတွေနဲ့ ခံစားချက်တွေကို မျှဝေပါ။
  • မိဘတွေက ပြောပြ သင်ပြလာတာကို စိတ်အရှင်းဆုံး ထားပြီး နားထောင်ပါ။
  • ကိုယ်နိုင်တဲ့တာဝန်တွေကို ကိုယ်တိုင် လုပ်ဆောင်ပါ။
  • မိဘတွေနဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး တစ်ရပ် ရှိပါစေ။
  • Takeaways

    ဆယ်ကျော်သက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ဆယ်ကျော်သက် ကာလကို ကျော်ဖြတ်ခဲ့ဖူးတဲ့ မိဘတွေရဲ့ လမ်းညွှန်ပဲ့ပြင်မှုနဲ့ ဆယ်ကျော်သက် ကာလမှာ ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement