backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကလေးကျန်းမာရေး အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်ကြည့်ပေးရမယ့် အရာပါ။

ကလေးကျန်းမာရေး က ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု အပေါ် သက်ရောက်နေသလို ကလေးတစ်ယောက် ကျန်းမာကြံ့ခိုင်သူ တစ်ယောက် အနေနဲ့ အရွယ်ရောက်လာစေဖို့ အများကြီး အထောက်အကူ ပြုပေးနိုင်ပါတယ်။

ကလေးအရွယ်မှာ ကျန်းမာအောင် ဂရုစိုက် စောင့်ရှောက်ပေးတာက ကလေးကို ကျန်းမာသန်စွမ်းစွာနဲ့ အရွယ်ရောက်လာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ဒါကြောင့် သားသားမီးမီးလေးတွေကို ကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်လာစေချင်တယ်ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ လိုပါမယ်။

ကလေးကျန်းမာရေး လို့ ဆိုရာဝယ်

ကလေးကျန်းမာရေး လို့ ဆိုရာဝယ်

ကလေးကျန်းမာရေးလို့ ဆိုတဲ့နေရာမှာ မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့

ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုတာက မွေးဖွား မလာခင် မိခင်ဝမ်းထဲမှာ သန္ဓေတည်ကတည်းက စတင်ခဲ့တာပါ။ ဒီဖွံ့ဖြိုးမှုက သန္ဓေတည်ချိန်ကနေစပြီး မမွေးဖွားခင်အထိ မေမေတစ်ယောက်အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝ ခံယူရပါတယ်။ အာဟာရ ပြည့်ဝအောင် စားသောာက်မှုနဲ့အတူ နေထိုင်သွားလာမှုကအစ ဂရုစိုက်ရတာပါ။

ဒါတင် မကသေးပါဘူး။ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့အတွက် မေမေ့အနေနဲ့ လိုအပ်မယ့် ကာကွယ်ဆေးတွေကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးနှံရပါသေးတယ်။

ဘေဘီလေးကို မွေးဖွားလာပြီဆိုရင်လည်း မွေးကင်းစ ကလေးငယ်ကို စောင့်ရှောက်တာကစလို့ မိခင်နို့တိုက်ကျွေးတာကအစ အိပ်စက်မှုကအဆုံး အားလုံးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ပြီးရင် ထပ်ဂရုစိုက်ရမှာက မွေးကင်းစ ကလေးကို လုပ်ပေးရမယ့် screening testတွေကို လုပ်ပေးဖို့ပါ။ ဘေဘီလေး အရွယ်ကတည်းက ရောဂါတွေက ဝင်ရောက်နိုင်တာကိုး။

ဘေဘီလေးကို ငယ်စ​ဉ်ကတည်းက လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုသလို ကာကွယ်ဆေးထိုးနှံတာတွေကိုလည်း အသက်အရွယ်အလိုက် သေချာလေး ဂရုတစိုက် ထိုးဖို့ လိုအပ်ပါမယ်။ ဘေဘီလေးကို အသက်အရွယ်အလိုက် ထိုးနှံပေးရမယ့် ကာကွယ်ဆေးတွေကို ဒီလင့်ခ်လေးမှာ # https://wp.hellosayarwon.com/vaccination-tool/ ကြည့်ရှု့လို့ ရပါတယ်။

ဒီလိုကနေ ဘေဘီလေးက အသက် ၆ လလောက်ရောက်လာပြီဆိုရင် ကလေးကို ရေတိုက်တာကအစ solid food ကျွေးတာ အပါအဝင် နောက်ဖေးသွားတဲ့ အလေ့အထကိုပါ သေချာ ဂရုစိုက် လေ့ကျင့်ပေးရပါမယ်။ နောက်ထပ် ဂရုစိုက်ပေးရမှာက ဘေဘီလေးရဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးပါ။

 ကလေးတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာများ

ကလေးက ကျန်းမာတယ်ဆိုရင်တောင်မှ အခန့်မသင့်ရင် ဖျားနာတာမျိုး ရှိနိုင်ပါတယ်။ ကလေးအရွယ်မှာ ဖြစ်တတ်တဲ့ နာမကျန်းမှုတွေက အလုံးစုံ ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ အချို့သော နာမကျန်းဖြစ်မှုတွေက ကာကွယ်လို့ရပါတယ်။

ကလေးအရွယ်မှာ နားပိုးဝင်ကူးစက်တာ၊ အာသီးရောင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေက ရှောင်လွှဲလို့ မရနိုင်ပေမယ့် အချို့သော ရောဂါဆိုးတွေက ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရပါတယ်။

နောက်ထပ် ကလေးတွေမှာ အဖြစ်များတဲ့ သွားပိုးစားတဲ့ ပြဿနာကိုလည်း သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်တာ သွားဆရာဝန်နဲ့ ပြသပေးတာတွေ လုပ်ပြီး ကာကွယ်လို့ ရပါတယ်။

ကလေးက မွေးရာပါ ကျန်းမာရေး ပြဿနာတွေ ပါလာမယ်ဆိုရင်တော့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း သေချာ လိုက်နာပြီး ဂရုစိုက်စောင့်ရှောက်ဖို့ လိုပါမယ်။

ကလေးတွေမှာ ဖြစ်နိုင်တဲ့ ထိခိုက်ဒဏ်ရာတွေ

ကလေးတွေမှာ ဖြစ်လာနိုင်တဲ့ မွေးရာပါ ကျန်းမာရေးပြဿနာတွေနဲ့ နာမကျန်းဖြစ်မှုတွေကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ကလေးတွေကို မတော်တဆထိခိုက်ဒဏ်ရာရမှုတွေ၊ ပြတ်ရှတာ၊ အပူလောင်တာနဲ့ မတော်တဆ အဆိပ်သင့်မှုတွေကနေတော့ ကာကွယ်ပေးလို့ ရပါတယ်။

ကလေးကို ထိခိုက်မိစေနိုင်တဲ့ အရာတွေနဲ့ ခပ်ဝေးဝေးထားတာ၊ ဘေးကင်းလုံခြုံရေးကို သေချာ ဂရုစိုက်တာတွေကို လုပ်ပေးလို့ ရပါတယ်။ ကလေးရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ဘေးကင်းစိတ်ချရအောင် လုပ်ဆောင်ပေးတာမျိုးတွေ လုပ်ပေးရင်း ကလေးကို မတော်တဆ ထိခိုက်မှုတွေကနေ ကာကွယ်ပေးလို့ ရပါတယ်။ ကလေးကို အမြဲမပြတ် စောင့်ကြည့်နေဖို့လည်း လိုပါမယ်။

ကလေးအတွက် အာဟာရ

ကလေးအတွက် အာဟာရ

ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စွာနဲ့ ကြီးပြင်းလာဖို့က အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် မိခင်နို့ တိုက်ကျွေးချိန်မှာ မေမေက အာဟာရ ပြည့်ဝအောင် စားသောက်ဖို့ လိုအပ်သလို ကလေးက အစားစစားနိုင်တဲ့ အရွယ်ကို ရောက်လာချိန်မှာ လုံလောက်တဲ့ အာဟာရ ပြည့်ဝမျှတစွာ ရရှိစေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

ဒါကြောင့် ကလေးက အစားစစားပြီဆိုတဲ့ အရွယ်မှာ အိမ်မှာ ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တဲ့ အစားအစာတွေကို သေချာလေး ကျွေးမွေးဖို့ လိုပါမယ်။ ဒါမှ ကလေးက ခန္ဓာကိုယ် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ဦးနှောက်နဲ့ ဉာဏ်ရည်လည်း ဖွံ့ဖြိုးမှာပါ။

အာဟာရ ပြည့်ဝမှုက ကိုယ်ခံအားကို ကောင်းစေပြီး ရောဂါကင်းစင်လို့ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေမှာပါ။

ကလေးတစ်ယောက် ကျန်းမာစေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာက အရေးကြီးပါတယ်။ မေမေတို့အနေနဲ့ ဒီအချက်တွေအပြင် အခြား ဂရုစိုက်ပေးရမယ့် အချက်က ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ။

ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အပြုအမူပိုင်းအပေါ် သက်ရောက်နိုင်မယ့် အပြုအမူတွေ၊ ရုပ်ရှင်တွေကို မကြည့်မိစေဖို့ ဂရုစိုက်ပေးဖို့ လိုပါမယ်။ ကလေးကို ငယ်စဉ်ကတည်းက အကြောက်တရားဖြစ်စေမယ့်အရာတွေကို ပြောပြီး ကြောက်အောင် ခြောက်တာမျိုး မလုပ်ဖို့ လိုသလို မိဘတွေကိုယ်တိုင်က ကလေးရှေ့မှာ အော်ငေါက်တာ၊ ရန်ဖြစ်တာ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေကို မလုပ်မိဖို့လည်း လိုပါမယ်။

ဗီဒီယိုဂိမ်း ဆော့တဲ့အရွယ် ရောက်လာပြီ ဆိုရင်လည်း ကြမ်းတမ်းတဲ့ ဂိမ်းမျိုးတွေ မဆော့စေဖို့ ဂရုစိုက်ဖို့ လိုပါမယ်။

Takeaways

ကလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ စိတ်ခံစားမှုပိုင်းနဲ့ အပြုအမူပိုင်းဆိုင်ရာကိုပါ သေချာ ဂရုစိုက်ဖို့ လိုမယ့်အပြင် မိဘတွေ ကိုယ်တိုင်ကလည်း ကလေးရဲ့ နမူနာကောင်းများ ဖြစ်အောင် နေထိုင်ဖို့ လိုပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement